ခရစ္စတီယာနိုရော်နယ်ဒိုကို ဆော်ဒီက ပေါင် ၂၁၄ သန်းဖြင့် ကြီးမားတဲ့ စာချုပ်ကမ်းလှမ်းထား

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ခရစ္စတီယာနိုရော်နယ်ဒိုဟာဆော်ဒီသို့သာပြောင်းရွှေ့ကစားမည်ဆိုပါကပေါင်သန်းနှစ်ရာကျော်ရရှိလာတော့မှာဖြစ်ပါတယ်။

ပေါ်တူဂီသတင်းစာ CNN Portugal ရဲ့ဖော်ပြချက်အရ အရှေ့အလယ်ပိုင်း အခြေစိုက်အမည်ဖော်ပြထားခြင်းမရှိတဲ့ကလပ်တစ်ခုဟာခရစ္စတီယာနိုရော်နယ်ဒိုကိုပြောင်းရွှေ့ကြေး ယူရိုသန်း၃၀ ဖြင့်ကမ်းလှမ်းမှုပြုလုပ်လာမှာ ဖြစ်ကြောင်းသိရပါတယ်။အဆိုပါပြောင်းရွှေ့ကြေးပမာဏမှာယူနိုက်တက်က ခရစ္စတီယာနိုရော်နယ်ဒိုကိုအိုးထရက်ဖို့ဒ်သို့ပြန်လည်ခေါ်ဆောင်စဉ်ကဂျူဗင်တပ်ကိုပေးခဲ့ရတဲ့ပမာဏထက်မြင့်မားပါတယ်။

တကယ်လို့များရော်နယ်ဒိုကသာအပြေင်းအရွှေ့ကိုလက်ခံလိုက်မည်ဆိုပါက တစ်နှစ်လုပ်ခပေါင်၁၀၅သန်းအထိရရှိလာပါမယ်။ဆော်ဒီကလပ်ဟာခရစ္စတီယာနိုရော်နယ်ဒိုကို၂နှစ်စာချုပ်ကမ်းလှမ်းလာမည်ဖြစ်ရာစုစုပေါင်းလုပ်ခပေါင်သန်း၂၁၀အထိရရှိလာပါမယ်။

ဒါ့အပြင်အဆိုပါကလပ်ဟာအပြောင်းအရွှေ့ဖြစ်မြောက်လာမည်ဆိုပါကအေးဂျင့်ခပေါင်သန်း၂၀အထိပေးသွားဦးမှာလည်းဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယခုလအစောပိုင်းတုန်းကယူနိုက်တက်ထံအသင်းပြောင်းခွင့်တောင်းဆိုခဲ့ပြီးသင့်တော်တဲ့ကမ်းလှမ်းမှုရရှိလာလျှင်လက်ခံရန်အကြောင်းကြားခဲ့ပါတယ်။

သူဟာအသင်းပြောင်းခွင့်တောင်းဆိုပြီးနောက်ယူနိုက်တက်ရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့်ပူးပေါင်းခြင်းမရှိသလို ရာသီကြိုခြေစမ်းပွဲတွင်လည်းပါဝင်ခြင်းမရှိပါဘူး။

ဒါပေမဲ့ဘန်ကောက်သို့ ရောက်ရှိနေစဉ်အတွင်းအဲရစ်တန်ဟက်ကမူ ခရစ္စတီယာနိုရော်နယ်ဒိုမှာယူနိုက်တက်ရဲ့လာမယ့်ရာသီစီမံကိန်းတွင်ပါဝင်နေဆဲဖြစ်ပြီးရောင်းချသွားမည်မဟုတ်ကြောင်းပြောကြားထားပါတယ်။

ဒတ်ချ်လူမျိုးနည်းပြက “လာမယ့်ရာသီအတွက်ခရစ္စတီယာနိုနဲ့စီစဉ်ထားပါတယ်။ကျွန်တော်ကလည်းသူနဲ့တွဲပြီးအလုပ်လုပ်ချင်ပါတယ်။သတင်းတွေဖတ်ရပါတယ်။ဒါပေမဲ့ခရစ္စတီယာနိုက ရောင်းဖို့မဟုတ်ပါဘူး။သူကကျွန်တော်တို့ရဲ့အစီအစဉ်တွေမှာပါဝင်ပါတယ်။သူနဲ့အတူတကွဲအောင်မြင်မှုရယူချင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ခရစၥတီယာႏိုေရာ္နယ္ဒိုကို ေဆာ္ဒီက ေပါင္ ၂၁၄ သန္းျဖင့္ ႀကီးမားတဲ့ စာခ်ဳပ္ကမ္းလွမ္းထား

မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေဆာ္ဒီသို႔သာေျပာင္းေ႐ႊ႕ကစားမည္ဆိုပါကေပါင္သန္းႏွစ္ရာေက်ာ္ရရွိလာေတာ့မွာျဖစ္ပါတယ္။

ေပၚတူဂီသတင္းစာ CNN Portugal ရဲ႕ေဖာ္ျပခ်က္အရ အေရွ႕အလယ္ပိုင္း အေျခစိုက္အမည္ေဖာ္ျပထားျခင္းမရွိတဲ့ကလပ္တစ္ခုဟာခရစၥတီယာႏိုေရာ္နယ္ဒိုကိုေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း၃၀ ျဖင့္ကမ္းလွမ္းမႈျပဳလုပ္လာမွာ ျဖစ္ေၾကာင္းသိရပါတယ္။အဆိုပါေျပာင္းေ႐ႊ႕ေၾကးပမာဏမွာယူႏိုက္တက္က ခရစၥတီယာႏိုေရာ္နယ္ဒိုကိုအိုးထရက္ဖို႔ဒ္သို႔ျပန္လည္ေခၚေဆာင္စဥ္ကဂ်ဴဗင္တပ္ကိုေပးခဲ့ရတဲ့ပမာဏထက္ျမင့္မားပါတယ္။

တကယ္လို႔မ်ားေရာ္နယ္ဒိုကသာအေျပင္းအေ႐ႊ႕ကိုလက္ခံလိုက္မည္ဆိုပါက တစ္ႏွစ္လုပ္ခေပါင္၁၀၅သန္းအထိရရွိလာပါမယ္။ေဆာ္ဒီကလပ္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုကို၂ႏွစ္စာခ်ဳပ္ကမ္းလွမ္းလာမည္ျဖစ္ရာစုစုေပါင္းလုပ္ခေပါင္သန္း၂၁၀အထိရရွိလာပါမယ္။

ဒါ့အျပင္အဆိုပါကလပ္ဟာအေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္လာမည္ဆိုပါကေအးဂ်င့္ခေပါင္သန္း၂၀အထိေပးသြားဦးမွာလည္းျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယခုလအေစာပိုင္းတုန္းကယူႏိုက္တက္ထံအသင္းေျပာင္းခြင့္ေတာင္းဆိုခဲ့ၿပီးသင့္ေတာ္တဲ့ကမ္းလွမ္းမႈရရွိလာလွ်င္လက္ခံရန္အေၾကာင္းၾကားခဲ့ပါတယ္။

သူဟာအသင္းေျပာင္းခြင့္ေတာင္းဆိုၿပီးေနာက္ယူႏိုက္တက္ရဲ႕ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ႏွင့္ပူးေပါင္းျခင္းမရွိသလို ရာသီႀကိဳေျခစမ္းပြဲတြင္လည္းပါဝင္ျခင္းမရွိပါဘူး။

ဒါေပမဲ့ဘန္ေကာက္သို႔ ေရာက္ရွိေနစဥ္အတြင္းအဲရစ္တန္ဟက္ကမူ ခရစၥတီယာႏိုေရာ္နယ္ဒိုမွာယူႏိုက္တက္ရဲ႕လာမယ့္ရာသီစီမံကိန္းတြင္ပါဝင္ေနဆဲျဖစ္ၿပီးေရာင္းခ်သြားမည္မဟုတ္ေၾကာင္းေျပာၾကားထားပါတယ္။

ဒတ္ခ်္လူမ်ိဳးနည္းျပက “လာမယ့္ရာသီအတြက္ခရစၥတီယာႏိုနဲ႔စီစဥ္ထားပါတယ္။ကြၽန္ေတာ္ကလည္းသူနဲ႔တြဲၿပီးအလုပ္လုပ္ခ်င္ပါတယ္။သတင္းေတြဖတ္ရပါတယ္။ဒါေပမဲ့ခရစၥတီယာႏိုက ေရာင္းဖို႔မဟုတ္ပါဘူး။သူကကြၽန္ေတာ္တို႔ရဲ႕အစီအစဥ္ေတြမွာပါဝင္ပါတယ္။သူနဲ႔အတူတကြဲေအာင္ျမင္မႈရယူခ်င္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။