ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ပတ်သက်ပြီး အသင်းဘက်ကစိတ်ပြောင်းခြင်းမရှိကြောင်း အဲရစ်တန်ဟက်ထပ်လောင်းပြောကြားလာ

အဲရစ်တန်ဟက်ဟာမဲလ်ဘုန်းသို့ရာသီကြိုခြေစမ်းပွဲကစားရန်ရောက်ရှိနေစဉ်အတွင်းခရစ္စတီယာနိုရော်နယ်ဒိုရဲ့ယူနိုက်တက်အနာဂတ်နှင့်ပတ်သက်ပြီးပြောကြားလိုစိတ်မရှိပါဘူး။

ပေါ်တူဂီအသင်းခေါင်းဆောင်ဟာအသင်းပြောင်းရန်တောင်းဆိုခဲ့ပြီးနောက် ကလပ်ရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့်ပူးပေါင်းခြင်းမရှိသလိုရာသီကြိုခရီးစဉ်သို့လည်းလိုက်ပါခြင်းမရှိပါဘူး။

ဒတ်ချ်လူမျိုးနည်းပြဟာဩစတြေးလျသို့ရောက်နေစဉ်အတွင်းမှာလည်းခရစ္စတီယာနိုရော်နယ်ဒိုရဲ့အနာဂတ်နှင့်ပတ်သက်ပြီးထပ်မံအတိုချုံးပြောကြားမှုပြုလုပ်လာပါတယ်။

အဲရစ်တန်ဟက်က “ကျွန်တော်တို့ကြေညာချက်ထုတ်ပြန်ပြီးပါပြီ။ဘာမှမပြောင်းလဲသေးပါဘူး”လို့ပြောကြားသွားပါတယ်။

ယူနိုက်တက်ဟာသောကြာနေ့တွင် MCG ကွင်းတွင်အေလိဂ်ကလပ်မဲလ်ဘုန်းဗစ်တိုးရီးနှင့်ခြေစမ်းပွဲကစားသွားပါမယ်။

ယူနိုက်တက်ဟာချန်ပီယံလိဂ်ကစားလိုမှုကြောင့်အသင်းပြောင်းလိုနေတဲ့ခရစ္စတီယာနိုရော်နယ်ဒိုကိုလက်လွှတ်လိုခြင်းမရှိကြောင်းဆက်လက်ပြောကြားနေတာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ယူနိုက်တက်တာဝန်ရှိသူများဟာခရစ္စတီယာနိုရော်နယ်ဒိုမှာဘယ်အချိန်တွင်မှအသင်းရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့်ပူးပေါင်းမလဲဆိုတာမသိသေးပါဘူး။

လီဗာပူးကို၄-၀ဂိုးဖြင့်အနိုင်ရတဲ့ဘန်ကောက်ခြေစမ်းပွဲစဉ်မတိုင်မီအဲရစ်တန်ဟက်က ” “လာမယ့်ရာသီအတွက်ခရစ္စတီယာနိုနဲ့စီစဉ်ထားပါတယ်။ကျွန်တော်ကလည်းသူနဲ့တွဲပြီးအလုပ်လုပ်ချင်ပါတယ်။သတင်းတွေဖတ်ရပါတယ်။ဒါပေမဲ့ခရစ္စတီယာနိုက ရောင်းဖို့မဟုတ်ပါဘူး။သူကကျွန်တော်တို့ရဲ့အစီအစဉ်တွေမှာပါဝင်ပါတယ်။သူနဲ့အတူတကွဲအောင်မြင်မှုရယူချင်ပါတယ်”လို့ပြောကြားခဲ့ဖူးပါတယ်။

Zawgyi

ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ပတ္သက္ၿပီး အသင္းဘက္ကစိတ္ေျပာင္းျခင္းမရွိေၾကာင္း အဲရစ္တန္ဟက္ထပ္ေလာင္းေျပာၾကားလာ

အဲရစ္တန္ဟက္ဟာမဲလ္ဘုန္းသို႔ရာသီႀကိဳေျခစမ္းပြဲကစားရန္ေရာက္ရွိေနစဥ္အတြင္းခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ယူႏိုက္တက္အနာဂတ္ႏွင့္ပတ္သက္ၿပီးေျပာၾကားလိုစိတ္မရွိပါဘူး။

ေပၚတူဂီအသင္းေခါင္းေဆာင္ဟာအသင္းေျပာင္းရန္ေတာင္းဆိုခဲ့ၿပီးေနာက္ ကလပ္ရဲ႕ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ႏွင့္ပူးေပါင္းျခင္းမရွိသလိုရာသီႀကိဳခရီးစဥ္သို႔လည္းလိုက္ပါျခင္းမရွိပါဘူး။

ဒတ္ခ်္လူမ်ိဳးနည္းျပဟာဩစေၾတးလ်သို႔ေရာက္ေနစဥ္အတြင္းမွာလည္းခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အနာဂတ္ႏွင့္ပတ္သက္ၿပီးထပ္မံအတိုခ်ဳံးေျပာၾကားမႈျပဳလုပ္လာပါတယ္။

အဲရစ္တန္ဟက္က “ကြၽန္ေတာ္တို႔ေၾကညာခ်က္ထုတ္ျပန္ၿပီးပါၿပီ။ဘာမွမေျပာင္းလဲေသးပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ယူႏိုက္တက္ဟာေသာၾကာေန႔တြင္ MCG ကြင္းတြင္ေအလိဂ္ကလပ္မဲလ္ဘုန္းဗစ္တိုးရီးႏွင့္ေျခစမ္းပြဲကစားသြားပါမယ္။

ယူႏိုက္တက္ဟာခ်န္ပီယံလိဂ္ကစားလိုမႈေၾကာင့္အသင္းေျပာင္းလိုေနတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုကိုလက္လႊတ္လိုျခင္းမရွိေၾကာင္းဆက္လက္ေျပာၾကားေနတာလည္းျဖစ္ပါတယ္။

ဒါေပမဲ့ယူႏိုက္တက္တာဝန္ရွိသူမ်ားဟာခရစၥတီယာႏိုေရာ္နယ္ဒိုမွာဘယ္အခ်ိန္တြင္မွအသင္းရဲ႕ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ႏွင့္ပူးေပါင္းမလဲဆိုတာမသိေသးပါဘူး။

လီဗာပူးကို၄-၀ဂိုးျဖင့္အႏိုင္ရတဲ့ဘန္ေကာက္ေျခစမ္းပြဲစဥ္မတိုင္မီအဲရစ္တန္ဟက္က ” “လာမယ့္ရာသီအတြက္ခရစၥတီယာႏိုနဲ႔စီစဥ္ထားပါတယ္။ကြၽန္ေတာ္ကလည္းသူနဲ႔တြဲၿပီးအလုပ္လုပ္ခ်င္ပါတယ္။သတင္းေတြဖတ္ရပါတယ္။ဒါေပမဲ့ခရစၥတီယာႏိုက ေရာင္းဖို႔မဟုတ္ပါဘူး။သူကကြၽန္ေတာ္တို႔ရဲ႕အစီအစဥ္ေတြမွာပါဝင္ပါတယ္။သူနဲ႔အတူတကြဲေအာင္ျမင္မႈရယူခ်င္ပါတယ္”လို႔ေျပာၾကားခဲ့ဖူးပါတယ္။