ခရစ္စတီယာနိုရော်နယ်ဒိုကို မခေါ်ယူရန် ချဲလ်ဆီးဆုံးဖြတ်လိုက်ပြီ

ယခုနွေရာသီတွင်ယူနိုက်တက်မှထွက်ခွာရန်ကြိုးပမ်းနေတဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့ရဲ့အဓိကရွေးချယ်စရာတစ်ခုလျှော့နည်းသွားခဲ့ပြီဖြစ်ပါတယ်။ချဲလ်ဆီးဟာခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူရေးမကြိုးစားရန်ဆုံးဖြတ်လိုက်ပြီလည်းဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာချန်ပီယံလိဂ်ကစားခွင့်ရရှိလိုမှုကြောင့်ယခုလအစောပိုင်းတုန်းကသူ့အတွက်သင့်တော်တဲ့ကမ်းလှမ်းမှုရရှိလာလျှင်လက်ခံလိုက်ရန်ယူနိုက်တက်ကိုအကြောင်းကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက၂၄ဂိုးသွင်းယူခဲ့တဲ့အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုအနေဖြင့်လုပ်ခလျှော့ယူမှသာလျှင်ပြောင်းနိုင်မယ့်အသင်းရှိလာမှာဖြစ်ပြီးရွေးချယ်စရာနည်းပါးလျက်ရှိပါတယ်။

ချဲလ်ဆီးဥက္ကဌသစ်တော့ဒ်ဘိုလီဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပြီးအေးဂျင့်ဂျော့မန်ဒက်စ်နှင့်ဆွေးနွေးမှုများပြုလုပ်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ The Athletic ကယခုအခါချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်က ခရစ္စတီယာနိုရော်နယ်ဒိုကိုမခေါ်ယူရန်ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်းသိရပါတယ်။ဒါကြောင့်ခရစ္စတီယာနိုရော်နယ်ဒိုအနေဖြင့်အခြားရွေးချယ်စရာကိုစဉ်းစားလာရတော့မှာဖြစ်ပါတယ်။

ချဲလ်ဆီးဟာတိုက်စစ်အတွက်ရာဟမ်းစတာလင်းကိုခေါ်ယူထားတဲ့အပြင်ကိုင်ဟာဗတ်ဇ်၊တီမိုဝါနာ၊ခရစ္စတီယန်ပူလီဆစ်၊မေဆင်မောင့်တို့ရှိနေမှုနဲ့အတူ ခရစ္စတီယာနိုရော်နယ်ဒိုအလိုမရှိတော့တာလည်းဖြစ်ပါတယ်။

အစောပိုင်းတုန်းကဘိုင်ယန်မြူးနစ်နှင့်ပီအက်စ်ဂျီတို့ကလည်းခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူလိုခြင်းရှိ/မရှိကမ်းလှမ်းမှုကိုပယ်ချထားကြပြီးလည်းဖြစ်ပါတယ်။ယင်းသို့အခြေအနေကြောင့်ခရစ္စတီယာနိုရော်နယ်ဒိုအတွက်ရွေးချယ်စရာနည်းပါးနေပါတယ်။

မနေ့တုန်းကထွက်ပေါ်ခဲ့တဲ့သတင်းအရအမည်မဖော်လိုတဲ့ဆော်ဒီကလပ်တစ်ခုကခရစ္စတီယာနိုရော်နယ်ဒိုကိုတစ်နှစ်လုပ်ခပေါင်၁၀၅သန်းတန်၂နှစ်စာချုပ်ဖြင့်ကမ်းလှမ်းထားကြောင်းလည်းသိရပါတယ်။

ZawGyi

ခရစၥတီယာႏိုေရာ္နယ္ဒိုကို မေခၚယူရန္ ခ်ဲလ္ဆီးဆုံးျဖတ္လိုက္ၿပီ

ယခုေႏြရာသီတြင္ယူႏိုက္တက္မွထြက္ခြာရန္ႀကိဳးပမ္းေနတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔ရဲ႕အဓိကေ႐ြးခ်ယ္စရာတစ္ခုေလွ်ာ့နည္းသြားခဲ့ၿပီျဖစ္ပါတယ္။ခ်ဲလ္ဆီးဟာခရစၥတီယာႏိုေရာ္နယ္ဒိုကိုေခၚယူေရးမႀကိဳးစားရန္ဆုံးျဖတ္လိုက္ၿပီလည္းျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာခ်န္ပီယံလိဂ္ကစားခြင့္ရရွိလိုမႈေၾကာင့္ယခုလအေစာပိုင္းတုန္းကသူ႔အတြက္သင့္ေတာ္တဲ့ကမ္းလွမ္းမႈရရွိလာလွ်င္လက္ခံလိုက္ရန္ယူႏိုက္တက္ကိုအေၾကာင္းၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းက၂၄ဂိုးသြင္းယူခဲ့တဲ့အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုအေနျဖင့္လုပ္ခေလွ်ာ့ယူမွသာလွ်င္ေျပာင္းႏိုင္မယ့္အသင္းရွိလာမွာျဖစ္ၿပီးေ႐ြးခ်ယ္စရာနည္းပါးလ်က္ရွိပါတယ္။

ခ်ဲလ္ဆီးဥကၠဌသစ္ေတာ့ဒ္ဘိုလီဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အမာခံပရိသတ္တစ္ဦးျဖစ္ၿပီးေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ႏွင့္ေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ဖူးပါတယ္။

ဒါေပမဲ့ The Athletic ကယခုအခါခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္က ခရစၥတီယာႏိုေရာ္နယ္ဒိုကိုမေခၚယူရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ေၾကာင္းသိရပါတယ္။ဒါေၾကာင့္ခရစၥတီယာႏိုေရာ္နယ္ဒိုအေနျဖင့္အျခားေ႐ြးခ်ယ္စရာကိုစဥ္းစားလာရေတာ့မွာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာတိုက္စစ္အတြက္ရာဟမ္းစတာလင္းကိုေခၚယူထားတဲ့အျပင္ကိုင္ဟာဗတ္ဇ္၊တီမိုဝါနာ၊ခရစၥတီယန္ပူလီဆစ္၊ေမဆင္ေမာင့္တို႔ရွိေနမႈနဲ႔အတူ ခရစၥတီယာႏိုေရာ္နယ္ဒိုအလိုမရွိေတာ့တာလည္းျဖစ္ပါတယ္။

အေစာပိုင္းတုန္းကဘိုင္ယန္ျမဴးနစ္ႏွင့္ပီအက္စ္ဂ်ီတို႔ကလည္းခရစၥတီယာႏိုေရာ္နယ္ဒိုကိုေခၚယူလိုျခင္းရွိ/မရွိကမ္းလွမ္းမႈကိုပယ္ခ်ထားၾကၿပီးလည္းျဖစ္ပါတယ္။ယင္းသို႔အေျခအေနေၾကာင့္ခရစၥတီယာႏိုေရာ္နယ္ဒိုအတြက္ေ႐ြးခ်ယ္စရာနည္းပါးေနပါတယ္။

မေန႔တုန္းကထြက္ေပၚခဲ့တဲ့သတင္းအရအမည္မေဖာ္လိုတဲ့ေဆာ္ဒီကလပ္တစ္ခုကခရစၥတီယာႏိုေရာ္နယ္ဒိုကိုတစ္ႏွစ္လုပ္ခေပါင္၁၀၅သန္းတန္၂ႏွစ္စာခ်ဳပ္ျဖင့္ကမ္းလွမ္းထားေၾကာင္းလည္းသိရပါတယ္။