ခရစ္စတီယာနိုရော်နယ်ဒို အွန်လိုင်းတွင် တင်လာတဲ့ ဓာတ်ပုံကြောင့် အုံးအုံးကြွက်ကြွက်ဖြစ်သွားတဲ့ ယူနိုက်တက်ပရိသတ်များ

မန်ချက်စတာယူနိုက်တက်ပရိသတ်များဟာ အွန်လိုင်းတွင်ခရစ္စတီယာနိုရော်နယ်ဒို ဓာတ်ပုံတစ်ပုံတင်လာမှုအပေါ်အုံးအုံးကြွက်ကြွက်ဖြစ်နေကြပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာအသင်းပြောင်းခွင့်တောင်းပြီးနောက် ကလပ်ရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့်မပူးပေါင်းဘဲနေအိမ်တွင်ကျန်ရစ်ခဲ့ပါတယ်။ဒါပေမဲ့သူဟာယူနိုက်တက်ဘောင်းဘီတိုဖြင့်အားကစားလုပ်နေတဲ့ဓာတ်ပုံကို အွန်လိုင်းတွင်တင်လာမှုနဲ့အတူ ယူနိုက်တက်ပရိသတ်များက စူပါစတားမှာအိုးထရက်ဖို့ဒ်တွင်ဆက်ရှိနေလိမ့်မယ်လို့ယုံကြည်လာကြပါတယ်။

သူဟာအသင်းပြောင်းခွင့်တောင်းပြီးနောက်မိသားစုအကြောင်းပြချက်ဖြင့်ယူနိုက်တက်ရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့်ရာသီကြိုခရီးစဉ်တို့ကိုလိုက်ပါခဲ့ခြင်းမရှိပါဘူး။

ရော်နယ်ဒိုကိုချဲလ်ဆီးကခေါ်ယူဖို့စိတ်ဝင်စားခဲ့ပေမဲ့နောက်ဆုံးသတင်းက ချဲလ်ဆီးကနောက်ဆုတ်သွားပြီဖြစ်ပါတယ်။တဖက်တွင်ဆော်ဒီကလပ်တစ်ခုကရော်နယ်ဒိုကိုတစ်ပတ်လုပ်ခပေါင်၂သန်းဖြင့်တစ်နှစ်လုပ်ခပေါင်၁၀၅သန်းတန်၂နှစ်စာချုပ်ကမ်းလှမ်းထားကြောင်းသိရပါတယ်။

ဘိုင်ယန်မြူးနစ်နှင့်ပီအက်စ်ဂျီတို့ကတော့ပေါ်တူဂီအတွက်၁၈၉ပွဲကစားရာမှာ၁၁၇ဂိုးအထိသွင်းထားတဲ့ရော်နယ်ဒိုကိုမခေါ်ယူလိုကြောင်းဆိုထားကြပြီးဖြစ်ပါတယ်။

ယင်းသို့အနေအထားကြောင့်ခရစ္စတီယာနိုရော်နယ်ဒိုအတွက်ရွေးချယ်စရာကလပ်နည်းပါးလာမှုနဲ့အတူ ယူနိုက်တက်တွင်ပင်ဆက်ရှိလာဖို့ရှိနေပါတယ်။

ယခုကဲ့သို့ ယူနိုက်တက်ဘောင်းဘီတိုဝတ်ဆင်ပြီးအားကစားလုပ်နေတဲ့ဓာတ်ပုံတင်လာချိန်မှာတော့ယူနိုက်တက်ပရိသတ်များဟာပိုမိုယုံကြည်လာကြပါတယ်။

ပရိသတ်တစ်ဦးက “ရော်နယ်ဒိုကယူနိုက်တက်ဘောင်းဘီတိုဝတ်ထားပါလား။သူဆက်နေမယ်”လို့ပြောကြားသွားပါတယ်။အခြားတစ်ဦးကလည်း “ယူနိုက်တက်ဘောင်းဘီတိုနဲ့ဟ။ရော်နယ်ဒိုဆက်နေမယ်။ SIIIUUUUU”ဆိုပြီးဆိုသွားပါတယ်။

တဖက်တွင်ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ကလည်းခရစ္စတီယာနိုရော်နယ်ဒိုမှာယူနိုက်တက်စီမံကိန်းတွင်ပါဝင်နေဆဲဖြစ်ပြီးရောင်းချမည်မဟုတ်ကြောင်းနှစ်ကြိမ်တိုင်တိုင်ပြောကြားထားပါတယ်။

Zawgyi

ခရစၥတီယာႏိုေရာ္နယ္ဒို အြန္လိုင္းတြင္ တင္လာတဲ့ ဓာတ္ပုံေၾကာင့္ အုံးအုံးႂကြက္ႂကြက္ျဖစ္သြားတဲ့ ယူႏိုက္တက္ပရိသတ္မ်ား

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္မ်ားဟာ အြန္လိုင္းတြင္ခရစၥတီယာႏိုေရာ္နယ္ဒို ဓာတ္ပုံတစ္ပုံတင္လာမႈအေပၚအုံးအုံးႂကြက္ႂကြက္ျဖစ္ေနၾကပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအသင္းေျပာင္းခြင့္ေတာင္းၿပီးေနာက္ ကလပ္ရဲ႕ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ႏွင့္မပူးေပါင္းဘဲေနအိမ္တြင္က်န္ရစ္ခဲ့ပါတယ္။ဒါေပမဲ့သူဟာယူႏိုက္တက္ေဘာင္းဘီတိုျဖင့္အားကစားလုပ္ေနတဲ့ဓာတ္ပုံကို အြန္လိုင္းတြင္တင္လာမႈနဲ႔အတူ ယူႏိုက္တက္ပရိသတ္မ်ားက စူပါစတားမွာအိုးထရက္ဖို႔ဒ္တြင္ဆက္ရွိေနလိမ့္မယ္လို႔ယုံၾကည္လာၾကပါတယ္။

သူဟာအသင္းေျပာင္းခြင့္ေတာင္းၿပီးေနာက္မိသားစုအေၾကာင္းျပခ်က္ျဖင့္ယူႏိုက္တက္ရဲ႕ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ႏွင့္ရာသီႀကိဳခရီးစဥ္တို႔ကိုလိုက္ပါခဲ့ျခင္းမရွိပါဘူး။

ေရာ္နယ္ဒိုကိုခ်ဲလ္ဆီးကေခၚယူဖို႔စိတ္ဝင္စားခဲ့ေပမဲ့ေနာက္ဆုံးသတင္းက ခ်ဲလ္ဆီးကေနာက္ဆုတ္သြားၿပီျဖစ္ပါတယ္။တဖက္တြင္ေဆာ္ဒီကလပ္တစ္ခုကေရာ္နယ္ဒိုကိုတစ္ပတ္လုပ္ခေပါင္၂သန္းျဖင့္တစ္ႏွစ္လုပ္ခေပါင္၁၀၅သန္းတန္၂ႏွစ္စာခ်ဳပ္ကမ္းလွမ္းထားေၾကာင္းသိရပါတယ္။

ဘိုင္ယန္ျမဴးနစ္ႏွင့္ပီအက္စ္ဂ်ီတို႔ကေတာ့ေပၚတူဂီအတြက္၁၈၉ပြဲကစားရာမွာ၁၁၇ဂိုးအထိသြင္းထားတဲ့ေရာ္နယ္ဒိုကိုမေခၚယူလိုေၾကာင္းဆိုထားၾကၿပီးျဖစ္ပါတယ္။

ယင္းသို႔အေနအထားေၾကာင့္ခရစၥတီယာႏိုေရာ္နယ္ဒိုအတြက္ေ႐ြးခ်ယ္စရာကလပ္နည္းပါးလာမႈနဲ႔အတူ ယူႏိုက္တက္တြင္ပင္ဆက္ရွိလာဖို႔ရွိေနပါတယ္။

ယခုကဲ့သို႔ ယူႏိုက္တက္ေဘာင္းဘီတိုဝတ္ဆင္ၿပီးအားကစားလုပ္ေနတဲ့ဓာတ္ပုံတင္လာခ်ိန္မွာေတာ့ယူႏိုက္တက္ပရိသတ္မ်ားဟာပိုမိုယုံၾကည္လာၾကပါတယ္။

ပရိသတ္တစ္ဦးက “ေရာ္နယ္ဒိုကယူႏိုက္တက္ေဘာင္းဘီတိုဝတ္ထားပါလား။သူဆက္ေနမယ္”လို႔ေျပာၾကားသြားပါတယ္။အျခားတစ္ဦးကလည္း “ယူႏိုက္တက္ေဘာင္းဘီတိုနဲ႔ဟ။ေရာ္နယ္ဒိုဆက္ေနမယ္။ SIIIUUUUU”ဆိုၿပီးဆိုသြားပါတယ္။

တဖက္တြင္ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ကလည္းခရစၥတီယာႏိုေရာ္နယ္ဒိုမွာယူႏိုက္တက္စီမံကိန္းတြင္ပါဝင္ေနဆဲျဖစ္ၿပီးေရာင္းခ်မည္မဟုတ္ေၾကာင္းႏွစ္ႀကိမ္တိုင္တိုင္ေျပာၾကားထားပါတယ္။