
ဘိုင်ယန်မြူးနစ်ဟာနွေရာသီတုန်းကခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူရန်ဆွေးနွေးခဲ့ကြောင်းကလပ်စီအီးအိုအိုလီဗာခန်းကအတည်ပြုသွားပါတယ်။
ပေါ်တူဂီစူပါစတားဟာနွေရာသီတုန်းကအိုးထရက်ဖို့ဒ်မှထွက်ခွာခွင့်တောင်းဆိုခဲ့ပြီးပုဂ္ဂိုလ်ရေးအကြောင်းပြချက်ပေးကာယူနိုက်တက်ရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့်မပူးပေါင်းခဲ့ပါဘူး။
ဒါပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာအပြောင်းအရွှေ့ဖြစ်မြောက်လာခြင်းမရှိမှုနှင့်အတူယူနိုက်တက်မှာဆက်ကစားခဲ့ရပါတယ်။
ဘိုင်ယန်မြူးနစ်စီအီးအိုအိုလီဗာခန်းက “ရော်နယ်ဒိုကိုခေါ်ယူရေးအတွက်ကျွန်တော်တို့ဆွေးနွေးခဲ့ကြတယ်။ဒေါ့မွန်လည်းထိုနည်းလမ်းကောင်းပါပဲ။ကျွန်တော်တို့ကဘွန်ဒက်စ်လီဂါရဲ့ဂုဏ်သိက္ခာတစ်ခုလို့မြင်ပါတယ်။ရော်နယ်ဒိုလိုစူပါစတားတွေကလိဂ်ကိုများစွာအာရုံစိုက်လာစေပါလိမ့်မယ်။သူကပြီးခဲ့တဲ့ဆယ်စုနှစ်မှာအကောင်းဆုံးကစားသမားတွေထဲကတစ်ဦးပါ။ဒါပေမဲ့ကျွန်တော်တို့ဟာချက်ချင်းပဲသူ့ကိုခေါ်ယူရေးကိုဖျက်သိမ်းခဲ့တယ်”လို့ပြောကြားသွားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာယခုရာသီတွင်ယူနိုက်တက်အတွက်ပရီးမီးယားလိဂ်ပွဲတစ်ပွဲတည်းသာပွဲထွက်ခွင့်ရထားပြီးယူရိုပါလိဂ်ပွဲမူနှစ်ပွဲပွဲထွက်ခွင့်ရထားပါတယ်။
သူဟာယနေ့ညဆိုက်ပရပ်စ်ကလပ်အိုမိုနီယာနီကိုးရှားနှင့်ပွဲတွင်ယူနိုက်တက်တိုက်စစ်ကိုဦးဆောင်လာဖို့သေချာနေပါတယ်။
ZawGyi
ခရစၥတီယာႏိုေရာ္နယ္ဒိုကို ေခၚယူရန္ ေဆြးေႏြးခဲ့ေၾကာင္း ဘိုင္ယန္စီအီးအိုဝန္ခံ
ဘိုင္ယန္ျမဴးနစ္ဟာေႏြရာသီတုန္းကခရစၥတီယာႏိုေရာ္နယ္ဒိုကိုေခၚယူရန္ေဆြးေႏြးခဲ့ေၾကာင္းကလပ္စီအီးအိုအိုလီဗာခန္းကအတည္ျပဳသြားပါတယ္။
ေပၚတူဂီစူပါစတားဟာေႏြရာသီတုန္းကအိုးထရက္ဖို႔ဒ္မွထြက္ခြာခြင့္ေတာင္းဆိုခဲ့ၿပီးပုဂၢိဳလ္ေရးအေၾကာင္းျပခ်က္ေပးကာယူႏိုက္တက္ရဲ႕ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ႏွင့္မပူးေပါင္းခဲ့ပါဘူး။
ဒါေပမဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္လာျခင္းမရွိမႈႏွင့္အတူယူႏိုက္တက္မွာဆက္ကစားခဲ့ရပါတယ္။
ဘိုင္ယန္ျမဴးနစ္စီအီးအိုအိုလီဗာခန္းက “ေရာ္နယ္ဒိုကိုေခၚယူေရးအတြက္ကြၽန္ေတာ္တို႔ေဆြးေႏြးခဲ့ၾကတယ္။ေဒါ့မြန္လည္းထိုနည္းလမ္းေကာင္းပါပဲ။ကြၽန္ေတာ္တို႔ကဘြန္ဒက္စ္လီဂါရဲ႕ဂုဏ္သိကၡာတစ္ခုလို႔ျမင္ပါတယ္။ေရာ္နယ္ဒိုလိုစူပါစတားေတြကလိဂ္ကိုမ်ားစြာအာ႐ုံစိုက္လာေစပါလိမ့္မယ္။သူကၿပီးခဲ့တဲ့ဆယ္စုႏွစ္မွာအေကာင္းဆုံးကစားသမားေတြထဲကတစ္ဦးပါ။ဒါေပမဲ့ကြၽန္ေတာ္တို႔ဟာခ်က္ခ်င္းပဲသူ႔ကိုေခၚယူေရးကိုဖ်က္သိမ္းခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယခုရာသီတြင္ယူႏိုက္တက္အတြက္ပရီးမီးယားလိဂ္ပြဲတစ္ပြဲတည္းသာပြဲထြက္ခြင့္ရထားၿပီးယူ႐ိုပါလိဂ္ပြဲမူႏွစ္ပြဲပြဲထြက္ခြင့္ရထားပါတယ္။
သူဟာယေန႔ညဆိုက္ပရပ္စ္ကလပ္အိုမိုနီယာနီကိုးရွားႏွင့္ပြဲတြင္ယူႏိုက္တက္တိုက္စစ္ကိုဦးေဆာင္လာဖို႔ေသခ်ာေနပါတယ္။