ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ယူနိုက်တက်အောင်ပွဲခံပုံအသစ်ကို ဘင်ဖီကာကစားသမားတစ်ဦး Copy လုပ်လာ

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အောင်ပွဲခံပုံအသစ်ကိုဘင်ဖီကာလူငယ်ကစားသမားတစ်ဦးအတုခိုးအောင်ပွဲခံမှုပြုလုပ်လာပြီဖြစ်ပါတယ်။

ပေါ်တူဂီဂန္ထဝင်စူပါစတားဟာတနင်္ဂနွေနေ့တုန်းကအဲဗာတန်ကိုယူနိုက်တက်က၂-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာအနိုင်ဂိုးသွင်းယူပြီးနောက်အောင်ပွဲခံမှုအသစ်ဖြင့်အောင်ပွဲခံခဲ့ပါတယ်။

ရော်နယ်ဒိုဟာပုံမှန်အားဖြင့် SIUU ဖြင့်အောင်ပွဲခံလေ့ရှိပေမဲ့လည်း အဲဗာတန်နှင့်ပွဲမှာအနိုင်ဂိုးသွင်းပြီးချိန်မှာတော့အလံတိုင်ထောင့်နားတွင်ကစားဖော်အန်တိုနီနှင့်အတူ မျက်လုံးမိတ်၊လက်ချောင်းများယှက်ပြီးရင်ဘတ်တွင်တင်ကာ အေးချမ်းစွာအိပ်စက်နေပုံဖြင့်အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်အသင်းနှင့်အတူခရီးသွားချိန်တွင်အိပ်စက်လေ့ရှိတဲ့ပုံစံဖြင့်အောင်ပွဲခံတာလို့လည်းယူဆရပါတယ်။

ကျွန်တော်တို့ဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့SIUU အောင်ပွဲခံမှုကိုအခြားကစားသမားအမြောက်အမြားအတုခိုးအောင်ပွဲခံတာမြင်တွေ့ခဲ့ကြဖူးပြီးဖြစ်ပါတယ်။

ယခုအခါဘင်ဖီကာလူငယ်ကစားသမားတစ်ဦးဟာလည်းအသက်၃၇နှစ်ရှိရော်နယ်ဒိုရဲ့နောက်ဆုံးအောင်ပွဲခံပုံကိုအတုခိုးလုပ်ဆောင်လာပါတယ်။

ဘင်ဖီကာဟာအင်္ဂါနေ့တုန်းကUEFA Youth Leagueအဖြစ်ပီအက်စ်ဂျီနှင့်ရင်ဆိုင်ခဲ့ရပါတယ်။

အသက်၁၈နှစ်ရှိဒီယေဂိုမိုရိုင်ရာဟာပေါ်တူဂီကလပ်အတွက်၂-၁ဖြစ်စေမဲ့ဂိုးကိုသွင်းယူခဲ့ပါတယ်။ယင်းနောက်သူဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့အောင်ပွဲခံပုံအတိုင်းအတုခိုးကာအောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။

အဆိုပါပွဲတွင်ဘင်ဖီကာဟာပီအက်စ်ဂျီလူငယ်အသင်းကို၃-၂ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ZawGyi

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ယူႏိုက္တက္ေအာင္ပြဲခံပုံအသစ္ကို ဘင္ဖီကာကစားသမားတစ္ဦး Copy လုပ္လာ

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေအာင္ပြဲခံပုံအသစ္ကိုဘင္ဖီကာလူငယ္ကစားသမားတစ္ဦးအတုခိုးေအာင္ပြဲခံမႈျပဳလုပ္လာၿပီျဖစ္ပါတယ္။

ေပၚတူဂီဂႏၴဝင္စူပါစတားဟာတနဂၤေႏြေန႔တုန္းကအဲဗာတန္ကိုယူႏိုက္တက္က၂-၁ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာအႏိုင္ဂိုးသြင္းယူၿပီးေနာက္ေအာင္ပြဲခံမႈအသစ္ျဖင့္ေအာင္ပြဲခံခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာပုံမွန္အားျဖင့္ SIUU ျဖင့္ေအာင္ပြဲခံေလ့ရွိေပမဲ့လည္း အဲဗာတန္ႏွင့္ပြဲမွာအႏိုင္ဂိုးသြင္းၿပီးခ်ိန္မွာေတာ့အလံတိုင္ေထာင့္နားတြင္ကစားေဖာ္အန္တိုနီႏွင့္အတူ မ်က္လုံးမိတ္၊လက္ေခ်ာင္းမ်ားယွက္ၿပီးရင္ဘတ္တြင္တင္ကာ ေအးခ်မ္းစြာအိပ္စက္ေနပုံျဖင့္ေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယူႏိုက္တက္အသင္းႏွင့္အတူခရီးသြားခ်ိန္တြင္အိပ္စက္ေလ့ရွိတဲ့ပုံစံျဖင့္ေအာင္ပြဲခံတာလို႔လည္းယူဆရပါတယ္။

ကြၽန္ေတာ္တို႔ဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕SIUU ေအာင္ပြဲခံမႈကိုအျခားကစားသမားအေျမာက္အျမားအတုခိုးေအာင္ပြဲခံတာျမင္ေတြ႕ခဲ့ၾကဖူးၿပီးျဖစ္ပါတယ္။

ယခုအခါဘင္ဖီကာလူငယ္ကစားသမားတစ္ဦးဟာလည္းအသက္၃၇ႏွစ္ရွိေရာ္နယ္ဒိုရဲ႕ေနာက္ဆုံးေအာင္ပြဲခံပုံကိုအတုခိုးလုပ္ေဆာင္လာပါတယ္။

ဘင္ဖီကာဟာအဂၤါေန႔တုန္းကUEFA Youth Leagueအျဖစ္ပီအက္စ္ဂ်ီႏွင့္ရင္ဆိုင္ခဲ့ရပါတယ္။

အသက္၁၈ႏွစ္ရွိဒီေယဂိုမို႐ိုင္ရာဟာေပၚတူဂီကလပ္အတြက္၂-၁ျဖစ္ေစမဲ့ဂိုးကိုသြင္းယူခဲ့ပါတယ္။ယင္းေနာက္သူဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေအာင္ပြဲခံပုံအတိုင္းအတုခိုးကာေအာင္ပြဲခံမႈျပဳလုပ္ခဲ့ပါတယ္။

အဆိုပါပြဲတြင္ဘင္ဖီကာဟာပီအက္စ္ဂ်ီလူငယ္အသင္းကို၃-၂ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။