ခရစ္စတီယာနိုရော်နယ်ဒိုအား လျို့ဝှက်ငွေပေးမှုကို ဖုံးကွယ်ထားမှုကြောင့် ပေါင် ၅၁ သန်း ဒဏ်ရိုက်ခံရတော့မယ့် ဂျူဗင်တပ်

ဂျူဗင်တပ်ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုလျို့ဝှက်ငွေပေးခဲ့မှုအားဖုံးကွယ်ထားမှုအတွက်ပေါင်၅၁သန်းဏ်ရိုက်ခြင်းခံရဖို့ရှိနေပါတယ်။

လျို့ဝှက်စာရွက်စာတမ်းများအရဂျူဗင်တပ်ဟာကိုဗစ်ကာလတုန်းကခရစ္စတီယာနိုရော်နယ်ဒိုကိုပေါင်၁၇သန်းပေးမည်ဟုကတိပြုခဲ့ကြောင်းသိရပါတယ်။

Daily Mail ရဲ့ဖော်ပြလာမှုအရဂျူဗင်တပ်ဟာယင်းလုပ်ရပ်အတွက်ပေါင်၅၁သန်းဒဏ်ရိုက်ခံလာရဖို့ရှိပါတယ်။

မနေ့တုန်းက La Gazzetta dello Sport ရဲ့ဖော်ပြမှုအရဂျူဗင်တပ်ဟာ၂၀၁၉။၂၀၂၀နှင့်၂၀၂၁ခုနှစ်များအတွက်ဘဏ္ဍာရေးရှင်းတမ်းများအများတင်ပြမှုအတွက်စုံစမ်းစစ်ဆေးခြင်းခံနေရကြောင်းသိရပါတယ်။

ဂျူဗင်တပ်ဟာကိုဗစ်ကြောင့်လော့ဒ်ဒေါင်းလုပ်ထားစဉ်တုန်းကကစားသမားများကိုလုပ်ခလျှော့ချမှုပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ဂျူဗင်တပ်ဟာခရစ္စတီယာနိုရော်နယ်ဒိုနှင့်လျို့ဝှက်စာချုပ်ချုပ်ဆိုခဲ့ပြီးယင်းငွေများကိုပြန်လည်ပေးသွားမည့်အချက်ထည့်သွင်းခဲ့ပါတယ်။

ယင်းစာချုပ်အရဂျူဗင်တပ်ဟာခရစ္စတီယာနိုရော်နယ်ဒို ထွက်ခွာသွားပါကလည်းပေါင်၁၇သန်းပေးမည်ဟုကတိပြုထားပါတယ်။

အီတလီမီဒီယာများရဲ့ဖော်ပြချက်အရအီတလီအာဏာပိုင်များဟာခရစ္စတီယာနိုရော်နယ်ဒိုကိုဆက်သွယ်မှုပြုလုပ်ခဲ့ပေမဲ့စကားပြောဆွေးနွေးရန်ငြင်းဆိုခြင်းခံခဲ့ရကြောင်းသိရပါတယ်။

ZawGyi








