ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ဂယ်ရီနဗီးလ်အကြား ဆက်ဆံရေး အဆုံးသတ်သွားပြီလို့ ယူနိုက်တက်ကစားဖော်ဟောင်းရီယိုဖာဒီနန်ဖွင့်ဟလာ

ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ဂယ်ရီနဗီးလ်တို့အကြားဆက်ဆံရေးမှာအဆုံးသတ်သွားပြီဖြစ်ကြောင်း ယူနိုက်တက်ကစားဖော်ဟောင်းရီယိုဖာဒီနန်ကပြောကြားလာပါတယ်။

တနင်္ဂနွေနေ့တုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင် ယူနိုက်တက်ကဝက်စ်ဟမ်းကို၁-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲမတိုင်မီဂယ်ရီနဗီးလ်ဟာSky Sport တွင်ပွဲသုံးသပ်သူအဖြစ်တာဝန်ယူခဲ့ပါတယ်။

ရော်နယ်ဒိုဟာယူနိုက်တက်ကစားဖော်ဟောင်းလူးဝစ်ဆာဟာ၊ Sky Sport ပွဲသုံးသပ်သူဂျေမီရက်နပ်တို့ကိုနှုတ်ဆက်ခဲ့ပါတယ်။

ဒါပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့ရဲ့ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းဂယ်ရီနဗီးလ်ကိုတော့နှုတ်ဆက်ခဲ့ခြင်းမရှိပါဘူး။ခရစ္စတီယာနိုရော်နယ်ဒိုဟာဂယ်ရီနဗီးလ်ကိုနာကျည်းစရာရှိနေမှုအနေနဲ့နှုတ်မဆက်ခဲ့တာလို့ယူဆရပါတယ်။ဂယ်ရီနဗီးလ်ဟာလည်းရော်နယ်ဒိုကိုဆက်လက်ဆွဲနှုတ်ဆက်ရန်အသင့်ဖြစ်နေခဲ့ပေမဲ့ ဂရုစိုက်ခြင်းမခံခဲ့ရပါဘူး။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမကြာသေးမီတုန်းကသူ့ကိုဝေဖန်ပြောဆိုမှုပြုလုပ်ခဲ့တဲ့ ဂယ်ရီနဗီးလ်ကိုတိုက်ရိုက်တုံ့ပြန်မှုပြုလုပ်ခဲ့တာလို့ယူဆရပါတယ်။

ဂယ်ရီနဗီးလ်ဟာမကြာသေးမီတုန်းကယူနိုက်တက်မှာခရစ္စတီယာနိုရော်နယ်ဒိုမပါဝင်လေပိုကောင်းလေဆိုပြီး ပြောဆိုမှုပြုလုပ်ခဲ့ပါတယ်။

ယခုအခါရီယိုဖာဒီနန်က “ဖုန်းခေါ်လာရင်(ဂယ်ရီနဗီးလ်က)ခရစ္စတီယာနို ကိုင်မယ်မထင်ဘူး။ခရစ္စတီယာနိုကအဆုံးသတ်လိုက်ပြီဆိုတာသိလိုက်ရတယ်။ခင်ဗျားပြောတာကိုတော့ခင်ဗျားသိမှာပေါ့။ဘာကြောင့်ယုံကြည်သလဲဆိုတာခင်ဗျားလည်းသိမှာပေါ့။ကျုပ်ဆိုရင်တော့အဲဒီလိုလုပ်မှာမဟုတ်ဘူး။အဲဒီအခြေအနေကိုပြန်ဖန်တီးခွင့်ရမယ်ဆိုရင် အဲဒီကိုသွားမယ်၊လက်ဆွဲနှုတ်ဆက်မယ်။ပြီးရင် စကားတွေအရမ်းပြောနေပြီနော်။နောက်ပိုင်းမှာဝေဖန်လာတယ် ဆိုပြီးပြောခဲ့မယ်။ပြီးရင်ထွက်သွားမယ်။အဲဒီစကားတွေမှာနည်းနည်းထိုးနှက်ချက်လေးပါတယ်။ကစားသမားတစ်ဦးရဲ့ရှု့ထောင့်ကြည်မယ်ဆိုရင်ဝေဖန်သမားတစ်ဦးကဝေဖန်လာတာကိုမကြိုက်ကြပါဘူး။သူတို့ဟာကစားဖော်တွေဖြစ်ခဲ့ကြတယ်။ဒါပေမဲ့အပြန်အလှန်အမြဲမက်ဆေ့ချ်ပို့နေကြသူတွေမဟုတ်ပါဘူး။ခရစ္စတီယာနိုဟာဂယ်ရီအပေါ်လေးစားပါတယ်။သူဟာကလပ်မှာစီနီယာကစားသမားတစ်ဦးအနေနဲ့၁၀၀ရာခိုင်နှုန်းလေးစားပါတယ်။ဒါကိုပဲသူ့ကလောင်စာလုပ်လာတာ”လို့ဆိုသွားပါတယ်။

ZawGyi

ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ဂယ္ရီနဗီးလ္အၾကား ဆက္ဆံေရး အဆုံးသတ္သြားၿပီလို႔ ယူႏိုက္တက္ကစားေဖာ္ေဟာင္းရီယိုဖာဒီနန္ဖြင့္ဟလာ

ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ဂယ္ရီနဗီးလ္တို႔အၾကားဆက္ဆံေရးမွာအဆုံးသတ္သြားၿပီျဖစ္ေၾကာင္း ယူႏိုက္တက္ကစားေဖာ္ေဟာင္းရီယိုဖာဒီနန္ကေျပာၾကားလာပါတယ္။

တနဂၤေႏြေန႔တုန္းကအိုးထရက္ဖို႔ဒ္ကြင္းတြင္ ယူႏိုက္တက္ကဝက္စ္ဟမ္းကို၁-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမတိုင္မီဂယ္ရီနဗီးလ္ဟာSky Sport တြင္ပြဲသုံးသပ္သူအျဖစ္တာဝန္ယူခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာယူႏိုက္တက္ကစားေဖာ္ေဟာင္းလူးဝစ္ဆာဟာ၊ Sky Sport ပြဲသုံးသပ္သူေဂ်မီရက္နပ္တို႔ကိုႏႈတ္ဆက္ခဲ့ပါတယ္။

ဒါေပမဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔ရဲ႕ယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္းဂယ္ရီနဗီးလ္ကိုေတာ့ႏႈတ္ဆက္ခဲ့ျခင္းမရွိပါဘူး။ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဂယ္ရီနဗီးလ္ကိုနာက်ည္းစရာရွိေနမႈအေနနဲ႔ႏႈတ္မဆက္ခဲ့တာလို႔ယူဆရပါတယ္။ဂယ္ရီနဗီးလ္ဟာလည္းေရာ္နယ္ဒိုကိုဆက္လက္ဆြဲႏႈတ္ဆက္ရန္အသင့္ျဖစ္ေနခဲ့ေပမဲ့ ဂ႐ုစိုက္ျခင္းမခံခဲ့ရပါဘူး။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမၾကာေသးမီတုန္းကသူ႔ကိုေဝဖန္ေျပာဆိုမႈျပဳလုပ္ခဲ့တဲ့ ဂယ္ရီနဗီးလ္ကိုတိုက္႐ိုက္တုံ႔ျပန္မႈျပဳလုပ္ခဲ့တာလို႔ယူဆရပါတယ္။

ဂယ္ရီနဗီးလ္ဟာမၾကာေသးမီတုန္းကယူႏိုက္တက္မွာခရစၥတီယာႏိုေရာ္နယ္ဒိုမပါဝင္ေလပိုေကာင္းေလဆိုၿပီး ေျပာဆိုမႈျပဳလုပ္ခဲ့ပါတယ္။

ယခုအခါရီယိုဖာဒီနန္က “ဖုန္းေခၚလာရင္(ဂယ္ရီနဗီးလ္က)ခရစၥတီယာႏို ကိုင္မယ္မထင္ဘူး။ခရစၥတီယာႏိုကအဆုံးသတ္လိုက္ၿပီဆိုတာသိလိုက္ရတယ္။ခင္ဗ်ားေျပာတာကိုေတာ့ခင္ဗ်ားသိမွာေပါ့။ဘာေၾကာင့္ယုံၾကည္သလဲဆိုတာခင္ဗ်ားလည္းသိမွာေပါ့။က်ဳပ္ဆိုရင္ေတာ့အဲဒီလိုလုပ္မွာမဟုတ္ဘူး။အဲဒီအေျခအေနကိုျပန္ဖန္တီးခြင့္ရမယ္ဆိုရင္ အဲဒီကိုသြားမယ္၊လက္ဆြဲႏႈတ္ဆက္မယ္။ၿပီးရင္ စကားေတြအရမ္းေျပာေနၿပီေနာ္။ေနာက္ပိုင္းမွာေဝဖန္လာတယ္ ဆိုၿပီးေျပာခဲ့မယ္။ၿပီးရင္ထြက္သြားမယ္။အဲဒီစကားေတြမွာနည္းနည္းထိုးႏွက္ခ်က္ေလးပါတယ္။ကစားသမားတစ္ဦးရဲ႕ရႈ႕ေထာင့္ၾကည္မယ္ဆိုရင္ေဝဖန္သမားတစ္ဦးကေဝဖန္လာတာကိုမႀကိဳက္ၾကပါဘူး။သူတို႔ဟာကစားေဖာ္ေတြျဖစ္ခဲ့ၾကတယ္။ဒါေပမဲ့အျပန္အလွန္အၿမဲမက္ေဆ့ခ်္ပို႔ေနၾကသူေတြမဟုတ္ပါဘူး။ခရစၥတီယာႏိုဟာဂယ္ရီအေပၚေလးစားပါတယ္။သူဟာကလပ္မွာစီနီယာကစားသမားတစ္ဦးအေနနဲ႔၁၀၀ရာခိုင္ႏႈန္းေလးစားပါတယ္။ဒါကိုပဲသူ႔ကေလာင္စာလုပ္လာတာ”လို႔ဆိုသြားပါတယ္။