ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အင်တာဗျူးနှင့်ပတ်သက်ပြီး ပထမဆုံးယူနိုက်တက်စတားအဖြစ် တုံ့ပြန်သူ ထွက်ပေါ်လာ

ရာဖေးလ်ဗာရန်းဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့ကလပ်ကိုဝေဖန်ထားတဲ့အင်တာဗျူးထွက်ပေါ်လာပြီးနောက် နှုတ်ဆိတ်မနေတော့တဲ့ပထမဆုံးယူနိုက်တက်ကစားသမားဖြစ်လာပါတယ်။

ပီယာ့စ်မော်ဂန်နှင့်အင်တာဗျူးတွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကလပ်ရဲ့ရည်မှန်းချက်၊တည်ဆောက်ပုံတို့ကိုဝေဖန်ခဲ့တဲ့အပြင်သူ့ကိုမလေးစားတဲ့နည်းပြအဲရစ်တန်ဟက်ကိုလည်းမလေးစားကြောင်းပြောကြားထားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အင်တာဗျူးမှာဘောလုံးလောကတွင်လူစိတ်ဝင်စားဆုံးအရာဖြစ်နေပြီး ယူနိုက်တက်ကစားသမားများနှင့်နည်းပြအဖွဲ့ဝင်များအပေါ်တွင်များစွာရိုက်ခတ်မှုများရှိနေပါတယ်။

ဒါပေမဲ့လည်းယူနိုက်တက်နည်းပြအဲရစ်တန်ဟက်၊အသင်းတာဝန်ရှိသူများနှင့်ကစားသမားများတို့ဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့အင်တာဗျူးနှင့်ပတ်သက်ပြီးနှုတ်ဆိတ်နေခဲ့ကြပါတယ်။

အစောပိုင်းကထွက်ပေါ်ခဲ့တဲ့သတင်းများအရယူနိုက်တက်ဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့လက်ကျန်စာချုပ်ကိုဖျက်သိမ်းမှုပြုလုပ်လာမယ့်အပြင်ပေါင်၁သန်းဒဏ်ရိုက်မှုလည်းပြုလုပ်လာမည်ဖြစ်ကြောင်းသိရပါတယ်။

ဒါပေမဲ့ရီးရဲလ်မက်ဒရစ်မှာကတည်းကအတူကစားခဲ့ဖူးတဲ့ပြင်သစ်နောက်ခံလူရာဖေးလ်ဗာရန်းကတော့နှုတ်ဆိတ်မနေတော့ဘဲ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အင်တာဗျူးနှင့်ပတ်သက်ပြီးပြောဆိုမှုပြုလုပ်လာပါတယ်။

ဗာရန်းကခရစ္စတီယာနိုရော်နယ်ဒိုရဲ့အင်တာဗျူးကကစားသမားများအပေါ်တွင်များစွာရိုက်ခတ်လျက်ရှိကြောင်းဆိုသွားပါတယ်။

၎င်းက “ကျွန်တော်တို့အပေါ်ရိုက်ခတ်တာပေါ့ဗျာ။ဖြစ်ပျက်နေတာကိုစောင့်ကြည့်နေကြတယ်။ဘာပြောကြမလဲစောင့်ကြည့်နေတယ်။ဒီအခြေအနေမှာကိုယ့်အခြေအနေနဲ့ကိုယ်စိတ်အေးအေးထားနိုင်ဖို့လိုတယ်။ဒီကိစ္စမှာမပါဝင်ဖို့လည်းကြိုးစားတယ်။ခရစ္စတီယာနိုရော်နယ်ဒိုလိုစတားတစ်ဦးကလုပ်လာတယ်ဆိုတော့ ကျွန်တော်တို့အနေနဲ့ပိုပြီးတော့ဝေးဝေးမှာရှိနေဖို့ကြိုးစားရတယ်။ဘာမှလည်းမပါဝင်မပတ်သက်မိအောင်နေရတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အင္တာဗ်ဴးႏွင့္ပတ္သက္ၿပီး ပထမဆုံးယူႏိုက္တက္စတားအျဖစ္ တုံ႔ျပန္သူ ထြက္ေပၚလာ

ရာေဖးလ္ဗာရန္းဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ကလပ္ကိုေဝဖန္ထားတဲ့အင္တာဗ်ဴးထြက္ေပၚလာၿပီးေနာက္ ႏႈတ္ဆိတ္မေနေတာ့တဲ့ပထမဆုံးယူႏိုက္တက္ကစားသမားျဖစ္လာပါတယ္။

ပီယာ့စ္ေမာ္ဂန္ႏွင့္အင္တာဗ်ဴးတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ ကလပ္ရဲ႕ရည္မွန္းခ်က္၊တည္ေဆာက္ပုံတို႔ကိုေဝဖန္ခဲ့တဲ့အျပင္သူ႔ကိုမေလးစားတဲ့နည္းျပအဲရစ္တန္ဟက္ကိုလည္းမေလးစားေၾကာင္းေျပာၾကားထားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အင္တာဗ်ဴးမွာေဘာလုံးေလာကတြင္လူစိတ္ဝင္စားဆုံးအရာျဖစ္ေနၿပီး ယူႏိုက္တက္ကစားသမားမ်ားႏွင့္နည္းျပအဖြဲ႕ဝင္မ်ားအေပၚတြင္မ်ားစြာ႐ိုက္ခတ္မႈမ်ားရွိေနပါတယ္။

ဒါေပမဲ့လည္းယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္၊အသင္းတာဝန္ရွိသူမ်ားႏွင့္ကစားသမားမ်ားတို႔ဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အင္တာဗ်ဴးႏွင့္ပတ္သက္ၿပီးႏႈတ္ဆိတ္ေနခဲ့ၾကပါတယ္။

အေစာပိုင္းကထြက္ေပၚခဲ့တဲ့သတင္းမ်ားအရယူႏိုက္တက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕လက္က်န္စာခ်ဳပ္ကိုဖ်က္သိမ္းမႈျပဳလုပ္လာမယ့္အျပင္ေပါင္၁သန္းဒဏ္႐ိုက္မႈလည္းျပဳလုပ္လာမည္ျဖစ္ေၾကာင္းသိရပါတယ္။

ဒါေပမဲ့ရီးရဲလ္မက္ဒရစ္မွာကတည္းကအတူကစားခဲ့ဖူးတဲ့ျပင္သစ္ေနာက္ခံလူရာေဖးလ္ဗာရန္းကေတာ့ႏႈတ္ဆိတ္မေနေတာ့ဘဲ ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အင္တာဗ်ဴးႏွင့္ပတ္သက္ၿပီးေျပာဆိုမႈျပဳလုပ္လာပါတယ္။

ဗာရန္းကခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အင္တာဗ်ဴးကကစားသမားမ်ားအေပၚတြင္မ်ားစြာ႐ိုက္ခတ္လ်က္ရွိေၾကာင္းဆိုသြားပါတယ္။

၎က “ကြၽန္ေတာ္တို႔အေပၚ႐ိုက္ခတ္တာေပါ့ဗ်ာ။ျဖစ္ပ်က္ေနတာကိုေစာင့္ၾကည့္ေနၾကတယ္။ဘာေျပာၾကမလဲေစာင့္ၾကည့္ေနတယ္။ဒီအေျခအေနမွာကိုယ့္အေျခအေနနဲ႔ကိုယ္စိတ္ေအးေအးထားႏိုင္ဖို႔လိုတယ္။ဒီကိစၥမွာမပါဝင္ဖို႔လည္းႀကိဳးစားတယ္။ခရစၥတီယာႏိုေရာ္နယ္ဒိုလိုစတားတစ္ဦးကလုပ္လာတယ္ဆိုေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔ပိုၿပီးေတာ့ေဝးေဝးမွာရွိေနဖို႔ႀကိဳးစားရတယ္။ဘာမွလည္းမပါဝင္မပတ္သက္မိေအာင္ေနရတယ္”လို႔ေျပာၾကားသြားပါတယ္။