ခရစ္စတီယာနိုရော်နယ်ဒိုကို နစ်နာကြေးပေါင် ၁၆ သန်းမပေးဘဲ ကန်ထုတ်နိုင်ရေး စတင်လုပ်ဆောင်လာတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့အိုးထရက်ဖို့ဒ်ကာလကိုအဆုံးသတ်နိုင်ရေးအတွက်ဥပဒေကြောင်းအရစတင်လုပ်ဆောင်လာပြီဖြစ်ပါတယ်။

ယူနိုက်တက်ဟာမကြာသေးမီတုန်းကထုတ်လွှင့်လာတဲ့ TalkTV နှင့်အင်တာဗျူးကြောင့်ခရစ္စတီယာနိုရော်နယ်ဒိုနှင့်လမ်းခွဲရန်ဆုံးဖြတ်လိုက်ပြီလည်းဖြစ်ပါတယ်။

ယင်းအင်တာဗျူးတွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်ကိုဝေဖန်မှုပြုလုပ်ခဲ့သလိုနည်းပြအဲရစ်တန်ဟက်ကိုလည်းဝေဖန်ပြောဆိုခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်တွင်တစ်ပတ်လုပ်ခပေါင်၅၀၀၀၀၀ဝန်းကျင်ရရှိနေသူဖြစ်ပြီးစာချုပ်သက်တမ်းမှာ၇လကျန်ရှိနေပါသေးတယ်။

ဒါပေမဲ့ယူနိုက်တက်ဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့၇လကျန်စာချုပ်ကိုဖျက်သိမ်းမှုပြုလုပ်လာတော့မှာဖြစ်ပါတယ်။

ယူနိုက်တက်ဟာခရစ္စတီယာနိုရော်နယ်ဒိုဘက်ကစည်းမျဉ်းစည်းကမ်းချိုးဖောက်ကာကလပ်ကိုဝေဖန်လာမှုနှင့်အတူနစ်နာကြေးတစုံတရာမပေးဘဲ အိုးထရက်ဖို့ဒ်မှကန်ထုတ်သွားမှာလည်းဖြစ်ပါတယ်။

ယူနိုက်တက်ဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့စာချုပ်ကိုဖျက်သိမ်းရေးအတွက်ကမ္ဘာ့ဖလားပြိုင်ပွဲမပြီးဆုံးမီပြုလုပ်ကာကလပ်ရဲ့ဒုတိယရာသီဝက်ကိုထိခိုက်မှုမရှိအောင်လုပ်ဆောင်လာမှာလည်းဖြစ်ပါတယ်။

တဖက်တွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာလည်းယင်းအင်တာဗျူးကိုပြုလုပ်ခဲ့ခြင်းမှာယူနိုက်တက်ဘက်ကစာချုပ်ဖျက်သိမ်းရေးလုပ်ဆောင်လာအောင်တမင်ပြုလုပ်လိုက်တာလို့ယူဆရပါတယ်။

ယူနိုက်တက်ဘက်ကသာစာချုပ်ဖျက်သိမ်းရေးအတွက်ကြိုးပမ်းလာမည်ဆိုပါကခရစ္စတီယာနိုရော်နယ်ဒိုဘက်ကကျေကျေနပ်နပ်လုပ်ဆောင်လာဖို့ရှိပါတယ်။

ZawGyi

ခရစၥတီယာႏိုေရာ္နယ္ဒိုကို နစ္နာေၾကးေပါင္ ၁၆ သန္းမေပးဘဲ ကန္ထုတ္ႏိုင္ေရး စတင္လုပ္ေဆာင္လာတဲ့ ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အိုးထရက္ဖို႔ဒ္ကာလကိုအဆုံးသတ္ႏိုင္ေရးအတြက္ဥပေဒေၾကာင္းအရစတင္လုပ္ေဆာင္လာၿပီျဖစ္ပါတယ္။

ယူႏိုက္တက္ဟာမၾကာေသးမီတုန္းကထုတ္လႊင့္လာတဲ့ TalkTV ႏွင့္အင္တာဗ်ဴးေၾကာင့္ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္လမ္းခြဲရန္ဆုံးျဖတ္လိုက္ၿပီလည္းျဖစ္ပါတယ္။

ယင္းအင္တာဗ်ဴးတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယူႏိုက္တက္ကိုေဝဖန္မႈျပဳလုပ္ခဲ့သလိုနည္းျပအဲရစ္တန္ဟက္ကိုလည္းေဝဖန္ေျပာဆိုခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယူႏိုက္တက္တြင္တစ္ပတ္လုပ္ခေပါင္၅၀၀၀၀၀ဝန္းက်င္ရရွိေနသူျဖစ္ၿပီးစာခ်ဳပ္သက္တမ္းမွာ၇လက်န္ရွိေနပါေသးတယ္။

ဒါေပမဲ့ယူႏိုက္တက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕၇လက်န္စာခ်ဳပ္ကိုဖ်က္သိမ္းမႈျပဳလုပ္လာေတာ့မွာျဖစ္ပါတယ္။

ယူႏိုက္တက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုဘက္ကစည္းမ်ဥ္းစည္းကမ္းခ်ိဳးေဖာက္ကာကလပ္ကိုေဝဖန္လာမႈႏွင့္အတူနစ္နာေၾကးတစုံတရာမေပးဘဲ အိုးထရက္ဖို႔ဒ္မွကန္ထုတ္သြားမွာလည္းျဖစ္ပါတယ္။

ယူႏိုက္တက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕စာခ်ဳပ္ကိုဖ်က္သိမ္းေရးအတြက္ကမာၻ႔ဖလားၿပိဳင္ပြဲမၿပီးဆုံးမီျပဳလုပ္ကာကလပ္ရဲ႕ဒုတိယရာသီဝက္ကိုထိခိုက္မႈမရွိေအာင္လုပ္ေဆာင္လာမွာလည္းျဖစ္ပါတယ္။

တဖက္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာလည္းယင္းအင္တာဗ်ဴးကိုျပဳလုပ္ခဲ့ျခင္းမွာယူႏိုက္တက္ဘက္ကစာခ်ဳပ္ဖ်က္သိမ္းေရးလုပ္ေဆာင္လာေအာင္တမင္ျပဳလုပ္လိုက္တာလို႔ယူဆရပါတယ္။

ယူႏိုက္တက္ဘက္ကသာစာခ်ဳပ္ဖ်က္သိမ္းေရးအတြက္ႀကိဳးပမ္းလာမည္ဆိုပါကခရစၥတီယာႏိုေရာ္နယ္ဒိုဘက္ကေက်ေက်နပ္နပ္လုပ္ေဆာင္လာဖို႔ရွိပါတယ္။