ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ယူနိုက်တက်အတွက် နောက်ဆုံးဝတ်ခဲ့တဲ့ အင်္ကျီကို လေလံတင်ရောင်းချလာ

မန်ချက်စတာယူနိုက်တက်အတွက်ခရစ္စတီယာနိုရော်နယ်ဒိုနောက်ဆုံးဝတ်ခဲ့တဲ့ယူနိုက်တက်အင်္ကျီ(နောက်ဆုံးဖြစ်လာနိုင်)ကိုလေလံတင်ရောင်းချခဲ့ရာပေါင်၃၉၀၀၀ဖြင့်ရောင်းချခဲ့ရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်အတွက်နောက်ဆုံးကစားတဲ့ပွဲအဖြစ်ယခုလအစောပိုင်းတုန်းကဗီလာကိုရှုံးနိမ့်တဲ့ပွဲမှာကစားခဲ့တာဖြစ်ပြီး ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ်လည်းတာဝန်ယူခဲ့တဲ့ပွဲဖြစ်ပါတယ်။

ယင်းပွဲစဉ်တွင်ခရစ္စတီယာနိုရော်နယ်ဒိုဝတ်ဆင်ခဲ့တဲ့အဖြူရောင်ယူနိုက်တက်အင်္ကျီကိုလေလံတင်ရောင်းချမှုပြုလုပ်ခဲ့ရာမှာ အမည်မဖော်လိုသူတရုတ်ပရိသတ်တစ်ဦးကပေါင်၃၉၀၀၀ကျော်ဖြင့်လေလံအောင်သွားခဲ့ပါတယ်။

ယင်းအင်္ကျီမှာယူနိုက်တက်အတွက်ခရစ္စတီယာနိုရော်နယ်ဒို နောက်ဆုံးဝတ်ဆင်ခဲ့တဲ့အင်္ကျီဖြစ်လာဖို့သေချာသလောက်ရှိနေပါတယ်။

အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာပီယာ့စ်မော်ဂန်နှင့်ပြုလုပ်တဲ့ TalkTV အင်တာဗျူးတွင် ယူနိုက်တက်၊ နည်းပြအဲရစ်တန်ဟက်၊အသင်းပိုင်ရှင်ဂလေဇာမိသားစုတို့ကိုဝေဖန်မှုများပြုလုပ်ခဲ့ပါတယ်။

ဒါကြောင့်လည်းယူနိုက်တက်ဟာအသင်းရဲ့စည်းမျဉ်းစည်းကမ်းများကိုချိုးဖောက်တဲ့ခရစ္စတီယာနိုရော်နယ်ဒိုရဲ့၇လကျန် ပေါင်၁၆သန်းတန်ဖိုးရှိစာချုပ်ကိုနစ်နာကြေးတစ်ပြားမျှမပေးဘဲစာချုပ်ဖျက်သိမ်းရန်စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုကိုယ်တိုင်မှာလည်းကမ္ဘာ့ဖလားပြိုင်ပွဲသို့ထွက်ခွာသွားချိန်တွင်ယင်းအင်တာဗျူးကိုထုတ်လွှင့်စေပြီးစာချုပ်ဖျက်သိမ်းခံရအောင်တမင်လုပ်ဆောင်လာတာလို့ယူဆရပါတယ်။

ZawGyi

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ ယူႏိုက္တက္အတြက္ ေနာက္ဆုံးဝတ္ခဲ့တဲ့ အက်ႌကို ေလလံတင္ေရာင္းခ်လာ

မန္ခ်က္စတာယူႏိုက္တက္အတြက္ခရစၥတီယာႏိုေရာ္နယ္ဒိုေနာက္ဆုံးဝတ္ခဲ့တဲ့ယူႏိုက္တက္အက်ႌ(ေနာက္ဆုံးျဖစ္လာႏိုင္)ကိုေလလံတင္ေရာင္းခ်ခဲ့ရာေပါင္၃၉၀၀၀ျဖင့္ေရာင္းခ်ခဲ့ရပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယူႏိုက္တက္အတြက္ေနာက္ဆုံးကစားတဲ့ပြဲအျဖစ္ယခုလအေစာပိုင္းတုန္းကဗီလာကိုရႈံးနိမ့္တဲ့ပြဲမွာကစားခဲ့တာျဖစ္ၿပီး ယူႏိုက္တက္အသင္းေခါင္းေဆာင္အျဖစ္လည္းတာဝန္ယူခဲ့တဲ့ပြဲျဖစ္ပါတယ္။

ယင္းပြဲစဥ္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဝတ္ဆင္ခဲ့တဲ့အျဖဴေရာင္ယူႏိုက္တက္အက်ႌကိုေလလံတင္ေရာင္းခ်မႈျပဳလုပ္ခဲ့ရာမွာ အမည္မေဖာ္လိုသူတ႐ုတ္ပရိသတ္တစ္ဦးကေပါင္၃၉၀၀၀ေက်ာ္ျဖင့္ေလလံေအာင္သြားခဲ့ပါတယ္။

ယင္းအက်ႌမွာယူႏိုက္တက္အတြက္ခရစၥတီယာႏိုေရာ္နယ္ဒို ေနာက္ဆုံးဝတ္ဆင္ခဲ့တဲ့အက်ႌျဖစ္လာဖို႔ေသခ်ာသေလာက္ရွိေနပါတယ္။

အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာပီယာ့စ္ေမာ္ဂန္ႏွင့္ျပဳလုပ္တဲ့ TalkTV အင္တာဗ်ဴးတြင္ ယူႏိုက္တက္၊ နည္းျပအဲရစ္တန္ဟက္၊အသင္းပိုင္ရွင္ဂေလဇာမိသားစုတို႔ကိုေဝဖန္မႈမ်ားျပဳလုပ္ခဲ့ပါတယ္။

ဒါေၾကာင့္လည္းယူႏိုက္တက္ဟာအသင္းရဲ႕စည္းမ်ဥ္းစည္းကမ္းမ်ားကိုခ်ိဳးေဖာက္တဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕၇လက်န္ ေပါင္၁၆သန္းတန္ဖိုးရွိစာခ်ဳပ္ကိုနစ္နာေၾကးတစ္ျပားမွ်မေပးဘဲစာခ်ဳပ္ဖ်က္သိမ္းရန္စတင္လုပ္ေဆာင္ေနၿပီျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုကိုယ္တိုင္မွာလည္းကမာၻ႔ဖလားၿပိဳင္ပြဲသို႔ထြက္ခြာသြားခ်ိန္တြင္ယင္းအင္တာဗ်ဴးကိုထုတ္လႊင့္ေစၿပီးစာခ်ဳပ္ဖ်က္သိမ္းခံရေအာင္တမင္လုပ္ေဆာင္လာတာလို႔ယူဆရပါတယ္။