
ခရစ္စတီယာနိုရော်နယ်ဒိုအတွက်ကောင်းမွန်တဲ့ရက်သတ္တပတ်မဖြစ်ခဲ့ပါဘူး။
မော်ရိုကိုဟာပေါ်တူဂီကို၁-၀ဂိုးဖြင့်အနိုင်ယူပြီးကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်နိုင်တဲ့ပထမဆုံးအာဖရိကအသင်းအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ယင်းပွဲမှာမော်ရိုကိုအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုယူဆတ်ဖ်အန်နီဆီရီကအမြင့်ခုန်ခေါင်းတိုက်ဂိုးဖြင့်သွင်းယူသွားခဲ့ပါတယ်။
သူဟာခရစ္စတီယာနိုရော်နယ်ဒိုလိုမျိုးဂိုးနဲ့နောက်ခံလူတို့ထက်အမြင့်ခုန်ပြီးခေါင်းတိုက်သွင်းသွားတာဖြစ်ပါတယ်။
ယခုအခါမှာတော့အန်နီဆီရီရဲ့ဂိုးကခရစ္စတီယာနိုရော်နယ်ဒိုရဲ့အမြင့်ခုန်ဂိုးစံချိန်ကိုရိုက်ချိုးလိုက်ပြီဖြစ်ကြောင်းအတည်ပြုနိုင်ပြီဖြစ်ပါတယ်။
မော်ရိုကိုကစားသမားဟာအမြင့်၉ပေ၊၁လက်ခခုန်ပြီးဂိုးသွင်းခဲ့ကာခရစ္စတီယာနိုရော်နယ်ဒိုရဲ့စံချိန်တင်အမြင့်ခုန်ဂိုးကိုရိုက်ချိုးလိုက်ပြီဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာဆမ်ဒိုးရီးယားနှင့်ပွဲမှာဂျူဗင်တပ်အတွက်၈ပေ၊၄လက်မအမြင့်ခုန်ပြီးဂိုးသွင်းယူခဲ့ပါတယ်။
ယခုအခါမော်ရိုကိုကစားသမားဟာခရစ္စတီယာနိုရော်နယ်ဒိုထက်၈လက်မပိုအမြင့်ခုန်ပြီးသွင်းယူကာစံချိန်သစ်တင်လိုက်ပြီဖြစ်ပါတယ်။
အန်နီဆီရီနှင့်ခရစ္စတီယာနိုရော်နယ်ဒိုတို့ဟာအရပ်အမြင့်၆ပေ၊၂လက်မစီတူညီကြသူတွေပါ။နှစ်ဦးလုံးတို့ဟာတူညီတဲ့အခြေအနေမျိုးကနေအံ့မခန်းအမြင့်ခုန်ပြီးခေါင်းတိုက်သွင်းခဲ့ကြတာလည်းဖြစ်ပါတယ်။
ZawGyi
ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အျမင့္ခုန္ေခါင္းတိုက္ဂိုးစံခ်ိန္ကို ၉ေပ၊ ၁ လက္မျဖင့္ ႐ိုက္ခ်ိဳးလိုက္တဲ့ ေမာ္႐ိုကိုရဲ႕အန္နီဆီရီ
ခရစၥတီယာႏိုေရာ္နယ္ဒိုအတြက္ေကာင္းမြန္တဲ့ရက္သတၱပတ္မျဖစ္ခဲ့ပါဘူး။
ေမာ္႐ိုကိုဟာေပၚတူဂီကို၁-၀ဂိုးျဖင့္အႏိုင္ယူၿပီးကမာၻ႔ဖလားဆီမီးဖိုင္နယ္အဆင့္သို႔တက္ေရာက္ႏိုင္တဲ့ပထမဆုံးအာဖရိကအသင္းအျဖစ္မွတ္တမ္းဝင္သြားခဲ့ပါတယ္။
ယင္းပြဲမွာေမာ္႐ိုကိုအတြက္တစ္လုံးတည္းေသာအႏိုင္ဂိုးကိုယူဆတ္ဖ္အန္နီဆီရီကအျမင့္ခုန္ေခါင္းတိုက္ဂိုးျဖင့္သြင္းယူသြားခဲ့ပါတယ္။
သူဟာခရစၥတီယာႏိုေရာ္နယ္ဒိုလိုမ်ိဳးဂိုးနဲ႔ေနာက္ခံလူတို႔ထက္အျမင့္ခုန္ၿပီးေခါင္းတိုက္သြင္းသြားတာျဖစ္ပါတယ္။
ယခုအခါမွာေတာ့အန္နီဆီရီရဲ႕ဂိုးကခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အျမင့္ခုန္ဂိုးစံခ်ိန္ကို႐ိုက္ခ်ိဳးလိုက္ၿပီျဖစ္ေၾကာင္းအတည္ျပဳႏိုင္ၿပီျဖစ္ပါတယ္။
ေမာ္႐ိုကိုကစားသမားဟာအျမင့္၉ေပ၊၁လက္ခခုန္ၿပီးဂိုးသြင္းခဲ့ကာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕စံခ်ိန္တင္အျမင့္ခုန္ဂိုးကို႐ိုက္ခ်ိဳးလိုက္ၿပီျဖစ္ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဆမ္ဒိုးရီးယားႏွင့္ပြဲမွာဂ်ဴဗင္တပ္အတြက္၈ေပ၊၄လက္မအျမင့္ခုန္ၿပီးဂိုးသြင္းယူခဲ့ပါတယ္။
ယခုအခါေမာ္႐ိုကိုကစားသမားဟာခရစၥတီယာႏိုေရာ္နယ္ဒိုထက္၈လက္မပိုအျမင့္ခုန္ၿပီးသြင္းယူကာစံခ်ိန္သစ္တင္လိုက္ၿပီျဖစ္ပါတယ္။
အန္နီဆီရီႏွင့္ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ဟာအရပ္အျမင့္၆ေပ၊၂လက္မစီတူညီၾကသူေတြပါ။ႏွစ္ဦးလုံးတို႔ဟာတူညီတဲ့အေျခအေနမ်ိဳးကေနအံ့မခန္းအျမင့္ခုန္ၿပီးေခါင္းတိုက္သြင္းခဲ့ၾကတာလည္းျဖစ္ပါတယ္။