ခရစ္စတီယာနိုရော်နယ်ဒိုနှင့် ပြဿနာတက်ခဲ့တဲ့ နည်းပြဆန်းတို့စ်ကို ထုတ်ပယ်တော့မဲ့ ပေါ်တူဂီ

ပေါ်တူဂီဟာယူရို၂၀၁၆ချန်ပီယံဖြစ်အောင်ဦးဆောင်ခဲ့တဲ့နည်းပြဖာနန်ဒိုဆန်းတို့စ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲကွာတားဖိုင်နယ်မှထွက်ခွာခဲ့ရပြီးနောက်ထုတ်ပယ်လာတော့မှာလည်းဖြစ်ပါတယ်။

ဖာနန်ဒိုဆန်းတို့စ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ကတောက်ကဆဖြစ်ခဲ့ပြီးနောက် ၁၆သင်းရှုံးထွက်အဆင့်နှင့်ကွာတားဖိုင်နယ်တို့တွင်အရန်ခုံသို့ပို့ခဲ့ပါတယ်။

ဆန်းတို့စ်ဟာတောင်ကိုရီးယားနှင့်အုပ်စုနောက်ဆုံးပွဲတွင်လူစားလဲခံရမှုအပေါ်မကျေနပ်တဲ့ခရစ္စတီယာနိုရော်နယ်ဒိုကိုဆွစ်ဇာလန်ကို၆-၁ဖြင့်အနိုင်ရတဲ့ပွဲမှာအရန်ခုံမှာထိုင်ခိုင်းထားခဲ့ပါတယ်။

ဒါ့အပြင်ဖာနန်ဒိုဆန်းတို့စ်ဟာမော်ရိုကိုကိုရှုံးနိမ့်တဲ့ကွာတားဖိုင်နယ်ပွဲစဉ်တွင်လည်းအရန်ခုံသို့ထပ်ပို့ခဲ့ပါတယ်။

ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ကေမ္ဘာ့ဖလားကာတားဖိုင်နယ်မှထွက်ခဲ့ရပြီးနောက်အသင်းကိုရှစ်နှစ်ကြာဦး‌ဆောင်လာခဲ့တဲ့ဖာနန်ဒိုဆန်းတို့စ်နှင့်လမ်းခွဲရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ပေါ်တူဂီနည်းပြရာထူးအတွက်ရိုးမားနည်းပြမော်ရင်ဟိုနှင့်လိုင်လီနည်းပြဖွန်ဆီကာတို့ကထိပ်ဆုံးမှရေပန်းစားနေပါတယ်။

မနေ့တုန်းကထွက်ခဲ့တဲ့သတင်းအရပေါ်တူဂီဟာမော်ရင်ဟိုကိုရိုးမားနှင့်ပေါ်တူဂီအားပူးတွဲကိုင်တွယ်ခွင့်ပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။

ZawGyi

ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ ျပႆနာတက္ခဲ့တဲ့ နည္းျပဆန္းတို႔စ္ကို ထုတ္ပယ္ေတာ့မဲ့ ေပၚတူဂီ

ေပၚတူဂီဟာယူ႐ို၂၀၁၆ခ်န္ပီယံျဖစ္ေအာင္ဦးေဆာင္ခဲ့တဲ့နည္းျပဖာနန္ဒိုဆန္းတို႔စ္ကို ကမာၻ႔ဖလားၿပိဳင္ပြဲကြာတားဖိုင္နယ္မွထြက္ခြာခဲ့ရၿပီးေနာက္ထုတ္ပယ္လာေတာ့မွာလည္းျဖစ္ပါတယ္။

ဖာနန္ဒိုဆန္းတို႔စ္ဟာကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ကေတာက္ကဆျဖစ္ခဲ့ၿပီးေနာက္ ၁၆သင္းရႈံးထြက္အဆင့္ႏွင့္ကြာတားဖိုင္နယ္တို႔တြင္အရန္ခုံသို႔ပို႔ခဲ့ပါတယ္။

ဆန္းတို႔စ္ဟာေတာင္ကိုရီးယားႏွင့္အုပ္စုေနာက္ဆုံးပြဲတြင္လူစားလဲခံရမႈအေပၚမေက်နပ္တဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုကိုဆြစ္ဇာလန္ကို၆-၁ျဖင့္အႏိုင္ရတဲ့ပြဲမွာအရန္ခုံမွာထိုင္ခိုင္းထားခဲ့ပါတယ္။

ဒါ့အျပင္ဖာနန္ဒိုဆန္းတို႔စ္ဟာေမာ္႐ိုကိုကိုရႈံးနိမ့္တဲ့ကြာတားဖိုင္နယ္ပြဲစဥ္တြင္လည္းအရန္ခုံသို႔ထပ္ပို႔ခဲ့ပါတယ္။

ေပၚတူဂီေဘာလုံးအဖြဲ႕ခ်ဳပ္ေကမာၻ႔ဖလားကာတားဖိုင္နယ္မွထြက္ခဲ့ရၿပီးေနာက္အသင္းကိုရွစ္ႏွစ္ၾကာဦး‌ေဆာင္လာခဲ့တဲ့ဖာနန္ဒိုဆန္းတို႔စ္ႏွင့္လမ္းခြဲရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ေပၚတူဂီနည္းျပရာထူးအတြက္႐ိုးမားနည္းျပေမာ္ရင္ဟိုႏွင့္လိုင္လီနည္းျပဖြန္ဆီကာတို႔ကထိပ္ဆုံးမွေရပန္းစားေနပါတယ္။

မေန႔တုန္းကထြက္ခဲ့တဲ့သတင္းအရေပၚတူဂီဟာေမာ္ရင္ဟိုကို႐ိုးမားႏွင့္ေပၚတူဂီအားပူးတြဲကိုင္တြယ္ခြင့္ေပးသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။