ခရစ္စတီယာရော်နယ်ဒိုအင်္ကျီများကို မန်ယူပရိသတ်များ မီးရှို့သွားမည်

မန်ယူပရိသတ်များဟာမန်စီးတီးသို့ပြောင်းရန်ကစားသမားဟောင်းခရစ္စတီယာနိုရော်နယ်ဒို ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားပြီလို့သတင်းထွက်ပေါ်လာမှုအပေါ် စိတ်မချမ်းမသာဖြစ်လျက်ရှိကြပါတယ်။

အသက်၃၆နှစ်ရှိပေါ်တူဂီစူပါစတားဟာမန်စီးတီးနည်းပြပက်ဂွါဒီယိုလာနှင့်တိုက်ရိုက်စကားပြောဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။တစ်ဖက်တွင်ဂျူဗင်တပ်ဟာလည်းရော်နယ်ဒိုရဲ့အပြောင်းအရွှေ့အတွက်ပရီးမီးယားလိဂ်ချန်ပီယံနှင့်ဆွေးနွေးလာပါတယ်။

မန်ယူပရိသတ်များဟာမန်စီးတီးသို့ပြောင်းရန်ခရစ္စတီယာနိုရော်နယ်ဒိုပုဂ္ဂိုလ်ရေးသဘောတူညီမှုရထားပြီဟုသတင်းထွက်ပေါ်လာပြီးနောက်အကြီးအကျယ်ဒေါသထွက်နေပါတယ်။

မန်ယူပရိသတ်များကခရစ္စတီယာနိုရော်နယ်ဒိုကိုမြို့ခံပြိုင်ဘက်မန်စီးတီးသို့ပြောင်းရန်စီစဉ်နေမှုအပေါ်သစ္စာဖောက်တဲ့လုပ်ရပ်လို့ယုံကြည်နေပါတယ်။

ရော်နယ်ဒိုဟာစပို့တင်းလစ္စဘွန်းတွင်ကစားသမားဘဝစတင်ခဲ့တယ်ဆိုပေမယ့်မန်ယူတွင်ကမ္ဘာ့ထိပ်တန်းကစားသမားတစ်ဦးအဖြစ်တိုးတက်လာခဲ့သူဖြစ်ပါတယ်။

ဒါကြောင့်လည်းမန်ယူပရိသတ်များဟာရော်နယ်ဒိုအပေါ်အကြီးအကျယ်ဒေါသထွက်နေကာရော်နယ်ဒိုအမည်ပါအင်္ကျီများကိုမီးရှို့ရန်စီစဉ်နေပါတယ်။

ZawGyi






