
ယူနိုက်တက်နှင့်အာဆင်နယ်ပရိသတ်များဟာပရီးမီးယားလိဂ်ကကမ္ဘာ့ဖလားပြိုင်ပွဲအပြီးခရစ္စမတ်နှင့်နှစ်သစ်ကူးပွဲစဉ်ပွဲပြက္ခဒိန်ကြေညာလာပြီးနောက် အကြီးအကျယ်ဒေါသထွက်လျက်ရှိပါတယ်။
ပရီးမီးယားလိဂ်ကလပ်များဟာ ဘောက်ဆင်းဒေးပွဲစဉ်များကို ရုပ်သံထုတ်လွှင့်ရေးကုမ္ပဏီများနှင့်ညှိနှိုင်းပြီးနောက်ထုတ်ပြန်ကြေညာလာတာလည်းဖြစ်ပါတယ်။
ပရီးမီးယားလိဂ်က၎င်းတို့ဟာပွဲများအကြားအချိန်များစွာရရှိရေးအတွက်အထူးစီမံထားကြောင်းလည်းဆိုထားပါတယ်။
ဘောက်ဆင်ဒေးပွဲများဖြစ်တဲ့ချဲလ်ဆီး-ဘုန်းမောက်၊လိဒ်-မန်စီးတီးနှင့်ယူနိုက်တက်-နော်တင်ဟမ်ဖောရက်စ်ပွဲတို့မှာရက်နောက်ဆုတ်ပြီးကစားရပါမယ်။
ပရီးမီးယားလိဂ်ကယင်းအပြောင်းအလဲကြောင့်ကစားသမားများအနေဖြင့်ပွဲတစ်ပွဲနှင့်တစ်ပွဲအကြားနားချိန်ပိုလာရမှာဖြစ်ပြီး ၄၈နာရီအတွင်းပွဲကစားလာရမှာမဟုတ်ကြောင်းဆိုထားပါတယ်။
ဒါပေမဲ့ယူနိုက်တက်နှင့်အာဆင်နယ်ပရိသတ်များဟာပွဲစဉ်ပြန်လည်ရေးဆွဲလာမှုနှင့်ပတ်သက်ပြီးအပြင်းအထန်ဝေဖန်နေကြပါတယ်။
ယူနိုက်တက်ပရိသတ်တစ်ဦး “မယုံကြည်နိုင်စရာ ကျုပ်တို့ပွဲပြက္ခဒိန်ပဲ။ဘောက်ဆင်ဒေးပွဲက၂၇ရက်နေ့ညနေ၈နာရီသို့ပြောင်းလိုက်ပြီ။တကယ့်ဟာသပဲ”လို့ဆိုသွားပါတယ်။
အခြားတစ်ဦးကလည်း “ပွဲကစားရက်နဲ့ပွဲချိန်ကလုံးဝကိုအရေးမပါတာပဲ”လို့ဆိုသွားပါတယ်။
အာဆင်နယ်ပရိသတ်တစ်ဦးကလည်း “ပွဲသုံးပွဲလုံးလက်ခံနိုင်စရာမရှိဘူး”လို့ဆိုသွားပါတယ်။အခြားအာဆင်နယ်ပရိသတ်တစ်ဦးကလည်း “ဘောက်ဆင်ဒေးပွဲကိုည၈နာရီကစားရမယ်။နှစ်သစ်ကူးပွဲကျတော့၅နာရီခွဲ။ပရီးမီးယားလိဂ်နဲ့ရုပ်သံတွေလုပ်လိုက်ရင်တလွဲတွေချည်းပဲ”လို့ဆိုသွားပါတယ်။
ZawGyi
ခရစၥမတ္ႏွင့္ႏွစ္ကူးပြဲစဥ္မ်ား ေၾကညာလာၿပီးေနာက္ ယူႏိုက္တက္ႏွင့္အာဆင္နယ္ပရိသတ္မ်ားေပါက္ကြဲ
ယူႏိုက္တက္ႏွင့္အာဆင္နယ္ပရိသတ္မ်ားဟာပရီးမီးယားလိဂ္ကကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးခရစၥမတ္ႏွင့္ႏွစ္သစ္ကူးပြဲစဥ္ပြဲျပကၡဒိန္ေၾကညာလာၿပီးေနာက္ အႀကီးအက်ယ္ေဒါသထြက္လ်က္ရွိပါတယ္။
ပရီးမီးယားလိဂ္ကလပ္မ်ားဟာ ေဘာက္ဆင္းေဒးပြဲစဥ္မ်ားကို ႐ုပ္သံထုတ္လႊင့္ေရးကုမၸဏီမ်ားႏွင့္ညႇိႏႈိင္းၿပီးေနာက္ထုတ္ျပန္ေၾကညာလာတာလည္းျဖစ္ပါတယ္။
ပရီးမီးယားလိဂ္က၎တို႔ဟာပြဲမ်ားအၾကားအခ်ိန္မ်ားစြာရရွိေရးအတြက္အထူးစီမံထားေၾကာင္းလည္းဆိုထားပါတယ္။
ေဘာက္ဆင္ေဒးပြဲမ်ားျဖစ္တဲ့ခ်ဲလ္ဆီး-ဘုန္းေမာက္၊လိဒ္-မန္စီးတီးႏွင့္ယူႏိုက္တက္-ေနာ္တင္ဟမ္ေဖာရက္စ္ပြဲတို႔မွာရက္ေနာက္ဆုတ္ၿပီးကစားရပါမယ္။
ပရီးမီးယားလိဂ္ကယင္းအေျပာင္းအလဲေၾကာင့္ကစားသမားမ်ားအေနျဖင့္ပြဲတစ္ပြဲႏွင့္တစ္ပြဲအၾကားနားခ်ိန္ပိုလာရမွာျဖစ္ၿပီး ၄၈နာရီအတြင္းပြဲကစားလာရမွာမဟုတ္ေၾကာင္းဆိုထားပါတယ္။
ဒါေပမဲ့ယူႏိုက္တက္ႏွင့္အာဆင္နယ္ပရိသတ္မ်ားဟာပြဲစဥ္ျပန္လည္ေရးဆြဲလာမႈႏွင့္ပတ္သက္ၿပီးအျပင္းအထန္ေဝဖန္ေနၾကပါတယ္။
ယူႏိုက္တက္ပရိသတ္တစ္ဦး “မယုံၾကည္ႏိုင္စရာ က်ဳပ္တို႔ပြဲျပကၡဒိန္ပဲ။ေဘာက္ဆင္ေဒးပြဲက၂၇ရက္ေန႔ညေန၈နာရီသို႔ေျပာင္းလိုက္ၿပီ။တကယ့္ဟာသပဲ”လို႔ဆိုသြားပါတယ္။
အျခားတစ္ဦးကလည္း “ပြဲကစားရက္နဲ႔ပြဲခ်ိန္ကလုံးဝကိုအေရးမပါတာပဲ”လို႔ဆိုသြားပါတယ္။
အာဆင္နယ္ပရိသတ္တစ္ဦးကလည္း “ပြဲသုံးပြဲလုံးလက္ခံႏိုင္စရာမရွိဘူး”လို႔ဆိုသြားပါတယ္။အျခားအာဆင္နယ္ပရိသတ္တစ္ဦးကလည္း “ေဘာက္ဆင္ေဒးပြဲကိုည၈နာရီကစားရမယ္။ႏွစ္သစ္ကူးပြဲက်ေတာ့၅နာရီခြဲ။ပရီးမီးယားလိဂ္နဲ႔႐ုပ္သံေတြလုပ္လိုက္ရင္တလြဲေတြခ်ည္းပဲ”လို႔ဆိုသြားပါတယ္။