ခရစ္စမတ်မတိုင်မီ ပေါ့ဘာရဲ့အနာဂတ်နှင့်ပတ်သက်ပြီး ပြတ်သားစွာသိရရန် မန်ယူအလိုရှိနေ

မန်ယူဟာလာမယ့်ခရစ္စမတ်ကာလမတိုင်မီပေါလ်ပေါ့ဘာရဲ့အနာဂတ်နဲ့ပတ်သက်ပြီးပြတ်ပြတ်သားသားသိရှိလိုနေပါတယ်။

ပေါလ်ပေါ့ဘာဟာယခုရာသီအကုန်တွင်မန်ယူနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးလာမယ့်ဇန်နဝါရီ၁ရက်နေ့မှစတင်ကာနိုင်ငံခြားကလပ်များနှင့်လွတ်လပ်စွာဆွေးနွေးကာအကြိုစာချုပ်ချုပ်ဆိုထားနိုင်သူဖြစ်ပါတယ်။

မန်ယူဟာပေါ့ဘာအားတစ်ပတ်လုပ်ခပေါင်၄၀၀၀၀တန်စာချုပ်သစ်ကမ်းလှမ်းထားပြီး စာချုပ်သစ်ချုပ်ဆိုနိုင်ရေးအတွက်အေးဂျင့်မီနိုရိုင်အိုလာနှင့်ပုံမှန်ဆွေးနွေးမှုများပြုလုပ်လာခဲ့ပေမယ့်ပြေလည်မှုမရရှိသေးပါဘူး။

ဒါပေမယ့်မန်ယူဟာပြီးခဲ့တဲ့လများအတွင်းမှာပေါ့ဘာရဲ့အနာဂတ်များနှင့်ပတ်သက်ပြီးဆွေးနွေးမှုမှာတိုးတက်နေရာစာချုပ်သစ်ချုပ်ဆိုနိုင်မယ်လို့လည်းယုံကြည်မှုမြင့်တက်နေပါတယ်။

တစ်ဖက်တွင်မန်ယူဟာပေါ့ဘာရဲ့အနာဂတ်နှင့်ပတ်သက်ပြီးခရစ္စမတ်ကာလမတိုင်မီသိရှိနေပါတယ်။မန်ယူဟာပေါ့ဘာဘက်ကပြတ်သားစွာဆုံးဖြတ်လာပါကပြင်ဆင်စရာရှိတဲ့အရာများကိုပြင်ဆင်လိုနေတာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ပေါ့ဘာကိုရီးရဲလ်မက်ဒရစ်၊အသင်းဟောင်းဂျူဗင်တပ်နှင့်ပီအက်စ်ဂျီတို့ကခေါ်ယူရန်စိတ်ဝင်စားနေပါတယ်။

ပေါ့ဘာဟာယခုရာသီမှာမန်ယူရဲ့အရေးပါတဲ့ကစားသမားတစ်ဦးအဖြစ်ခြေစွမ်းပြကစားနေသူဖြစ်ပြီးဖန်တီးမှု၇ကြိမ်အထိပြုလုပ်ထားနိုင်ပါတယ်။

ZawGyi

ခရစၥမတ္မတိုင္မီ ေပါ့ဘာရဲ႕အနာဂတ္ႏွင့္ပတ္သက္ၿပီး ျပတ္သားစြာသိရရန္ မန္ယူအလိုရွိေန

မန္ယူဟာလာမယ့္ခရစၥမတ္ကာလမတိုင္မီေပါလ္ေပါ့ဘာရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီးျပတ္ျပတ္သားသားသိရွိလိုေနပါတယ္။

ေပါလ္ေပါ့ဘာဟာယခုရာသီအကုန္တြင္မန္ယူႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးလာမယ့္ဇန္နဝါရီ၁ရက္ေန႔မွစတင္ကာႏိုင္ငံျခားကလပ္မ်ားႏွင့္လြတ္လပ္စြာေဆြးေႏြးကာအႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုထားႏိုင္သူျဖစ္ပါတယ္။

မန္ယူဟာေပါ့ဘာအားတစ္ပတ္လုပ္ခေပါင္၄၀၀၀၀တန္စာခ်ဳပ္သစ္ကမ္းလွမ္းထားၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ေရးအတြက္ေအးဂ်င့္မီႏို႐ိုင္အိုလာႏွင့္ပုံမွန္ေဆြးေႏြးမႈမ်ားျပဳလုပ္လာခဲ့ေပမယ့္ေျပလည္မႈမရရွိေသးပါဘူး။

ဒါေပမယ့္မန္ယူဟာၿပီးခဲ့တဲ့လမ်ားအတြင္းမွာေပါ့ဘာရဲ႕အနာဂတ္မ်ားႏွင့္ပတ္သက္ၿပီးေဆြးေႏြးမႈမွာတိုးတက္ေနရာစာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္မယ္လို႔လည္းယုံၾကည္မႈျမင့္တက္ေနပါတယ္။

တစ္ဖက္တြင္မန္ယူဟာေပါ့ဘာရဲ႕အနာဂတ္ႏွင့္ပတ္သက္ၿပီးခရစၥမတ္ကာလမတိုင္မီသိရွိေနပါတယ္။မန္ယူဟာေပါ့ဘာဘက္ကျပတ္သားစြာဆုံးျဖတ္လာပါကျပင္ဆင္စရာရွိတဲ့အရာမ်ားကိုျပင္ဆင္လိုေနတာလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ေပါ့ဘာကိုရီးရဲလ္မက္ဒရစ္၊အသင္းေဟာင္းဂ်ဴဗင္တပ္ႏွင့္ပီအက္စ္ဂ်ီတို႔ကေခၚယူရန္စိတ္ဝင္စားေနပါတယ္။

ေပါ့ဘာဟာယခုရာသီမွာမန္ယူရဲ႕အေရးပါတဲ့ကစားသမားတစ္ဦးအျဖစ္ေျခစြမ္းျပကစားေနသူျဖစ္ၿပီးဖန္တီးမႈ၇ႀကိမ္အထိျပဳလုပ္ထားႏိုင္ပါတယ္။