ခရစ်တင်ဆင်ရဲ့ဘာစီလိုနာအပြောင်းအရွှေ့ကို ယခုရက်ပိုင်းအတွင်းတွင် ကြေညာသွားမည်

အင်ဒရေခရစ်တင်ဆင်ရဲ့ဘာစီလိုနာသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့မှုကိုယခုရက်ပိုင်းအတွင်းတွင်ကြေညာသွားမည်ဖြစ်ကြောင်းသိရပါတယ်။

အသက်၂၅နှစ်ရှိချဲလ်ဆီးဗဟိုနောက်ခံလူဟာယခုရာသီအကုန်တွင်ချဲလ်ဆီးနှင့်စာချုပ်သက်တမ်းကုန်ဆုံးပါမယ်။

သူဟာချဲလ်ဆီးနှင့်စာချုပ်သစ်ချုပ်ဆိုရေးအတွက်လပေါင်းများစွာဆွေးနွေးလာခဲ့ပေမဲ့လည်းသဘောတူညီမှုမရရှိခဲ့ပါဘူး။ယခုအခါမှာတော့ဒိန်းမတ်လက်ရွေးစင်နောက်ခံလူဟာရာသီအကုန်တွင်ဆယ်နှစ်ကြာကစားလာခဲ့တဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကိုစွန့်ခွာသွားတော့မှာဖြစ်ပါတယ်။

ခရစ်တင်ဆင်ဟာဘာစီလိုနာနှင့်၂၀၂၇ခုနှစ်အထိငါးနှစ်စာချုပ်ချုပ်ဆိုသွားဖို့ရှိနေပြီး တစ်ပတ်လုပ်ခပေါင်၉၅၀၀၀ရရှိလာဖို့ရှိပါတယ်။

စပိန်မီဒီယာများရဲ့ဖော်ပြချက်အရဒိန်းမတ်အတွက်၅၄ပွဲကစားထားတဲ့ခရစ်တင်ဆင်ဟာဘာစီလိုနာသို့ပြောင်းရန်ဆေးစစ်ဆေးမှုပါပြုလုပ်ပြီးပြီလို့သိရပါတယ်။

ခရစ်တင်ဆင်ဟာချဲလ်ဆီးအတွက်စုစုပေါင်း၁၅၃ပွဲကစားကာယခုရာသီမှာ၂၆ပွဲကစားခွင့်ရထားပါတယ်။

Zawgyi

ခရစ္တင္ဆင္ရဲ႕ဘာစီလိုနာအေျပာင္းအေ႐ႊ႕ကို ယခုရက္ပိုင္းအတြင္းတြင္ ေၾကညာသြားမည္

အင္ဒေရခရစ္တင္ဆင္ရဲ႕ဘာစီလိုနာသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းေ႐ႊ႕မႈကိုယခုရက္ပိုင္းအတြင္းတြင္ေၾကညာသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

အသက္၂၅ႏွစ္ရွိခ်ဲလ္ဆီးဗဟိုေနာက္ခံလူဟာယခုရာသီအကုန္တြင္ခ်ဲလ္ဆီးႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးပါမယ္။

သူဟာခ်ဲလ္ဆီးႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအတြက္လေပါင္းမ်ားစြာေဆြးေႏြးလာခဲ့ေပမဲ့လည္းသေဘာတူညီမႈမရရွိခဲ့ပါဘူး။ယခုအခါမွာေတာ့ဒိန္းမတ္လက္ေ႐ြးစင္ေနာက္ခံလူဟာရာသီအကုန္တြင္ဆယ္ႏွစ္ၾကာကစားလာခဲ့တဲ့ စတမ္းဖို႔ဒ္ဘရစ္ခ်္ကိုစြန႔္ခြာသြားေတာ့မွာျဖစ္ပါတယ္။

ခရစ္တင္ဆင္ဟာဘာစီလိုနာႏွင့္၂၀၂၇ခုႏွစ္အထိငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုသြားဖို႔ရွိေနၿပီး တစ္ပတ္လုပ္ခေပါင္၉၅၀၀၀ရရွိလာဖို႔ရွိပါတယ္။

စပိန္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရဒိန္းမတ္အတြက္၅၄ပြဲကစားထားတဲ့ခရစ္တင္ဆင္ဟာဘာစီလိုနာသို႔ေျပာင္းရန္ေဆးစစ္ေဆးမႈပါျပဳလုပ္ၿပီးၿပီလို႔သိရပါတယ္။

ခရစ္တင္ဆင္ဟာခ်ဲလ္ဆီးအတြက္စုစုေပါင္း၁၅၃ပြဲကစားကာယခုရာသီမွာ၂၆ပြဲကစားခြင့္ရထားပါတယ္။