
ချဲလ်ဆီးမှအငှားဖြင့်လာရောက်ကစားနေတဲ့ကော်နာဂယ်လာဂါဟာမနေ့ညတုန်းကပဲလေ့စ်နှင့်ဝက်စ်ဟမ်းတို့နှစ်ဂိုးစီသရေကျတဲ့ပွဲမှာဘာစီလိုနာဂန္ထဝင်ဂျိုဟန်ခရိုက်ဖ်လှည့်ကွက်ဖြင့်ပဲလေ့စ်အတွက်လှပတဲ့ဂိုးတစ်ဂိုးကိုသွင်းယူပြခဲ့ပါတယ်။
ချဲလ်ဆီးမှအငှားဖြင့်ရောက်လာပြီးနောက်ပဲလေ့စ်တွင်ဂိုးပေါက်မတွေ့သေးတဲ့ဂယ်လာဂါဟာဝက်စ်ဟမ်းနှင့်ပွဲမှာပွဲချိန်၅၈မိနစ်မှာလည်းပဲလေ့စ်အတွက်ချေပဂိုးသွင်းယူခဲ့သူဖြစ်ပါတယ်။
သူဟာပွဲချိန်၇၀မိနစ်မှာလည်းဝက်စ်ဟမ်းဧရိယာအတွင်းမှာခရစ်ဒေါ်ဆင်ကိုခရိုက်ဖ်စတိုင်မျိုးဖြင့်လှည့်စားပြီးဂိုးသွင်းခွင့်ရအောင်ကိုယ်တိုင်ဖန်တီးကာသွင်းယူခဲ့ပါတယ်။
ဝက်စ်ဟမ်းဟာပဲလေ့စ်နှင့်သရေကျမှုကြောင့်နှစ်ပွဲဆက်အနိုင်ရရှိမှုရပ်တန့်သွားပြီးပဲေ့လစ်ကတော့နိုင်ပွဲမရသေးပါဘူး။
ZawGyi
ခရိုက်ဖ်လှည့်ကွက်ဖြင့် ပဲလေ့စ်အတွက် လှပတဲ့ဂိုးသွင်းခဲ့တဲ့ ချဲလ်ဆီးမှအငှားချထားတဲ့ ဂယ်လာဂါ
ဝက်စ်ဟမ်းဟာပဲလေ့စ်နှင့်သရေကျမှုကြောင့်နှစ်ပွဲဆက်အနိုင်ရရှိမှုရပ်တန့်သွားပြီးပဲလေ့စ်ကတော့နိုင်ပွဲမရသေးပါဘူး။