ခရိုတုန်းနည်းပြသစ်အဖြစ် ဆာဆီကော့စ်မီခန့်အပ်ခြင်းခံရ

ခရိုတုန်းဟာနည်းပြဆန်ဆီကော့စ်မီကိုရာသီအကုန်အထိနည်းပြသစ်အဖြစ်ခန့်အပ်လိုက်ပါတယ်။ပီရူဂျီယိုနည်းပြ ဟောင်းဟာရာထူးမှထုတ်ပယ်လိုက်တဲ့ဂျီယိုဗန်နီစထရော့ပါရဲ့နေရာမှာအစားထိုးခန့်အပ်ခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။ခရိုတုန်းဟာစီးရီးအေ၂၄ပွဲမှာရမှတ်၁၂မှတ်တည်းသာရယူပေးထားနိုင်မှုကြောင့်စထရော့ပါကိုထုတ် ပယ်လိုက်ပါတယ်။

ကော့စ်မီက “ဒီတာဝန်ကိုကျွန်တော်ဂုဏ်ယူစွာရယူခဲ့တာပါ။ကျွန်တော့်နည်းပြအဖွဲ့နဲ့ကျွန်တော်ဟာဒီခရီးမှာပျော် ပျော်ရှင်သန်သွားပါမယ်။အခြေအနေအရပ်ရပ်ကိုသိပါတယ်။ဒါပေမယ့်ကျွန်တော်တို့မှာလည်းပြင်းပြတဲ့စိတ်ရှိနေပါ တယ်။ခရိုတုန်းကလည်းအရေးပါတဲ့ကလပ်တစ်ခုပါ။ကျွန်တော့်ကိုနည်းပြသစ်အဖြစ်ယုံကြည်စွာခန့်အပ်လို့ဝမ်းသာ ရပါတယ်”လို့ပြောကြားသွားပါတယ်။

ကော့စ်မီဟာခရိုတုန်းအတွက်ပထမဆုံးပွဲစဉ်အဖြစ်ဗုဒ္ဓဟူးနေ့တွင်အတ္တလန္တာအားအဝေးကွင်းသို့ရင်ဆိုင်ရမယ့်ပွဲစဉ်ကိုကြီးကြပ်သွားရပါမယ်။

ZawGyi

ခ႐ိုတုန္းနည္းျပသစ္အျဖစ္ ဆာဆီေကာ့စ္မီခန႔္အပ္ျခင္းခံရ

ခ႐ိုတုန္းဟာနည္းျပဆန္ဆီေကာ့စ္မီကိုရာသီအကုန္အထိနည္းျပသစ္အျဖစ္ခန႔္အပ္လိုက္ပါတယ္။ပီ႐ူဂ်ီယိုနည္းျပ ေဟာင္းဟာရာထူးမွထုတ္ပယ္လိုက္တဲ့ဂ်ီယိုဗန္နီစထေရာ့ပါရဲ႕ေနရာမွာအစားထိုးခန႔္အပ္ျခင္းခံခဲ့ရသူလည္း ျဖစ္ပါတယ္။ခ႐ိုတုန္းဟာစီးရီးေအ၂၄ပြဲမွာရမွတ္၁၂မွတ္တည္းသာရယူေပးထားႏိုင္မႈေၾကာင့္စထေရာ့ပါကိုထုတ္ ပယ္လိုက္ပါတယ္။

ေကာ့စ္မီက “ဒီတာဝန္ကိုကြၽန္ေတာ္ဂုဏ္ယူစြာရယူခဲ့တာပါ။ကြၽန္ေတာ့္နည္းျပအဖြဲ႕နဲ႔ကြၽန္ေတာ္ဟာဒီခရီးမွာေပ်ာ္ ေပ်ာ္ရွင္သန္သြားပါမယ္။အေျခအေနအရပ္ရပ္ကိုသိပါတယ္။ဒါေပမယ့္ကြၽန္ေတာ္တို႔မွာလည္းျပင္းျပတဲ့စိတ္ရွိေနပါ တယ္။ခ႐ိုတုန္းကလည္းအေရးပါတဲ့ကလပ္တစ္ခုပါ။ကြၽန္ေတာ့္ကိုနည္းျပသစ္အျဖစ္ယုံၾကည္စြာခန႔္အပ္လို႔ဝမ္းသာ ရပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ေကာ့စ္မီဟာခ႐ိုတုန္းအတြက္ပထမဆုံးပြဲစဥ္အျဖစ္ဗုဒၶဟူးေန႔တြင္အတၱလႏၲာအားအေဝးကြင္းသို႔ရင္ဆိုင္ရမယ့္ပြဲစဥ္ကိုႀကီးၾကပ္သြားရပါမယ္။