
ဟိုဆေးမော်ရင်ဟိုဟာခရိုမိုနက်စ်တို့၂၇နှစ်အတွင်းစီးရီးအေပထမဆုံးနိုင်ပွဲရရှိသွားတဲ့ပွဲစဉ်တွင်ယခုရာသီတတိယအကြိမ်မြောက်အဖြစ်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ပေါ်တူဂီလူမျိုးနည်းပြဟာဒုတိယပိုင်းတွင်ဒိုင်လူကြီးများကိုအင်္ဂလိပ်ဘာသာစကားဖြင့်ဒေါသတကြီးဆဲဆိုပြောကြားမှုနှင့်အတူအနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။
မနေ့ညကပွဲတွင်ခရိုမိုနက်စ်ဟာပွဲအစ၁၇မိနစ်တွင်ဖရန့်ဆာဂျောက်ရဲ့ဂိုးဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။ယင်းဂိုးကို၇၁မိနစ်တွင်စပီနာဇိုလာကမန်စီနီရဲ့ဖန်တီးမှုကနေရိုးမားအတွက်ပြန်လည်ချေပဂိုးသွင်းယူခဲ့ပါတယ်။ခရီမိုနက်စ်အတွက်အနိုင်ဂိုးကိုပွဲချိန်၈၂မိနစ်မှာခီယိုဖာနီကသွင်းယူသွားခဲ့ပါတယ်။
ခရီမိုနက်စ်ဟာယင်းနိုင်ပွဲကြောင့်စီးရီးအေအမှတ်ပေးဇယားကြမ်းခင်းမှအဆင့်၁၉နေရာသို့တက်လှမ်းနိုင်ခဲ့ပါတယ်။
ခရီမိုနက်စ်ဟာဥရောပထိပ်သီးလိဂ်ကြီး၅ခုတွင်ယခုရာသီတွင်နိုင်ပွဲမရရှိသေးတဲ့တစ်သင်းတည်းသောအသင်းအဖြစ်ရပ်တည်နေခဲ့တာဖြစ်ပါတယ်။ယခုအခါ၎င်းတို့ဟာယခုရာသီပထမဆုံးနိုင်ပွဲအဖြစ်သာမက၂၇နှစ်အတွင်းပထမဆုံးစီးရီးအေနိုင်ပွဲအဖြစ်ရိုးမားကိုအနိုင်ယူကာရယူလိုက်နိုင်ပြီဖြစ်ပါတယ်။
ZawGyi
ခ႐ိုမိုနက္စ္တို႔ ၂၇ ႏွစ္အတြင္း ပထမဆုံး စီးရီးေအႏိုင္ပြဲ ရရွိသြားတဲ့ ပြဲတြင္ ေမာ္ရင္ဟို ယခုရာသီတတိယအႀကိမ္ေျမာက္အျဖစ္ အထုတ္ခံရ
ဟိုေဆးေမာ္ရင္ဟိုဟာခ႐ိုမိုနက္စ္တို႔၂၇ႏွစ္အတြင္းစီးရီးေအပထမဆုံးႏိုင္ပြဲရရွိသြားတဲ့ပြဲစဥ္တြင္ယခုရာသီတတိယအႀကိမ္ေျမာက္အျဖစ္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။
ေပၚတူဂီလူမ်ိဳးနည္းျပဟာဒုတိယပိုင္းတြင္ဒိုင္လူႀကီးမ်ားကိုအဂၤလိပ္ဘာသာစကားျဖင့္ေဒါသတႀကီးဆဲဆိုေျပာၾကားမႈႏွင့္အတူအနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရတာလည္းျဖစ္ပါတယ္။
မေန႔ညကပြဲတြင္ခ႐ိုမိုနက္စ္ဟာပြဲအစ၁၇မိနစ္တြင္ဖရန႔္ဆာေဂ်ာက္ရဲ႕ဂိုးျဖင့္ပြဲကိုဦးေဆာင္ႏိုင္ခဲ့ပါတယ္။ယင္းဂိုးကို၇၁မိနစ္တြင္စပီနာဇိုလာကမန္စီနီရဲ႕ဖန္တီးမႈကေန႐ိုးမားအတြက္ျပန္လည္ေခ်ပဂိုးသြင္းယူခဲ့ပါတယ္။ခရီမိုနက္စ္အတြက္အႏိုင္ဂိုးကိုပြဲခ်ိန္၈၂မိနစ္မွာခီယိုဖာနီကသြင္းယူသြားခဲ့ပါတယ္။
ခရီမိုနက္စ္ဟာယင္းႏိုင္ပြဲေၾကာင့္စီးရီးေအအမွတ္ေပးဇယားၾကမ္းခင္းမွအဆင့္၁၉ေနရာသို႔တက္လွမ္းႏိုင္ခဲ့ပါတယ္။
ခရီမိုနက္စ္ဟာဥေရာပထိပ္သီးလိဂ္ႀကီး၅ခုတြင္ယခုရာသီတြင္ႏိုင္ပြဲမရရွိေသးတဲ့တစ္သင္းတည္းေသာအသင္းအျဖစ္ရပ္တည္ေနခဲ့တာျဖစ္ပါတယ္။ယခုအခါ၎တို႔ဟာယခုရာသီပထမဆုံးႏိုင္ပြဲအျဖစ္သာမက၂၇ႏွစ္အတြင္းပထမဆုံးစီးရီးေအႏိုင္ပြဲအျဖစ္႐ိုးမားကိုအႏိုင္ယူကာရယူလိုက္ႏိုင္ၿပီျဖစ္ပါတယ္။