ခရိုအေးရှားကစားဖော်များကြောင့် မျက်ရည်ကျခဲ့ရတဲ့လူကာမိုဒရစ်

လူကာမိုဒရစ်ဟာခရိုအေးရှားကစားဖော်များရဲ့မတ်တပ်ရပ်ဂုဏ်ပြုမှုကြောင့်ဝမ်းသာမျက်ရည်ကျခဲ့ရပါတယ်။အသက်၃၅နှစ်ရှိခရိုအေးရှားအလယ်တန်းကစားသမားဟာစနေနေ့တုန်းကခရိုအေးရှားသမိုင်းမှာပွဲအများဆုံးကစားထားတဲ့ကစားသမားအဖြစ်မှတ်တိုင်စိုက်ထူခဲ့သူဖြစ်ပါတယ်။

ခရိုအေးရှားအသင်းခေါင်းဆောင်ဟာစနေနေ့တုန်းကဆိုက်ပရပ်စ်ကို၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာပွဲချိန်ပြည့်ကစားခဲ့သူဖြစ်ပြီးယင်းပွဲတွင်ခရိုအေးရှားအတွက်ပွဲအများဆုံးကစားထားသူအဖြစ်၁၃၅ပွဲပြည့်ခဲ့ပါတယ်။သူဟာဒါရီဂျိုဆာနာရဲ့စံချိန်ကိုကျော်ဖြတ်နိုင်ခဲ့တာပါ။

ဒါကြောင့်လည်းခရိုအေးရှားဘောလုံးအဖွဲ့ချုပ်ကညစာစားပွဲတွင်လူကာမိုဒရစ်ရဲ့ကစားသမားဘဝမှတ်တမ်းများကိုပြသပြီးပွဲ၁၀၀ပြည့်ကစားထားတဲ့ကစားသမားဟောင်းများရဲ့ချီးကျူးမှုဗီဒီယိုဖိုင်ကိုပြသခဲ့ပါတယ်။ယင်းနောက်တွင်ခရိုအေးရှားတစ်သင်းလုံးကမတ်တပ်ရပ်ပြီးလက်ခုပ်တီးကာလူကာမိုဒရစ်ရဲ့အောင်မြင်မှုကိုဂုဏ်ပြုခဲ့ကြပါတယ်။

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားများရဲ့ကစားဖော်များရဲ့ဂုဏ်ပြုလက်ခုပ်သံရရှိပြီးနောက် ချက်ချင်းပင်ဝမ်းသာမျက်ရည်ကျခဲ့ပါတယ်။ယင်းနောက်တွင်ခရိုအေးရှားဘောလုံးအဖွဲ့ချုပ်က၁၃၅ဆိုတဲ့စာသားပါကြီးမားတဲ့ကိတ်မုန့်အားပေးခဲ့တဲ့အပြင်၁၃၅ဆိုတဲ့ရွှေရောင်စာလုံးပါအထူးထုတ်အင်္ကျီကိုလည်းအမှတ်တရလက်ဆောင်ပေးခဲ့ပါတယ်။

လူကာမိုဒရစ်ဟာ၂၀၀၆ခုနှစ်တုန်းကခရိုအေးရှားအတွက်စတင်ကစားခွင့်ရရှိခဲ့ပြီး၁၃၅ပွဲကစားကာ၁၆ဂိုးသွင်းခဲ့ပါတယ်။သူဟာနည်းပြခြောက်ဦးလက်အောက်မှာကစားခဲ့ပြီးနိုင်ငံတကာပြိုင်ပွဲကြီးခြောက်ပွဲကစားထားပါတယ်။

သူဟာ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကခရိုအေးရှားကိုဗိုလ်လုပွဲသို့အထိတက်ရောက်အောင်စွမ်း ဆောင်နိုင်ခဲ့ပြီးနောက် Ballon d’Or ကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

ခရိုအေးရှားတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုကိုးကြိမ်တိုင်တိုင်ဆွတ်ခူးထားတဲ့လူကာမိုဒရစ်ဟာ၂၀၁၆ခုနှစ်၊စက်တင်ဘာလကတည်းကအသင်းခေါင်းဆောင်အဖြစ်ဦးဆောင်လာသူဖြစ်ပါတယ်။

လာမယ့်စက်တင်ဘာလမှာအသက်၃၇နှစ်ပြည့်မယ့်လူကာမိုဒရစ်ဟာယခုရာသီအကုန်တွင်ရီးရဲလ်မက်ဒရစ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမယ်ဆိုပေမယ့်စာချုပ်သက်တမ်းတိုးမယ်လို့ယူဆရပါတယ်။

ZawGyi

ခ႐ိုေအးရွားကစားေဖာ္မ်ားေၾကာင့္ မ်က္ရည္က်ခဲ့ရတဲ့လူကာမိုဒရစ္

လူကာမိုဒရစ္ဟာခ႐ိုေအးရွားကစားေဖာ္မ်ားရဲ႕မတ္တပ္ရပ္ဂုဏ္ျပဳမႈေၾကာင့္ဝမ္းသာမ်က္ရည္က်ခဲ့ရပါတယ္။အသက္၃၅ႏွစ္ရွိခ႐ိုေအးရွားအလယ္တန္းကစားသမားဟာစေနေန႔တုန္းကခ႐ိုေအးရွားသမိုင္းမွာပြဲအမ်ားဆုံးကစားထားတဲ့ကစားသမားအျဖစ္မွတ္တိုင္စိုက္ထူခဲ့သူျဖစ္ပါတယ္။

ခ႐ိုေအးရွားအသင္းေခါင္းေဆာင္ဟာစေနေန႔တုန္းကဆိုက္ပရပ္စ္ကို၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာပြဲခ်ိန္ျပည့္ကစားခဲ့သူျဖစ္ၿပီးယင္းပြဲတြင္ခ႐ိုေအးရွားအတြက္ပြဲအမ်ားဆုံးကစားထားသူအျဖစ္၁၃၅ပြဲျပည့္ခဲ့ပါတယ္။သူဟာဒါရီဂ်ိဳဆာနာရဲ႕စံခ်ိန္ကိုေက်ာ္ျဖတ္ႏိုင္ခဲ့တာပါ။

ဒါေၾကာင့္လည္းခ႐ိုေအးရွားေဘာလုံးအဖြဲ႕ခ်ဳပ္ကညစာစားပြဲတြင္လူကာမိုဒရစ္ရဲ႕ကစားသမားဘဝမွတ္တမ္းမ်ားကိုျပသၿပီးပြဲ၁၀၀ျပည့္ကစားထားတဲ့ကစားသမားေဟာင္းမ်ားရဲ႕ခ်ီးက်ဴးမႈဗီဒီယိုဖိုင္ကိုျပသခဲ့ပါတယ္။ယင္းေနာက္တြင္ခ႐ိုေအးရွားတစ္သင္းလုံးကမတ္တပ္ရပ္ၿပီးလက္ခုပ္တီးကာလူကာမိုဒရစ္ရဲ႕ေအာင္ျမင္မႈကိုဂုဏ္ျပဳခဲ့ၾကပါတယ္။

ရီးရဲလ္မက္ဒရစ္ကြင္းလယ္ကစားသမားမ်ားရဲ႕ကစားေဖာ္မ်ားရဲ႕ဂုဏ္ျပဳလက္ခုပ္သံရရွိၿပီးေနာက္ ခ်က္ခ်င္းပင္ဝမ္းသာမ်က္ရည္က်ခဲ့ပါတယ္။ယင္းေနာက္တြင္ခ႐ိုေအးရွားေဘာလုံးအဖြဲ႕ခ်ဳပ္က၁၃၅ဆိုတဲ့စာသားပါႀကီးမားတဲ့ကိတ္မုန႔္အားေပးခဲ့တဲ့အျပင္၁၃၅ဆိုတဲ့ေ႐ႊေရာင္စာလုံးပါအထူးထုတ္အက်ႌကိုလည္းအမွတ္တရလက္ေဆာင္ေပးခဲ့ပါတယ္။

လူကာမိုဒရစ္ဟာ၂၀၀၆ခုႏွစ္တုန္းကခ႐ိုေအးရွားအတြက္စတင္ကစားခြင့္ရရွိခဲ့ၿပီး၁၃၅ပြဲကစားကာ၁၆ဂိုးသြင္းခဲ့ပါတယ္။သူဟာနည္းျပေျခာက္ဦးလက္ေအာက္မွာကစားခဲ့ၿပီးႏိုင္ငံတကာၿပိဳင္ပြဲႀကီးေျခာက္ပြဲကစားထားပါတယ္။

သူဟာ၂၀၁၈ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကခ႐ိုေအးရွားကိုဗိုလ္လုပြဲသို႔အထိတက္ေရာက္ေအာင္စြမ္း ေဆာင္ႏိုင္ခဲ့ၿပီးေနာက္ Ballon d’Or ကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ခ႐ိုေအးရွားတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုကိုးႀကိမ္တိုင္တိုင္ဆြတ္ခူးထားတဲ့လူကာမိုဒရစ္ဟာ၂၀၁၆ခုႏွစ္၊စက္တင္ဘာလကတည္းကအသင္းေခါင္းေဆာင္အျဖစ္ဦးေဆာင္လာသူျဖစ္ပါတယ္။

လာမယ့္စက္တင္ဘာလမွာအသက္၃၇ႏွစ္ျပည့္မယ့္လူကာမိုဒရစ္ဟာယခုရာသီအကုန္တြင္ရီးရဲလ္မက္ဒရစ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ္ဆိုေပမယ့္စာခ်ဳပ္သက္တမ္းတိုးမယ္လို႔ယူဆရပါတယ္။