ခရိုအေးရှားငလျင်ဒဏ်ခံရတဲ့မိသားစုများကို ဟိုတယ်မှာ အခမဲ့ယာယီတည်းခိုခွင့်ပေးထားတဲ့ လော့ဗရန်

လီဗာပူးနောက်ခံလူဟောင်းဒီဂျန်လော့ဗ်ရန်ဟာမကြာသေးမီတုန်းကခရိုအေးရှားတွင်လှုပ်ခဲ့တဲ့ငလျင်ကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခဲ့ရတဲ့မိသားစုများကိုသူပိုင်ဟိုတယ်မှာအခမဲ့တည်းခိုခွင့်ပေးထားကြောင်းသိရပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းကခရိုအေးရှားတွင်ငလျင်လှုပ်ခဲ့ပြီးအနည်းဆုံးလူခုနှစ်ဦးအထိသေဆုံးအထိသေဆုံးခဲ့တယ်လို့ယူဆရပါတယ်။

ဘော့စနီးယား၊ဆားဘီးယားနယ်စပ်ဒေသတို့မှနယ်မြေများမှာငလျင်ဒဏ်ကိုအဆိုးရွားဆုံးခံခဲ့ရပြီးပီထရန်ဂျာမှ အသက်၁၂နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးမှာဆိုးဆိုးရွားရွားထိခိုက်ကာသေဆုံးခဲ့ရပါတယ်။

ဒါကြောင့်လည်းဇင်းနစ်တွင်ကစားနေတဲ့ခရိုအေးရှားနောက်ခံလူလော့ဗ်ရန်ဟာပီထရန်ဂျာတွင်ငလျင်ကြောင့် အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့မိသားစု၁၆ခုတို့ကိုနိုဗယ်ဂျာရှိသူပိုင်ဆိုင်တဲ့ဟိုတယ်မှာခေတ္တယာယီအခမဲ့တည်းခိုခွင့်ပြုထားကြောင်းသိရပါတယ်။

ချဲလ်ဆီးနှင့်ခရိုအေးရှားအလယ်တန်းကစားသမားမာတီယိုကိုဗာဆစ်ဟာလည်းငလျင်ဒဏ်ကြောင့်ထိခိုက်ခဲ့တဲ့ ခရိုအေးရှားပြည်သူများအတွက်အကူအညီများပေးနေကြောင်းသိရပါတယ်။

ZawGyi

ခ႐ိုေအးရွားငလ်င္ဒဏ္ခံရတဲ့မိသားစုမ်ားကို ဟိုတယ္မွာ အခမဲ့ယာယီတည္းခိုခြင့္ေပးထားတဲ့ ေလာ့ဗရန္

လီဗာပူးေနာက္ခံလူေဟာင္းဒီဂ်န္ေလာ့ဗ္ရန္ဟာမၾကာေသးမီတုန္းကခ႐ိုေအးရွားတြင္လႈပ္ခဲ့တဲ့ငလ်င္ေၾကာင့္ ေနအိမ္ပ်က္စီးဆုံးရႈံးခဲ့ရတဲ့မိသားစုမ်ားကိုသူပိုင္ဟိုတယ္မွာအခမဲ့တည္းခိုခြင့္ေပးထားေၾကာင္းသိရပါတယ္။

ၿပီးခဲ့တဲ့အဂၤါေန႔တုန္းကခ႐ိုေအးရွားတြင္ငလ်င္လႈပ္ခဲ့ၿပီးအနည္းဆုံးလူခုႏွစ္ဦးအထိေသဆုံးအထိေသဆုံးခဲ့တယ္လို႔ယူဆရပါတယ္။

ေဘာ့စနီးယား၊ဆားဘီးယားနယ္စပ္ေဒသတို႔မွနယ္ေျမမ်ားမွာငလ်င္ဒဏ္ကိုအဆိုး႐ြားဆုံးခံခဲ့ရၿပီးပီထရန္ဂ်ာမွ အသက္၁၂ႏွစ္အ႐ြယ္မိန္းကေလးငယ္တစ္ဦးမွာဆိုးဆိုး႐ြား႐ြားထိခိုက္ကာေသဆုံးခဲ့ရပါတယ္။

ဒါေၾကာင့္လည္းဇင္းနစ္တြင္ကစားေနတဲ့ခ႐ိုေအးရွားေနာက္ခံလူေလာ့ဗ္ရန္ဟာပီထရန္ဂ်ာတြင္ငလ်င္ေၾကာင့္ အိုးအိမ္ဆုံးရႈံးခဲ့ရတဲ့မိသားစု၁၆ခုတို႔ကိုႏိုဗယ္ဂ်ာရွိသူပိုင္ဆိုင္တဲ့ဟိုတယ္မွာေခတၱယာယီအခမဲ့တည္းခိုခြင့္ျပဳထားေၾကာင္းသိရပါတယ္။

ခ်ဲလ္ဆီးႏွင့္ခ႐ိုေအးရွားအလယ္တန္းကစားသမားမာတီယိုကိုဗာဆစ္ဟာလည္းငလ်င္ဒဏ္ေၾကာင့္ထိခိုက္ခဲ့တဲ့ ခ႐ိုေအးရွားျပည္သူမ်ားအတြက္အကူအညီမ်ားေပးေနေၾကာင္းသိရပါတယ္။