ခရိုအေးရှားနှင့်ပွဲတွင် ကွင်းလယ်တဝက်မှ ဆွဲပြေးကာ အံ့ဩသင့်စရာမာရာဒိုနာဂိုးသွင်းခဲ့တဲ့ အယ်ဗာရက်ဇ်

ဂျူလီယန်အယ်ဗာရက်ဇ်ဟာမနေ့ညတုန်းကအာဂျင်တီးနားကခရိုအေးရှားကိုအနိုင်ရရှိတဲ့ပွဲတွင်ကွင်းလယ်တဝက်ခန့်မှဆွဲပြေးပြီးအံ့ဩသင့်စရာကောင်းတဲ့ဂိုးတစ်ဂိုးကိုသွင်းယူခဲ့ပါတယ်။

မန်စီးတီးစတားရဲ့တကိုယ်တော်အစွမ်းဖြင့်သွင်းယူတဲ့ဂိုးကို မာရာဒိုနာရဲ့၁၉၈၆ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကအင်္ဂလန်ဘက်သို့သွင်းယူခဲ့တဲ့ဂိုးဖြင့်နှိုင်းယှဉ်ပြောဆိုနေကြပါတယ်။

အသက်၂၂နှစ်ရှိအာဂျင်တီးနားစတားဟာကွင်းလယ်တစ်ဖက်ခန့်တွင်ဘောလုံးရရှိပြီးနောက်ခရိုအေးရှားဗဟိုခံစစ်သို့တကိုယ်တော်ဆွဲပြေးခဲ့ပါတယ်။

ဂျိုးဆက်ဂျူရာနိုဗစ်ကအယ်ဗာရက်ဇ်ကိုတားဆီးရန်ကြိုးပမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။ဘယ်နောက်ခံလူဆိုဆာကတိုက်စစ်ကိုတားဆီးရန်ကြိုးပမ်းခဲ့ပေမဲ့ဘောလုံးကိုအယ်ဗာရက်ဇ်ဆီထပ်ရောက်သွားပါတယ်။

ယင်းနောက်သူဟာအာဂျင်တီးနားအတွက်ဒုတိယအနိုင်ဂိုးကိုသွင်းယူခဲ့ပါတယ်။

သူဟာယင်းဂိုးကိုကံကောင်းထောက်မမှုတွေနဲ့သွင်းယူနိုင်ခဲ့ပေမဲ့လည်းပရိသတ်များကတော့မာရာဒိုနာရဲ့ဂိုးနဲ့နှိုင်းယှဉ်ပြောဆိုနေကြပါတယ်။

မနေ့ညကပွဲတွင်အာဂျင်တီးနားဟာမက်ဆီရဲ့ပင်နယ်တီဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပြီးအယ်ဗာရက်ဇ်ကတကိုယ်တော်အစွမ်းဖြင့်ဒုတိယဂိုးသွင်းခဲ့ပါတယ်။ယင်းနောက်အယ်ဗာရက်ဇ်ဟာမက်ဆီရဲ့ဖန်တီးမှုကနေတတိယဂိုးထပ်မံသွင်းခဲ့ပါတယ်။

ZawGyi

ခ႐ိုေအးရွားႏွင့္ပြဲတြင္ ကြင္းလယ္တဝက္မွ ဆြဲေျပးကာ အံ့ဩသင့္စရာမာရာဒိုနာဂိုးသြင္းခဲ့တဲ့ အယ္ဗာရက္ဇ္

ဂ်ဴလီယန္အယ္ဗာရက္ဇ္ဟာမေန႔ညတုန္းကအာဂ်င္တီးနားကခ႐ိုေအးရွားကိုအႏိုင္ရရွိတဲ့ပြဲတြင္ကြင္းလယ္တဝက္ခန႔္မွဆြဲေျပးၿပီးအံ့ဩသင့္စရာေကာင္းတဲ့ဂိုးတစ္ဂိုးကိုသြင္းယူခဲ့ပါတယ္။

မန္စီးတီးစတားရဲ႕တကိုယ္ေတာ္အစြမ္းျဖင့္သြင္းယူတဲ့ဂိုးကို မာရာဒိုနာရဲ႕၁၉၈၆ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကအဂၤလန္ဘက္သို႔သြင္းယူခဲ့တဲ့ဂိုးျဖင့္ႏႈိင္းယွဥ္ေျပာဆိုေနၾကပါတယ္။

အသက္၂၂ႏွစ္ရွိအာဂ်င္တီးနားစတားဟာကြင္းလယ္တစ္ဖက္ခန႔္တြင္ေဘာလုံးရရွိၿပီးေနာက္ခ႐ိုေအးရွားဗဟိုခံစစ္သို႔တကိုယ္ေတာ္ဆြဲေျပးခဲ့ပါတယ္။

ဂ်ိဳးဆက္ဂ်ဴရာႏိုဗစ္ကအယ္ဗာရက္ဇ္ကိုတားဆီးရန္ႀကိဳးပမ္းခဲ့ေပမဲ့မေအာင္ျမင္ခဲ့ပါဘူး။ဘယ္ေနာက္ခံလူဆိုဆာကတိုက္စစ္ကိုတားဆီးရန္ႀကိဳးပမ္းခဲ့ေပမဲ့ေဘာလုံးကိုအယ္ဗာရက္ဇ္ဆီထပ္ေရာက္သြားပါတယ္။

ယင္းေနာက္သူဟာအာဂ်င္တီးနားအတြက္ဒုတိယအႏိုင္ဂိုးကိုသြင္းယူခဲ့ပါတယ္။

သူဟာယင္းဂိုးကိုကံေကာင္းေထာက္မမႈေတြနဲ႔သြင္းယူႏိုင္ခဲ့ေပမဲ့လည္းပရိသတ္မ်ားကေတာ့မာရာဒိုနာရဲ႕ဂိုးနဲ႔ႏႈိင္းယွဥ္ေျပာဆိုေနၾကပါတယ္။

မေန႔ညကပြဲတြင္အာဂ်င္တီးနားဟာမက္ဆီရဲ႕ပင္နယ္တီဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ၿပီးအယ္ဗာရက္ဇ္ကတကိုယ္ေတာ္အစြမ္းျဖင့္ဒုတိယဂိုးသြင္းခဲ့ပါတယ္။ယင္းေနာက္အယ္ဗာရက္ဇ္ဟာမက္ဆီရဲ႕ဖန္တီးမႈကေနတတိယဂိုးထပ္မံသြင္းခဲ့ပါတယ္။