ခရိုအေးရှားနှင့်ပွဲမတိုင်မီ အင်္ဂလန်ဗဟိုနောက်ခံလူ မက်ဂွိုင်းယားလေ့ကျင့်ခန်းဆင်းနိုင်ပြီ

အင်္ဂလန်နောက်ခံလူဟယ်ရီမက်ဂွိုင်းယားဟာယူရို၂၀၂၀ပြိုင်ပွဲအဖွင့်ပွဲမတိုင်မီအသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းလာနိုင်ကြောင်းသိရပါတယ်။

မန်ယူအသင်းခေါင်းဆောင်နှင့်အတူကြံ့ခိုင်မှုပြည့်ဝခြင်းမရှိသေးတဲ့လီဗာပူးအသင်းခေါင်းဆောင်ဂျော်ဒန်ဟင်ဒါဆင်မှာလည်းလေ့ကျင့်ခန်းအပြည့်အဝဆင်းလာနိုင်ကြောင်းတွေ့ရပါတယ်။

မန်ယူအသင်းခေါင်းဆောင်နှင့်လီဗာပူးအသင်းခေါင်းဆောင်တို့ဟာ၂၀၂၀-၂၁ဘောလုံးရာသီနှောင်းပိုင်းတွင်ရရှိခဲ့တဲ့ဒဏ်ရာပြဿနာများကြောင့်ယူရို၂၀၂၀ပြိုင်ပွဲတစ်ခုလုံးနီးပါးကိုလွဲချော်ရမယ့်အခြေအနေမှာရင်ဆိုင်ခဲ့ရတဲ့သူများဖြစ်ပါတယ်။

ဒါပေမယ့်လတ်တလောအခြေအနေမှာမက်ဂွိုင်းယားနှင့်ဟင်ဒါဆင်တို့ဟာတနင်္ဂနွေနေ့မှာခရိုအေးရှားနှင့်ကစားရမယ့်ပွဲစဉ်မှာပါဝင်ကစားနိုင်မယ်လို့ပြောဖို့စောပါသေးတယ်။

ဒါပေမယ့်၎င်းတို့ဟာလာမယ့်အပတ်သောကြာနေ့မှာဝင်ဘာလေမှာကစားမယ့်စကော့တလန်နှင့်ပွဲ(သို့မဟုတ်)ဇွန်လ၂၂ရက်နေ့တွင်ကစားမယ့်ချက်နှင့်အုပ်စုနောက်ဆုံးပွဲစဉ်တွင်လည်းကောင်းပြန်လည်ကစားနိုင်ဖို့ရှိနေပါတယ်။

ဟင်ဒါဆင်ဟာတနင်္ဂနွေနေ့တုန်းကရိုမေးနီးယားအား၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာ၄၅မိနစ်ဝင်ရောက်ကစားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ဟယ်ရီမက်ဂွိုင်းယားကတော့မေလ၉ရက်နေ့နောက်ပိုင်းမှာအနားယူလာခဲ့ရသူဖြစ်ပြီးမန်ယူရဲ့ယူရိုပါလိဂ်ဗိုလ်လုပွဲကိုလည်းလွဲချော်လာခဲ့သူဖြစ်ပါတယ်။

ZawGyi

ခ႐ိုေအးရွားႏွင့္ပြဲမတိုင္မီ အဂၤလန္ဗဟိုေနာက္ခံလူ မက္ဂြိဳင္းယားေလ့က်င့္ခန္းဆင္းႏိုင္ၿပီ

အဂၤလန္ေနာက္ခံလူဟယ္ရီမက္ဂြိဳင္းယားဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲအဖြင့္ပြဲမတိုင္မီအသင္းႏွင့္အတူေလ့က်င့္ခန္းဆင္းလာႏိုင္ေၾကာင္းသိရပါတယ္။

မန္ယူအသင္းေခါင္းေဆာင္ႏွင့္အတူႀကံ့ခိုင္မႈျပည့္ဝျခင္းမရွိေသးတဲ့လီဗာပူးအသင္းေခါင္းေဆာင္ေဂ်ာ္ဒန္ဟင္ဒါဆင္မွာလည္းေလ့က်င့္ခန္းအျပည့္အဝဆင္းလာႏိုင္ေၾကာင္းေတြ႕ရပါတယ္။

မန္ယူအသင္းေခါင္းေဆာင္ႏွင့္လီဗာပူးအသင္းေခါင္းေဆာင္တို႔ဟာ၂၀၂၀-၂၁ေဘာလုံးရာသီေႏွာင္းပိုင္းတြင္ရရွိခဲ့တဲ့ဒဏ္ရာျပႆနာမ်ားေၾကာင့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲတစ္ခုလုံးနီးပါးကိုလြဲေခ်ာ္ရမယ့္အေျခအေနမွာရင္ဆိုင္ခဲ့ရတဲ့သူမ်ားျဖစ္ပါတယ္။

ဒါေပမယ့္လတ္တေလာအေျခအေနမွာမက္ဂြိဳင္းယားႏွင့္ဟင္ဒါဆင္တို႔ဟာတနဂၤေႏြေန႔မွာခ႐ိုေအးရွားႏွင့္ကစားရမယ့္ပြဲစဥ္မွာပါဝင္ကစားႏိုင္မယ္လို႔ေျပာဖို႔ေစာပါေသးတယ္။

ဒါေပမယ့္၎တို႔ဟာလာမယ့္အပတ္ေသာၾကာေန႔မွာဝင္ဘာေလမွာကစားမယ့္စေကာ့တလန္ႏွင့္ပြဲ(သို႔မဟုတ္)ဇြန္လ၂၂ရက္ေန႔တြင္ကစားမယ့္ခ်က္ႏွင့္အုပ္စုေနာက္ဆုံးပြဲစဥ္တြင္လည္းေကာင္းျပန္လည္ကစားႏိုင္ဖို႔ရွိေနပါတယ္။

ဟင္ဒါဆင္ဟာတနဂၤေႏြေန႔တုန္းက႐ိုေမးနီးယားအား၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာ၄၅မိနစ္ဝင္ေရာက္ကစားႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။ဟယ္ရီမက္ဂြိဳင္းယားကေတာ့ေမလ၉ရက္ေန႔ေနာက္ပိုင္းမွာအနားယူလာခဲ့ရသူျဖစ္ၿပီးမန္ယူရဲ႕ယူ႐ိုပါလိဂ္ဗိုလ္လုပြဲကိုလည္းလြဲေခ်ာ္လာခဲ့သူျဖစ္ပါတယ္။