ခရိုအေးရှားလက်ရွေးစင်ကစားသမားဘဝမှ ဘယ်တော့မှ အနားယူမှာမဟုတ်တဲ့ လူကာမိုဒရစ်

လူကာမိုဒရစ်ကကစားသမားဘဝနေဝင်ချိန်ကိုတိုးဝင်နေပြီဖြစ်ပေမဲ့လည်းခရိုအေးရှားလက်ရွေးစင်ကစားသမားဘဝမှလုံးဝအနားယူမည်မဟုတ်ကြောင်းပြောကြားသွားပါတယ်။

ရီးရဲလ်မက်ဒရစ်စတားဟာခရိုအေးရှားကို၂၀၁၈ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ပို့ဆောင်နိုင်ခဲ့ပြီးနောက်ခရိုအေးရှားဂန္ထဝင်သူရဲကောင်းဖြစ်လာခဲ့သူလည်းဖြစ်ပါတယ်။

အသက်၃၇နှစ်ရှိလူကာမိုဒရစ်ဟာခရိုအေးရှားအသင်းခေါင်းဆောင်အဖြစ်ဦးဆောင်နေသူဖြစ်ပြီး၁၅၉ပွဲကစားကာခရိုအေးရှားသမိုင်းတွင်ပွဲအများဆုံးကစားထားသူအဖြစ်ရပ်တည်နေသူလည်းဖြစ်ပါတယ်။

သူ့အတွက်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကနောက်ဆုံးကမ္ဘာ့ဖလားဖြစ်လာမယ်ဆိုပေမဲ့သူကတော့လက်ရွေးစင်ကစားသမားဘဝမှအနားယူဖို့အစီအစဉ်မရှိပါဘူး။

ဒါပေမဲ့လူကာမိုဒရစ်က “မဟုတ်ဘူး။လက်ရွေးစင်ကစားသမားဘဝကိုစွန့်မှာမဟုတ်ဘူး။ကိုယ့်ကိုယ်ကိုယ်အရမ်းကြံ့ခိုင်သေးတယ်၊အရမ်းကောင်းသေးတယ်လို့ယူဆနေတုန်းပါ။ကစားနိုင်သမျှကစားသွားမယ်။အနားယူဖို့အကြောင်းအရင်းမရှိပါဘူး။ဒါကကျွန်တော့်ရွေးချယ်မှုပါ။လူတွေကကျွန်တော့်ကိုနားပြီးကလပ်ဘောလုံးကိုပဲအာရုံစိုက်ဖို့ပြောကြတယ်။ကျွန်တော်ကတော့သဘောမတူပါဘူး”လို့ပြောကြားသွားပါတယ်။

လူကာမိုဒရစ်ဟာရီးရဲလ်မက်ဒရစ်နှင့်အတူချန်ပီယံလိဂ်ဖလား၅ကြိမ်၊လာလီဂါဖလား၃ကြိမ်ဆွတ်ခူးထားသူဖြစ်ပါတယ်။

သူဟာ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ခရိုအေးရှားကိုဗိုလ်လုပွဲသို့ပို့ဆောင်ပေးနိုင်ခဲ့ပြီးနောက် Ballon d’Or နှင့် ယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုတို့ကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

မိုဒရစ်ဦးဆောင်တဲ့ခရိုအေးရှားအသင်းဟာယနေ့ညတွင်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲအဖြစ်ဘရာဇီးနှင့်ရင်ဆိုင်ရပါမယ်။

ZawGyi

ခ႐ိုေအးရွားလက္ေ႐ြးစင္ကစားသမားဘဝမွ ဘယ္ေတာ့မွ အနားယူမွာမဟုတ္တဲ့ လူကာမိုဒရစ္

လူကာမိုဒရစ္ကကစားသမားဘဝေနဝင္ခ်ိန္ကိုတိုးဝင္ေနၿပီျဖစ္ေပမဲ့လည္းခ႐ိုေအးရွားလက္ေ႐ြးစင္ကစားသမားဘဝမွလုံးဝအနားယူမည္မဟုတ္ေၾကာင္းေျပာၾကားသြားပါတယ္။

ရီးရဲလ္မက္ဒရစ္စတားဟာခ႐ိုေအးရွားကို၂၀၁၈ကမာၻ႔ဖလားဗိုလ္လုပြဲသို႔ပို႔ေဆာင္ႏိုင္ခဲ့ၿပီးေနာက္ခ႐ိုေအးရွားဂႏၴဝင္သူရဲေကာင္းျဖစ္လာခဲ့သူလည္းျဖစ္ပါတယ္။

အသက္၃၇ႏွစ္ရွိလူကာမိုဒရစ္ဟာခ႐ိုေအးရွားအသင္းေခါင္းေဆာင္အျဖစ္ဦးေဆာင္ေနသူျဖစ္ၿပီး၁၅၉ပြဲကစားကာခ႐ိုေအးရွားသမိုင္းတြင္ပြဲအမ်ားဆုံးကစားထားသူအျဖစ္ရပ္တည္ေနသူလည္းျဖစ္ပါတယ္။

သူ႔အတြက္ကာတာကမာၻ႔ဖလားၿပိဳင္ပြဲကေနာက္ဆုံးကမာၻ႔ဖလားျဖစ္လာမယ္ဆိုေပမဲ့သူကေတာ့လက္ေ႐ြးစင္ကစားသမားဘဝမွအနားယူဖို႔အစီအစဥ္မရွိပါဘူး။

ဒါေပမဲ့လူကာမိုဒရစ္က “မဟုတ္ဘူး။လက္ေ႐ြးစင္ကစားသမားဘဝကိုစြန႔္မွာမဟုတ္ဘူး။ကိုယ့္ကိုယ္ကိုယ္အရမ္းႀကံ့ခိုင္ေသးတယ္၊အရမ္းေကာင္းေသးတယ္လို႔ယူဆေနတုန္းပါ။ကစားႏိုင္သမွ်ကစားသြားမယ္။အနားယူဖို႔အေၾကာင္းအရင္းမရွိပါဘူး။ဒါကကြၽန္ေတာ့္ေ႐ြးခ်ယ္မႈပါ။လူေတြကကြၽန္ေတာ့္ကိုနားၿပီးကလပ္ေဘာလုံးကိုပဲအာ႐ုံစိုက္ဖို႔ေျပာၾကတယ္။ကြၽန္ေတာ္ကေတာ့သေဘာမတူပါဘူး”လို႔ေျပာၾကားသြားပါတယ္။

လူကာမိုဒရစ္ဟာရီးရဲလ္မက္ဒရစ္ႏွင့္အတူခ်န္ပီယံလိဂ္ဖလား၅ႀကိမ္၊လာလီဂါဖလား၃ႀကိမ္ဆြတ္ခူးထားသူျဖစ္ပါတယ္။

သူဟာ၂၀၁၈ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ခ႐ိုေအးရွားကိုဗိုလ္လုပြဲသို႔ပို႔ေဆာင္ေပးႏိုင္ခဲ့ၿပီးေနာက္ Ballon d’Or ႏွင့္ ယူအီးအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုတို႔ကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။

မိုဒရစ္ဦးေဆာင္တဲ့ခ႐ိုေအးရွားအသင္းဟာယေန႔ညတြင္ကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲအျဖစ္ဘရာဇီးႏွင့္ရင္ဆိုင္ရပါမယ္။