ခရိုအေးရှားအတွက် အနည်းဆုံး ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ ကစားပေးသွားမဲ့ အသင်းခေါင်းဆောင်မိုဒရစ်

ခရိုအေးရှားကိုကမ္ဘာ့ဖလားတတိယရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီးနောက်ခရိုအေးရှားအသင်းခေါင်းဆောင်လူကာမိုဒရစ်က လာမယ့်နှစ်ဇွန်လယူအီးအက်ဖ်အေနေးရှင်းလိဂ်ပွဲစဉ်များအထိခရိုအေးရှားအတွက်အနည်းဆုံးကစားသွားပေးသွားဦးမည်ဖြစ်ကြောင်းပြောကြားလာပါတယ်။

အသက်၃၇နှစ်ရှိလူကာမိုဒရစ်ရဲ့ခရိုအေးရှားဟာမနေ့ညတုန်းကမော်ရိုကိုကို၂-၁ဂိုးဖြင့်အနိုင်ရရှိကာကမ္ဘာ့ဖလားတတိယဆုဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပွဲအပြီးတွင် ယူရို၂၀၂၄ပြိုင်ပွဲအထိဆက်ကစားသွားဦးမလားလို့မေးမြန်းလာမှုကိုလူကာမိုဒရစ်က “ဘာဖြစ်လာမလဲကြည့်ရဦးမယ်။တစ်ဆင့်ပြီးတစ်ဆင့်သွားဖို့လိုအပ်တယ်။လက်ရွေးစင်အသင်းနဲ့ပျော်နေတုန်းပါ”လို့ပြောကြားသွားပါတယ်။

လူကာမိုဒရစ်ဟာခရိုအေးရှားရဲ့ကမ္ဘာ့ဖလားပွဲ၇ပွဲလုံးပွဲထွက်ကစားခဲ့သူဖြစ်ပြီးမိနစ်၆၉၀တွင်၆၅၆မိနစ်ကစားခဲ့သူလည်းဖြစ်ပါတယ်။

ဆက်လက်ပြီးမိုဒရစ်က “ထိပ်တန်းအဆင့်မှာကစားနိုင်သေးတယ်လို့ခံစားမိနေတုန်းပါ။အနည်းဆုံး နေးရှင်းလိဂ်အထိကစားသွားချင်တယ်။ပြီးတော့မှယူရို၂၀၂၄အထိအချိန်ယူစဉ်းစားသွားမယ်”လို့ပြောကြားသွားပါတယ်။

လူကာမိုဒရစ်ဟာလွန်ခဲ့တဲ့လေးနှစ်ကျော်တုန်းကရုရှားကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်းခရိုအေးရှားကိုဗိုလ်လုပွဲသို့အထိတက်ရောက်အောင်စွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။

Zawgyi

ခ႐ိုေအးရွားအတြက္ အနည္းဆုံး ၂၀၂၃ ခုႏွစ္၊ ဇြန္လအထိ ကစားေပးသြားမဲ့ အသင္းေခါင္းေဆာင္မိုဒရစ္

ခ႐ိုေအးရွားကိုကမာၻ႔ဖလားတတိယရရွိေအာင္စြမ္းေဆာင္ႏိုင္ခဲ့ၿပီးေနာက္ခ႐ိုေအးရွားအသင္းေခါင္းေဆာင္လူကာမိုဒရစ္က လာမယ့္ႏွစ္ဇြန္လယူအီးအက္ဖ္ေအေနးရွင္းလိဂ္ပြဲစဥ္မ်ားအထိခ႐ိုေအးရွားအတြက္အနည္းဆုံးကစားသြားေပးသြားဦးမည္ျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

အသက္၃၇ႏွစ္ရွိလူကာမိုဒရစ္ရဲ႕ခ႐ိုေအးရွားဟာမေန႔ညတုန္းကေမာ္႐ိုကိုကို၂-၁ဂိုးျဖင့္အႏိုင္ရရွိကာကမာၻ႔ဖလားတတိယဆုဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ပြဲအၿပီးတြင္ ယူ႐ို၂၀၂၄ၿပိဳင္ပြဲအထိဆက္ကစားသြားဦးမလားလို႔ေမးျမန္းလာမႈကိုလူကာမိုဒရစ္က “ဘာျဖစ္လာမလဲၾကည့္ရဦးမယ္။တစ္ဆင့္ၿပီးတစ္ဆင့္သြားဖို႔လိုအပ္တယ္။လက္ေ႐ြးစင္အသင္းနဲ႔ေပ်ာ္ေနတုန္းပါ”လို႔ေျပာၾကားသြားပါတယ္။

လူကာမိုဒရစ္ဟာခ႐ိုေအးရွားရဲ႕ကမာၻ႔ဖလားပြဲ၇ပြဲလုံးပြဲထြက္ကစားခဲ့သူျဖစ္ၿပီးမိနစ္၆၉၀တြင္၆၅၆မိနစ္ကစားခဲ့သူလည္းျဖစ္ပါတယ္။

ဆက္လက္ၿပီးမိုဒရစ္က “ထိပ္တန္းအဆင့္မွာကစားႏိုင္ေသးတယ္လို႔ခံစားမိေနတုန္းပါ။အနည္းဆုံး ေနးရွင္းလိဂ္အထိကစားသြားခ်င္တယ္။ၿပီးေတာ့မွယူ႐ို၂၀၂၄အထိအခ်ိန္ယူစဥ္းစားသြားမယ္”လို႔ေျပာၾကားသြားပါတယ္။

လူကာမိုဒရစ္ဟာလြန္ခဲ့တဲ့ေလးႏွစ္ေက်ာ္တုန္းက႐ုရွားကမာၻ႔ဖလားၿပိဳင္ပြဲတြင္လည္းခ႐ိုေအးရွားကိုဗိုလ္လုပြဲသို႔အထိတက္ေရာက္ေအာင္စြမ္းေဆာင္ေပးခဲ့သူျဖစ္ပါတယ္။