ခရိုအေးရှားအလယ်တန်းတိုက်စစ်သမားဗလာဆစ်ကို ပေါင် ၂၆ သန်းဖြင့် ဝက်စ်ဟမ်းခေါ်ယူ

ဝက်စ်ဟမ်းဟာစီအက်စ်ကေအေမော်စကိုမှခရိုအေးရှားအလယ်တန်းတိုက်စစ်သမားနီကိုလာဗလာဆစ်ကိုပြောင်းရွှေ့ကြေးပေါင်၂၆သန်းဖြင့်ခေါ်ယူလိုက်ပါတယ်။အသက်၂၃နှစ်ရှိအလယ်တန်းတိုက်စစ်သမားဟာဝက်စ်ဟမ်းနှင့်ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီးတစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။

ဝက်စ်ဟမ်းဟာနီကိုလာဗလာဆစ်သာအောင်မြင်မှုရရှိလာလျှင်ပြောင်းရွှေ့ကြေးပေါင်၃၃.၄သန်းအထိတိုးမြှင့်ပေးရပါဦးမယ်။

ခရိုအေးရှားအတွက်၂၆ပွဲကစားထားတဲ့ဗလာဆစ်ဟာ၂၀၁၇ခုနှစ်မှ၂၀၁၉ခုနှစ်အထိအဲဗာတန်တွင်၂နှစ်ကြာကစားခဲ့သော်လည်းအောင်မြင်မှုမရရှိခဲ့ပါဘူး။

အဲဗာတန်ဟာ၂၀၁၇ခုနှစ်တုန်းကဗလာဆစ်ကို Hajduk Split မှခေါ်ယူခဲ့ပါတယ်။သူဟာ၂၀၁၇-၁၈ရာသီမှာ၁၉ပွဲကစားခဲ့ရာမှာ၂ဂိုးသွင်းပြီး၁ကြိမ်တည်းသာဖန်တီးနိုင်ခဲ့ပါတယ်။ဒါကြောင့်အဲဗာတန်ဟာနောက်တစ်ရာသီမှာသူ့ကိုစီအက်စ်ကေအေသို့အငှားချပါတယ်။

စီအက်စ်ကေအေဟာအငှားဖြင့်ကစားစဉ်အတွင်း၃၁ပွဲမှာ၈ဂိုးသွင်းပြီး၇ကြိမ်ဖန်တီးနိုင်တဲ့သူ့ကိုအပြီးသတ်ခေါ်ယူခဲ့ပါတယ်။သူဟာ၂၀၂၀ခုနှစ်အတွက်ရုရှားတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့အပြင်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုသုံးကြိမ်ဆွတ်ခူးခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

ခ႐ိုေအးရွားအလယ္တန္းတိုက္စစ္သမားဗလာဆစ္ကို ေပါင္ ၂၆ သန္းျဖင့္ ဝက္စ္ဟမ္းေခၚယူ

ဝက္စ္ဟမ္းဟာစီအက္စ္ေကေအေမာ္စကိုမွခ႐ိုေအးရွားအလယ္တန္းတိုက္စစ္သမားနီကိုလာဗလာဆစ္ကိုေျပာင္းေ႐ႊ႕ေၾကးေပါင္၂၆သန္းျဖင့္ေခၚယူလိုက္ပါတယ္။အသက္၂၃ႏွစ္ရွိအလယ္တန္းတိုက္စစ္သမားဟာဝက္စ္ဟမ္းႏွင့္ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီးတစ္ႏွစ္သက္တမ္းတိုးႏိုင္မယ့္အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။

ဝက္စ္ဟမ္းဟာနီကိုလာဗလာဆစ္သာေအာင္ျမင္မႈရရွိလာလွ်င္ေျပာင္းေ႐ႊ႕ေၾကးေပါင္၃၃.၄သန္းအထိတိုးျမႇင့္ေပးရပါဦးမယ္။

ခ႐ိုေအးရွားအတြက္၂၆ပြဲကစားထားတဲ့ဗလာဆစ္ဟာ၂၀၁၇ခုႏွစ္မွ၂၀၁၉ခုႏွစ္အထိအဲဗာတန္တြင္၂ႏွစ္ၾကာကစားခဲ့ေသာ္လည္းေအာင္ျမင္မႈမရရွိခဲ့ပါဘူး။

အဲဗာတန္ဟာ၂၀၁၇ခုႏွစ္တုန္းကဗလာဆစ္ကို Hajduk Split မွေခၚယူခဲ့ပါတယ္။သူဟာ၂၀၁၇-၁၈ရာသီမွာ၁၉ပြဲကစားခဲ့ရာမွာ၂ဂိုးသြင္းၿပီး၁ႀကိမ္တည္းသာဖန္တီးႏိုင္ခဲ့ပါတယ္။ဒါေၾကာင့္အဲဗာတန္ဟာေနာက္တစ္ရာသီမွာသူ႔ကိုစီအက္စ္ေကေအသို႔အငွားခ်ပါတယ္။

စီအက္စ္ေကေအဟာအငွားျဖင့္ကစားစဥ္အတြင္း၃၁ပြဲမွာ၈ဂိုးသြင္းၿပီး၇ႀကိမ္ဖန္တီးႏိုင္တဲ့သူ႔ကိုအၿပီးသတ္ေခၚယူခဲ့ပါတယ္။သူဟာ၂၀၂၀ခုႏွစ္အတြက္႐ုရွားတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးႏိုင္ခဲ့တဲ့အျပင္တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုသုံးႀကိမ္ဆြတ္ခူးခဲ့သူလည္းျဖစ္ပါတယ္။