ခရီးသွားလာခွင့်ကန့်သတ်ချက်ကြောင့် စင်းလုံးငှားဂျက်ဖြင့် ခရီးသွားနိုင်တော့မှာ မဟုတ်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာအဝေးကွင်းပွဲစဉ်များကိုသွားရောက်ကစားရန်ခရီးထွက်ရာမှာအသုံးစရိတ်ပေါင်၂၀၀၀၀သာသုံးစွဲရန်ကန့်သတ်ခံရမှုနဲ့အတူချန်ပီယံလိဂ်ဖလားကာကွယ်ရေးအဝေးကွင်းပွဲကစားရေးနှင့်ပတ်သက်ပြီးပြဿနာရှိလာပြီဖြစ်ပါတယ်။

ချဲလ်ဆီးဟာလာမယ့်အပတ်မှာပြင်သစ်သို့သွားရောက်ပြီးလိုင်လီနှင့်အဝေးကွင်းပွဲစဉ်သွားရောက်ကစားရပါမယ်။

ချဲလ်ဆီးပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ဟာကြာသပတေးနေ့တုန်းကဗြိတိန်အစိုးရရဲ့ဆန်ရှင်အလုပ်ခံရခဲ့ရပါတယ်။

ချဲလ်ဆီးဟာဘောလုံးကလပ်အဖြစ်သာလုပ်ဆောင်နိုင်တော့မယ့်လိုင်စင်သာအပေးခံရပြီးလိုင်စင်ရဲ့အစိတ်အပိုင်းအဖြစ် ခရီးသွားလာရေးအသုံးစရိတ်ကန့်သတ်ခြင်းခံရပါတယ်။

ချဲလ်ဆီးဟာခရီးသွားလာရေးအသုံးစရိတ်ပေါင်၂၀၀၀၀သာကန့်သတ်ခံရမှုနဲ့အတူ စင်းလုံးငှားလေယာဉ်ဖြင့်ခရီးသွားလာနိုင်တော့မှာမဟုတ်ဘဲပေါင်တောင့်တင်းအောင်ဘတ်စ်ကားစီးပြီးခရီးသွားလာရမယ့်အခြေအနေမှာရှိနေပါတယ်။

ချဲလ်ဆီးဟာဖေဖော်ဝါရီလတုန်းကစတမ်းဖို့ဒ်ဘရစ်ချ်အိမ်ကွင်းပွဲစဉ်တွင် လိုင်လီကို၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ရာကွာတားဖိုင်နယ်သို့တက်ရန်အခြေအနေကောင်းနေပါတယ်။

ချဲလ်ဆီးဟာချန်ပီယံလိဂ်အဝေးကွင်းပွဲအတွက်ခရီးသွားလာရေးအခက်တွေ့နေတဲ့အပြင်ပရီးမီးယားလိဂ်အဝေးကွင်းပွဲသွားကစားရေးနှင့်ပတ်သက်ပြီးတော့လည်းပြဿနာရှိနေပါတယ်။

Play Care Group ရဲ့ဖော်ပြချက်အရပရီးမီးယားလိဂ်ကလပ်များရဲ့ပရီးမီးယားလိဂ်အဝေးကွင်းပွဲတစ်ပွဲသွားကစားလျှင်ဟိုတယ်စရိတ်၊လေယာဉ်စရိတ်၊စားသောက်စရိတ်၊လုံခြုံရေးစရိတ်တို့မှာအနည်းဆုံးပေါင်၃၀၀၀၀ကုန်ကျကြောင်းသိရပါတယ်။

ZawGyi

ခရီးသြားလာခြင့္ကန႔္သတ္ခ်က္ေၾကာင့္ စင္းလုံးငွားဂ်က္ျဖင့္ ခရီးသြားႏိုင္ေတာ့မွာ မဟုတ္တဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးဟာအေဝးကြင္းပြဲစဥ္မ်ားကိုသြားေရာက္ကစားရန္ခရီးထြက္ရာမွာအသုံးစရိတ္ေပါင္၂၀၀၀၀သာသုံးစြဲရန္ကန႔္သတ္ခံရမႈနဲ႔အတူခ်န္ပီယံလိဂ္ဖလားကာကြယ္ေရးအေဝးကြင္းပြဲကစားေရးႏွင့္ပတ္သက္ၿပီးျပႆနာရွိလာၿပီျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာလာမယ့္အပတ္မွာျပင္သစ္သို႔သြားေရာက္ၿပီးလိုင္လီႏွင့္အေဝးကြင္းပြဲစဥ္သြားေရာက္ကစားရပါမယ္။

ခ်ဲလ္ဆီးပိုင္ရွင္႐ိုမန္ေအဘရာမိုဗစ္ဟာၾကာသပေတးေန႔တုန္းကၿဗိတိန္အစိုးရရဲ႕ဆန္ရွင္အလုပ္ခံရခဲ့ရပါတယ္။

ခ်ဲလ္ဆီးဟာေဘာလုံးကလပ္အျဖစ္သာလုပ္ေဆာင္ႏိုင္ေတာ့မယ့္လိုင္စင္သာအေပးခံရၿပီးလိုင္စင္ရဲ႕အစိတ္အပိုင္းအျဖစ္ ခရီးသြားလာေရးအသုံးစရိတ္ကန႔္သတ္ျခင္းခံရပါတယ္။

ခ်ဲလ္ဆီးဟာခရီးသြားလာေရးအသုံးစရိတ္ေပါင္၂၀၀၀၀သာကန႔္သတ္ခံရမႈနဲ႔အတူ စင္းလုံးငွားေလယာဥ္ျဖင့္ခရီးသြားလာႏိုင္ေတာ့မွာမဟုတ္ဘဲေပါင္ေတာင့္တင္းေအာင္ဘတ္စ္ကားစီးၿပီးခရီးသြားလာရမယ့္အေျခအေနမွာရွိေနပါတယ္။

ခ်ဲလ္ဆီးဟာေဖေဖာ္ဝါရီလတုန္းကစတမ္းဖို႔ဒ္ဘရစ္ခ်္အိမ္ကြင္းပြဲစဥ္တြင္ လိုင္လီကို၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ရာကြာတားဖိုင္နယ္သို႔တက္ရန္အေျခအေနေကာင္းေနပါတယ္။

ခ်ဲလ္ဆီးဟာခ်န္ပီယံလိဂ္အေဝးကြင္းပြဲအတြက္ခရီးသြားလာေရးအခက္ေတြ႕ေနတဲ့အျပင္ပရီးမီးယားလိဂ္အေဝးကြင္းပြဲသြားကစားေရးႏွင့္ပတ္သက္ၿပီးေတာ့လည္းျပႆနာရွိေနပါတယ္။

Play Care Group ရဲ႕ေဖာ္ျပခ်က္အရပရီးမီးယားလိဂ္ကလပ္မ်ားရဲ႕ပရီးမီးယားလိဂ္အေဝးကြင္းပြဲတစ္ပြဲသြားကစားလွ်င္ဟိုတယ္စရိတ္၊ေလယာဥ္စရိတ္၊စားေသာက္စရိတ္၊လုံၿခဳံေရးစရိတ္တို႔မွာအနည္းဆုံးေပါင္၃၀၀၀၀ကုန္က်ေၾကာင္းသိရပါတယ္။