ခရီးသွားအေးဂျင့်ရဲ့ပေါင် ၂၅၀၀၀၀ အလိမ်ခံထိခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရီးသွားအေးဂျင့်တစ်ဦးဟာမန်ချက်စတာယူနိုက်တက်စူပါစတားခရစ္စတီယာနိုရော်နယ်ဒိုထံမှပေါင်၂၅၀၀၀၀လိမ်လည်ရယူသွားခဲ့ကြောင်းသိရပါတယ်။ခရီးသွားအေးဂျင့်ဟာသူမအပေါ်ခရစ္စတီယာနိုရော်နယ်ဒိုကခရက်ဒစ်ကတ်များနှင့် Pin Codes များကိုယုံကြည်စွာပေးထားမှုအပေါ်အလွဲသုံးစားလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ပေါ်တူဂီမှ အသက်၅၃နှစ်ရှိမာရီယာဆေးလ်ဗားဟာခရစ္စတီယာနိုရော်နယ်ဒိုအပြင် သူ့အေးဂျင့်ဂျော့မန်ဒက်စ်ထံမှပေါင်၁၄၀၀၀ကျော်နှင့်မန်ယူတောင်ပံကစားသမားဟောင်းနာနီထံမှလည်းပေါင်၁၅၀၀ကျော်လိမ်လည်သွားခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီနေ့စဉ်သတင်းစာ Jornal de Noticias ရဲ့ဖော်ပြချက်အရ ယင်းအမျိုးသမီးဟာအထက်ပါလိမ်လည်မှုအတွက်ဆိုင်းငံ့ထောင်ဒဏ်လေးနှစ်ချမှတ်ခြင်းခံခဲ့ရပါတယ်။

ယင်းအမျိုးသမီးဟာခရစ္စတီယာနိုရော်နယ်ဒို တစ်ခါမျှမသွားခဲ့ဖူးတဲ့ ပေါ်တူဂီနှင့်အခြားဥရောပနိုင်ငံများအပါအဝင်အာဖရိကခရီးစဉ်ပေါင်းနှစ်ရာကျော်တို့အတွက် ပေါင်၂၄၅၇၇၀ရယူခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင်သူမဟာယင်းလိမ်လည်ခရီးစဉ်များကိုသူမအလုပ်လုပ်တဲ့အေဂျင်စီရဲ့စီးပွားရေးလုပ်ငန်းသုံးအကောင့်ဖြင့်သုံးခြင်းမဟုတ်ဘဲသူမရဲ့ကိုယ်ပိုင်အကောင့်ကိုအသုံးပြုကာလိမ်လည်ခဲ့တာလည်းဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ၂၀၀၇ခုနှစ်ဖေဖော်ဝါရီလမှ၂၀၁၀ခုနှစ်၊ဇူလိုင်လတို့အတွင်းခရီးစဉ်များအတွက်ငွေများလိမ်လည်ရယူခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်တွင်သူမကခရစ္စတီယာနိုရော်နယ်ဒိုအပါအဝင်အခြားသူများအားလိမ်လည်မှုအားမည်ကဲ့သို့ဖော်ထုတ်လိုက်နိုင်တယ်ဆိုတာမသိရသေးပါဘူး။

ZawGyi

ရီးသြားေအးဂ်င့္ရဲ႕ေပါင္ ၂၅၀၀၀၀ အလိမ္ခံထိခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရီးသြားေအးဂ်င့္တစ္ဦးဟာမန္ခ်က္စတာယူႏိုက္တက္စူပါစတားခရစၥတီယာႏိုေရာ္နယ္ဒိုထံမွေပါင္၂၅၀၀၀၀လိမ္လည္ရယူသြားခဲ့ေၾကာင္းသိရပါတယ္။ခရီးသြားေအးဂ်င့္ဟာသူမအေပၚခရစၥတီယာႏိုေရာ္နယ္ဒိုကခရက္ဒစ္ကတ္မ်ားႏွင့္ Pin Codes မ်ားကိုယုံၾကည္စြာေပးထားမႈအေပၚအလြဲသုံးစားလုပ္ခဲ့တာလည္းျဖစ္ပါတယ္။

ေပၚတူဂီမွ အသက္၅၃ႏွစ္ရွိမာရီယာေဆးလ္ဗားဟာခရစၥတီယာႏိုေရာ္နယ္ဒိုအျပင္ သူ႔ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ထံမွေပါင္၁၄၀၀၀ေက်ာ္ႏွင့္မန္ယူေတာင္ပံကစားသမားေဟာင္းနာနီထံမွလည္းေပါင္၁၅၀၀ေက်ာ္လိမ္လည္သြားခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီေန႔စဥ္သတင္းစာ Jornal de Noticias ရဲ႕ေဖာ္ျပခ်က္အရ ယင္းအမ်ိဳးသမီးဟာအထက္ပါလိမ္လည္မႈအတြက္ဆိုင္းငံ့ေထာင္ဒဏ္ေလးႏွစ္ခ်မွတ္ျခင္းခံခဲ့ရပါတယ္။

ယင္းအမ်ိဳးသမီးဟာခရစၥတီယာႏိုေရာ္နယ္ဒို တစ္ခါမွ်မသြားခဲ့ဖူးတဲ့ ေပၚတူဂီႏွင့္အျခားဥေရာပႏိုင္ငံမ်ားအပါအဝင္အာဖရိကခရီးစဥ္ေပါင္းႏွစ္ရာေက်ာ္တို႔အတြက္ ေပါင္၂၄၅၇၇၀ရယူခဲ့တာလည္းျဖစ္ပါတယ္။ဒါ့အျပင္သူမဟာယင္းလိမ္လည္ခရီးစဥ္မ်ားကိုသူမအလုပ္လုပ္တဲ့ေအဂ်င္စီရဲ႕စီးပြားေရးလုပ္ငန္းသုံးအေကာင့္ျဖင့္သုံးျခင္းမဟုတ္ဘဲသူမရဲ႕ကိုယ္ပိုင္အေကာင့္ကိုအသုံးျပဳကာလိမ္လည္ခဲ့တာလည္းျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၂၀၀၇ခုႏွစ္ေဖေဖာ္ဝါရီလမွ၂၀၁၀ခုႏွစ္၊ဇူလိုင္လတို႔အတြင္းခရီးစဥ္မ်ားအတြက္ေငြမ်ားလိမ္လည္ရယူျခင္းခံခဲ့ရတာလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္သူမကခရစၥတီယာႏိုေရာ္နယ္ဒိုအပါအဝင္အျခားသူမ်ားအားလိမ္လည္မႈအားမည္ကဲ့သို႔ေဖာ္ထုတ္လိုက္ႏိုင္တယ္ဆိုတာမသိရေသးပါဘူး။