ခါဘစ်နှင့်စကားပြောစဉ် ရော်နယ်ဒိုကို အရန်ခုံမှာထိုင်ခိုင်းထားမှုအတွက် ဆိုးလ်ရှားကို ဖာဂူဆန်ဝေဖန်ခဲ့

ဆာအဲလက်စ်ဖာဂူဆန်ဟာစနေနေ့တုန်းကအိုးထရက်ဖို့ဒ်တွင်အဲဗာတန်နှင့်ရင်ဆိုင်ကစားရတဲ့ပွဲစဉ်မှာခါဘစ်နှင့်စကားပြောစဉ်ခရစ္စတီယာနိုရော်နယ်ဒိုအားအရန်ခုံတွင်ထိုင်နေစေမှုအတွက် အိုလီဂန်းနားဆိုးလ်ရှားကိုဝေဖန်မှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

မန်ယူနှင့်အတူပရီးမီးယားလိဂ်ဖလား၁၃ကြိမ်ဆွတ်ခူးနိုင်ခဲ့တဲ့ဆာအဲလက်စ်ဖာဂူဆန်ဟာ စနေနေ့တုန်းကအိုးထရက်ဖို့ဒ်ပွဲသို့ကိုယ်တိုင်လာရောက်ကြည့်ရှုအားပေးခဲ့ပြီးဟူစိန်ဘို့သ်၊ပက်ထရစ်ဗီအဲရာ၊ UFC စတားဟောင်းခါဘစ်တို့နှင့်စကားပြောခဲ့တာတွေ့ရပါတယ်။

ခါဘစ်နှင့်စကားပြောစဉ်အတွင်းတွင်ဆာအဲလက်စ်ဖာဂူဆန်ဟာခရစ္စတီယာနိုရော်နယ်ဒိုအားအနားပေးထားမှုအတွက်ဆိုးလ်ရှားရဲ့ဆုံးဖြတ်ချက်ကိုဝေဖန်သွားခဲ့တာတွေ့ရပါတယ်။

ဖာဂူဆန်က ခရစ္စတီယာနိုရော်နယ်ဒိုကဲ့သို့အသင်းရဲ့အကောင်းဆုံးကစားသမားကို မဖြစ်မနေပွဲထွက်ရမှာဖြစ်ကြောင်းခါဘစ်ကိုပြောကြားခဲ့တာဖြစ်ပါတယ်။

အဲဗာတန်နှင့်ပွဲစဉ်တွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာပွဲထွက်ခွင့်မရရှိခဲ့ဘဲဒုတိယပိုင်းတွင်မှ ကာဗာနီအစားလူစားဝင်ရောက်ကစားခဲ့ရပါတယ်။

ဆိုးလ်ရှားကတော့ခရစ္စတီယာနိုရော်နယ်ဒိုကိုဗုဒ္ဓဟူးနေ့တုန်းကဗီလာရီးရဲလ်နှင့်ပွဲတွင် အစွမ်းကုန်ကစားခဲ့ရမှုကြောင့်အားပြန်ပြည့်လာစေရန်အနားပေးခဲ့ခြင်းဖြစ်ကြောင်းရှင်းလင်းထားပါတယ်။

ZawGyi

ခါဘစ္ႏွင့္စကားေျပာစဥ္ ေရာ္နယ္ဒိုကို အရန္ခုံမွာထိုင္ခိုင္းထားမႈအတြက္ ဆိုးလ္ရွားကို ဖာဂူဆန္ေဝဖန္ခဲ့

ဆာအဲလက္စ္ဖာဂူဆန္ဟာစေနေန႔တုန္းကအိုးထရက္ဖို႔ဒ္တြင္အဲဗာတန္ႏွင့္ရင္ဆိုင္ကစားရတဲ့ပြဲစဥ္မွာခါဘစ္ႏွင့္စကားေျပာစဥ္ခရစၥတီယာႏိုေရာ္နယ္ဒိုအားအရန္ခုံတြင္ထိုင္ေနေစမႈအတြက္ အိုလီဂန္းနားဆိုးလ္ရွားကိုေဝဖန္မႈျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။

မန္ယူႏွင့္အတူပရီးမီးယားလိဂ္ဖလား၁၃ႀကိမ္ဆြတ္ခူးႏိုင္ခဲ့တဲ့ဆာအဲလက္စ္ဖာဂူဆန္ဟာ စေနေန႔တုန္းကအိုးထရက္ဖို႔ဒ္ပြဲသို႔ကိုယ္တိုင္လာေရာက္ၾကည့္ရႈအားေပးခဲ့ၿပီးဟူစိန္ဘို႔သ္၊ပက္ထရစ္ဗီအဲရာ၊ UFC စတားေဟာင္းခါဘစ္တို႔ႏွင့္စကားေျပာခဲ့တာေတြ႕ရပါတယ္။

ခါဘစ္ႏွင့္စကားေျပာစဥ္အတြင္းတြင္ဆာအဲလက္စ္ဖာဂူဆန္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုအားအနားေပးထားမႈအတြက္ဆိုးလ္ရွားရဲ႕ဆုံးျဖတ္ခ်က္ကိုေဝဖန္သြားခဲ့တာေတြ႕ရပါတယ္။

ဖာဂူဆန္က ခရစၥတီယာႏိုေရာ္နယ္ဒိုကဲ့သို႔အသင္းရဲ႕အေကာင္းဆုံးကစားသမားကို မျဖစ္မေနပြဲထြက္ရမွာျဖစ္ေၾကာင္းခါဘစ္ကိုေျပာၾကားခဲ့တာျဖစ္ပါတယ္။

အဲဗာတန္ႏွင့္ပြဲစဥ္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာပြဲထြက္ခြင့္မရရွိခဲ့ဘဲဒုတိယပိုင္းတြင္မွ ကာဗာနီအစားလူစားဝင္ေရာက္ကစားခဲ့ရပါတယ္။

ဆိုးလ္ရွားကေတာ့ခရစၥတီယာႏိုေရာ္နယ္ဒိုကိုဗုဒၶဟူးေန႔တုန္းကဗီလာရီးရဲလ္ႏွင့္ပြဲတြင္ အစြမ္းကုန္ကစားခဲ့ရမႈေၾကာင့္အားျပန္ျပည့္လာေစရန္အနားေပးခဲ့ျခင္းျဖစ္ေၾကာင္းရွင္းလင္းထားပါတယ္။