
မန်ချက်စတာယူနိုက်တက်ဟာခါရာဘောင်ဖလားကွာတားဖိုင်နယ်တွင် Giant Killer အဖြစ်နာမည်ကြီးတဲ့လိဂ်ဝမ်းကလပ်ချာလ်တန်နှင့်ရင်ဆိုင်ကစားရပါမယ်။
ချာလ်တန်ဟာခါရာဘောင်ဖလားကွာတားဖိုင်နယ်ရောက်အသင်းများတွင်ပရီးမီးယားလိဂ်အသင်းမဟုတ်တဲ့တစ်သင်းတည်းသောအသင်းလည်းဖြစ်ပါတယ်။
မနေ့ညတုန်းကလက်ရှိချန်ပီယံလီဗာပူးကိုအနိုင်ယူခဲ့တဲ့မန်စီးတီးမှာလည်း ဆောက်သမ်တန်နှင့်ရင်ဆိုင်ကစားရပါမယ်။
ဒါ့အပြင်နော်တင်ဟမ်ဖောရက်စ်မှာဝုဗ်နှင့်လည်းကောင်း၊နယူးကာဆယ်မှာလည်းလက်စတာနှင့်လည်းကောင်းရင်ဆိုင်ရပါမယ်။
ယူနိုက်တက်ဟာချာလ်တန်နှင့်နောက်ဆုံးအကြိမ်ဆုံတွေ့ခဲ့တာ၂၀၀၇ခုနှစ်၊ဖေဖော်ဝါရီလတုန်းကဖြစ်ပြီးထိုစဉ်တုန်းကယူနိုက်တက်က၂-၀ဂိုးဖြင့်အနိုင်ရခဲ့ပါတယ်။ချာလ်တန်တို့ယူနိုက်တက်ကိုနောက်ဆုံးအနိုင်ရခဲ့တာ၁၉၈၉ခုနှစ်၊နိုဝင်ဘာလတုန်းကပါ။
ခါရာဘောင်ဖလားကွာတားဖိုင်နယ်ပွဲစဉ်များကိုဇန်နဝါရီ၉ရက်နေ့ရက်သတ္တပတ်တွင်ကစားသွားပါမယ်။
Zawgyi
ခါရာဘောင်ဖလားကွာတားတွင် Giant Killer ချာလ်တန်နှင့် ရင်ဆိုင်တွေ့နေတဲ့ ယူနိုက်တက်