
မန်စီးတီးဟာခါရာဘောင်ဖလားစတုတ္ထအဆင့်တွင်လက်ရှိချန်ပီယံလီဗာပူးကိုဧည့်ခံကစားရမည်ဖြစ်ပြီးပွဲကြပ်ကစားလာရတော့မှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ထိပ်သီးများဟာကြာသပတေးနေ့ညတုန်းကခါရာဘောင်ဖလားတတိယအဆင့်ပွဲစဉ်အပြီး အချိန်အနည်းငယ်အကြာတွင်စတုတ္ထအဆင့်တွင်ရင်ဆိုင်ရမယ့်ပြိုင်ပွဲကိုသိရှိလာခဲ့ရတာလည်းဖြစ်ပါတယ်။
ခါရာဘောင်ဖလားစတုတ္ထအဆင့်တွင်ပရီးမီးယားလိဂ်အသင်း၁၀သင်းပါဝင်နေပြီးအသင်း၁၆သင်းပါဝင်နေပါတယ်။
မနေ့ညတုန်းကအိုးထရက်ဖို့ဒ်တွင်အက်စတွန်ဗီလာကို၄-၂ဂိုးဖြင့်အနိုင်ရခဲ့တဲ့ယူနိုက်တက်မှာ မန်စီးတီးဂန္ထဝင်ဗင်းဆင့်ကွန်ပနီကိုင်တွယ်နေတဲ့ဘန်လေနှင့်ရင်ဆိုင်ရပါမယ်။
လက်ရှိအချိန်တွင်အကောင်းဆုံးပုံစံရရှိနေတဲ့နယူးကာဆယ်မှာလည်းနည်းပြအက်ဒီဟိုဝီရဲ့အသင်းဟောင်းဘုန်းမောက်နှင့်ရင်ဆိုင်ရပါမယ်။ဝုဗ်နည်းပြသစ်လိုပီတီဂူမှာဝုဗ်ကိုပထမဆုံးကိုင်တွယ်တဲ့ပွဲအဖြစ်လိဂ်၂ကလပ်ဂယ်လင်ဟမ်နှင့်ရင်ဆိုင်ရပါမယ်။
ဆောက်သမ်တန်မှာလည်းစိန့်မေရီတွင်လိဂ်၂ပြိုင်ဘက်လင်ကွန်းစီးတီးနှင့်ရင်ဆိုင်ရမှာဖြစ်ပြီးစပါးစ်ကိုဖြုတ်ချခဲ့တဲ့နော်တင်ဟမ်ဖောရက်စ်မှာလည်း ချန်ပီယံရှစ်ကလပ်ဘလက်ဘန်းကို Ewood Park တွင်ရင်ဆိုင်ရပါမယ်။
လက်စတာမှာလည်း Milton Keynes သို့သွားရောက်ကာ အမ်ကေဒွန်းနှင့်ရင်ဆိုင်ရမှာဖြစ်သလိုဘရိုက်တန်မှာလည်း Valley သို့သွားရောက်ကာ လိဂ်၂ကလပ်ချာလ်တန်နှင့်ရင်ဆိုင်ရပါမယ်။
ခါရာဘောင်ဖလားစတုတ္ထအဆင့်ပွဲစဉ်များကိုကမ္ဘာ့ဖလားပြိုင်ပွဲအပြီးရက်အနည်းငယ်အကြာဒီဇင်ဘာလ၁၉ရက်နေ့တွင်ကစားရပါမယ်။
ZawGyi
ခါရာေဘာင္ဖလားစတုတၳအဆင့္တြင္ မန္စီးတီးႏွင့္လီဗာပူး၊ ယူႏိုက္တက္ႏွင့္ ကြန္ပနီရဲ႕ဘန္ေလ ေတြ႕ဆုံေန
မန္စီးတီးဟာခါရာေဘာင္ဖလားစတုတၳအဆင့္တြင္လက္ရွိခ်န္ပီယံလီဗာပူးကိုဧည့္ခံကစားရမည္ျဖစ္ၿပီးပြဲၾကပ္ကစားလာရေတာ့မွာျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ထိပ္သီးမ်ားဟာၾကာသပေတးေန႔ညတုန္းကခါရာေဘာင္ဖလားတတိယအဆင့္ပြဲစဥ္အၿပီး အခ်ိန္အနည္းငယ္အၾကာတြင္စတုတၳအဆင့္တြင္ရင္ဆိုင္ရမယ့္ၿပိဳင္ပြဲကိုသိရွိလာခဲ့ရတာလည္းျဖစ္ပါတယ္။
ခါရာေဘာင္ဖလားစတုတၳအဆင့္တြင္ပရီးမီးယားလိဂ္အသင္း၁၀သင္းပါဝင္ေနၿပီးအသင္း၁၆သင္းပါဝင္ေနပါတယ္။
မေန႔ညတုန္းကအိုးထရက္ဖို႔ဒ္တြင္အက္စတြန္ဗီလာကို၄-၂ဂိုးျဖင့္အႏိုင္ရခဲ့တဲ့ယူႏိုက္တက္မွာ မန္စီးတီးဂႏၴဝင္ဗင္းဆင့္ကြန္ပနီကိုင္တြယ္ေနတဲ့ဘန္ေလႏွင့္ရင္ဆိုင္ရပါမယ္။
လက္ရွိအခ်ိန္တြင္အေကာင္းဆုံးပုံစံရရွိေနတဲ့နယူးကာဆယ္မွာလည္းနည္းျပအက္ဒီဟိုဝီရဲ႕အသင္းေဟာင္းဘုန္းေမာက္ႏွင့္ရင္ဆိုင္ရပါမယ္။ဝုဗ္နည္းျပသစ္လိုပီတီဂူမွာဝုဗ္ကိုပထမဆုံးကိုင္တြယ္တဲ့ပြဲအျဖစ္လိဂ္၂ကလပ္ဂယ္လင္ဟမ္ႏွင့္ရင္ဆိုင္ရပါမယ္။
ေဆာက္သမ္တန္မွာလည္းစိန႔္ေမရီတြင္လိဂ္၂ၿပိဳင္ဘက္လင္ကြန္းစီးတီးႏွင့္ရင္ဆိုင္ရမွာျဖစ္ၿပီးစပါးစ္ကိုျဖဳတ္ခ်ခဲ့တဲ့ေနာ္တင္ဟမ္ေဖာရက္စ္မွာလည္း ခ်န္ပီယံရွစ္ကလပ္ဘလက္ဘန္းကို Ewood Park တြင္ရင္ဆိုင္ရပါမယ္။
လက္စတာမွာလည္း Milton Keynes သို႔သြားေရာက္ကာ အမ္ေကဒြန္းႏွင့္ရင္ဆိုင္ရမွာျဖစ္သလိုဘ႐ိုက္တန္မွာလည္း Valley သို႔သြားေရာက္ကာ လိဂ္၂ကလပ္ခ်ာလ္တန္ႏွင့္ရင္ဆိုင္ရပါမယ္။
ခါရာေဘာင္ဖလားစတုတၳအဆင့္ပြဲစဥ္မ်ားကိုကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးရက္အနည္းငယ္အၾကာဒီဇင္ဘာလ၁၉ရက္ေန႔တြင္ကစားရပါမယ္။