
ယူနိုက်တက်ဟာခါရာဘောင်ဖလားဗိုလ်လုပွဲသို့တက်ရောက်ရေးအတွက်ဆီမီးဖိုင်နယ်တွင်နော်တင်ဟမ်ဖောရက်စ်ကိုရင်ဆိုင်ရပါမယ်။ဆောက်သမ်တန်မှာလည်းခါရာဘောင်ဖလားဆီမီးဖိုင်နယ်တွင်နယူးကာဆယ်နှင့်ရင်ဆိုင်ကစားရပါမယ်။
စတိဗ်ကိုးပါးရဲ့နော်တင်ဟမ်ဖောရက်စ်ဟာဗုဒ္ဓဟူးနေ့တုန်းကဝုဗ်နှင့်တစ်ဂိုးစီသရေကျပြီးနောက်ပင်နယ်တီအဆုံးအဖြတ်တွင်၄-၃ဖြင့်အနိုင်ရရှိကာဆီမီးဖိုင်နယ်သို့တက်ရောက်လာတာဖြစ်ပြီးပထမအကျော့အဖြစ်အိမ်ကွင်းတွင်ဦးစွာဧည့်ခံကစားရပါမယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားအောက်ဆုံးတွင်ရပ်တည်နေတဲ့ဆောက်သမ်တန်မှာလည်းမန်စီးတီးကို၂-၀ဂိုးဖြင့်အံ့ဩသင့်ဖွယ်အနိုင်ယူကာခါရာဘောင်ဖလားဆီမီးဖိုင်နယ်သို့တက်ရောက်လာခဲ့တာဖြစ်ပါတယ်။
ခါရာဘောင်ဖလားဆီမီးဖိုင်နယ်နှစ်ကျော့ကိုဇန်နဝါရီလ ၂၃ ရက်နှင့်ဇန်နဝါရီလ၃၀ရက်တို့တွင်ကစားသွားပါမယ်။
ယူနိုက်တက်ဟာအင်္ဂါနေ့တုန်းကအိုးထရက်ဖို့ဒ်တွင်လိဂ်၁ကလပ်ချာလ်တန်ကို၃-၀ဂိုးဖြင့်အနိုင်ယူကာဆီမီးဖိုင်နယ်သို့တက်လာခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ဟာခါရာဘောင်ဖလား၅ကြိမ်ဆွတ်ခူးထားပြီးနောက်ဆုံးအကြိမ်ဆွတ်ခူးခဲ့တာ၂၀၁၇ခုနှစ်တုန်းကဖြစ်ပါတယ်။
လက်ရှိအချိန်တွင်ယူနိုက်တက်ကခါရာဘောင်ဖလားချန်ပီယံဖြစ်ရန်ရေပန်းအစားဆုံးအသင်းအဖြစ်ရပ်တည်နေပါတယ်။
ZawGyi
ခါရာဘောင်ဖလားဆီမီးဖိုင်နယ်တွင် နော်တင်ဟမ်ဖောရက်စ်နှင့် ရင်ဆိုင်ရမဲ့ ယူနိုက်တက်
စတိဗ်ကိုးပါးရဲ့နော်တင်ဟမ်ဖောရက်စ်ဟာဗုဒ္ဓဟူးနေ့တုန်းကဝုဗ်နှင့်တစ်ဂိုးစီသရေကျပြီးနောက်ပင်နယ်တီအဆုံးအဖြတ်တွင်၎-၃ဖြင့်အနိုင်ရရှိကာဆီမီးဖိုင်နယ်သို့တက်ရောက်လာတာဖြစ်ပြီးပထမအကျော့အဖြစ်အိမ်ကွင်းတွင်ဦးစွာဧည့်ခံကစားရပါမယ်။