ခါရာဘောင်ဖလားဗိုလ်လုပွဲမှ ရရှိတဲ့ ဆုကြေးနှင့် လက်မှတ်ရေးထိုးထားတဲ့ အင်္ကျီကို မသန်မစွမ်းအသင်းသို့ လှူဒါန်းခဲ့တဲ့ ဗန်ဒိုက်

ဗာဂယ်ဗန်ဒိုက်ဟာခါရာဘောင်ဖလားဗိုလ်လုပွဲမှရရှိတဲ့ဆုကြေးငွေများကိုမေလတွင်းကျင်းပမဲ့ Deaflympics တွင်ဝင်ရောက်ယှဉ်ပြိုင်မယ့်မသန်မစွမ်းအသင်းကိုလှူဒါန်းမှုပြုလုပ်လာပါတယ်။

လီဗာပူးဗဟိုနောက်ခံလူဟာအခြားမသန်မစွမ်းအသင်းအများစုကဲ့သို့စရိတ်အလုံအလောက်မရှိမှုကြုံနေရတဲ့နယ်သာလန်အသင်းကိုအကူအညီပေးမှုပြုလုပ်လာတာလည်းဖြစ်ပါတယ်။

ဘရာဇီးတွင်ကျင်းပမယ့်ယင်းပြိုင်ပွဲကို အသင်းတစ်သင်းဝင်ရောက်ယှဉ်ပြိုင်ရန် ခရီးစရိတ်အပါအဝင်အနည်းဆုံးပေါင်၇၅၀၀၀ကုန်ကျပါတယ်။

ယနေ့မှာဒတ်ချ်သတင်းစာ De Telegraaf ရဲ့ဖော်ပြမှုအရအသက်၃၀နှစ်ရှိဗန်ဒိုက်ဟာ နယ်သာလန်မသန်မစွမ်းအသင်းကြုံတွေ့နေရတဲ့ငွေကြေးပြဿနာရဲ့အများစုကိုလှူဒါန်းကာအကူအညီပေးလာပြီဖြစ်ပါတယ်။

ဗန်ဒိုက်ဟာနယ်သာလန်မသန်မစွမ်းအသင်းအတွက်ရန်ပုံငွေမြင့်မားစွာရရှိရေးအတွက် တနင်္ဂနွေနေ့တုန်းကခါရာဘောင်ဖလားဗိုလ်လုပွဲတွင်ဝတ်ဆင်ခဲ့တဲ့အင်္ကျီကိုလေလံတင်ရောင်းချမှုပြုလုပ်ခဲ့ပါတယ်။ဒါ့အပြင်ဗန်ဒိုက်ရဲ့လှုံ့ဆော်မှုကြောင့်အလှူငွေလည်းမြင့်စွာရရှိလာပြီး လိုအပ်ပမာဏရဲ့တဝက်ခန့်ရရှိလာတယ်လို့ယုံကြည်ရပါတယ်။

ဗန်ဒိုက်ဟာတနင်္ဂနွေနေ့တုန်းကချဲလ်ဆီးကိုပင်နယ်တီအဆုံးအဖြတ်မှာ၁၁-၁၀ဖြင့်အနိုင်ရရှိတဲ့ခါရာဘောင်ဖလားဗိုလ်လုပွဲမှာအကောင်းဆုံးကစားသမားဆု Alan Hardaker Trophy ကိုလည်းဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

ZawGyi

ခါရာေဘာင္ဖလားဗိုလ္လုပြဲမွ ရရွိတဲ့ ဆုေၾကးႏွင့္ လက္မွတ္ေရးထိုးထားတဲ့ အက်ႌကို မသန္မစြမ္းအသင္းသို႔ လႉဒါန္းခဲ့တဲ့ ဗန္ဒိုက္

ဗာဂယ္ဗန္ဒိုက္ဟာခါရာေဘာင္ဖလားဗိုလ္လုပြဲမွရရွိတဲ့ဆုေၾကးေငြမ်ားကိုေမလတြင္းက်င္းပမဲ့ Deaflympics တြင္ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္မသန္မစြမ္းအသင္းကိုလႉဒါန္းမႈျပဳလုပ္လာပါတယ္။

လီဗာပူးဗဟိုေနာက္ခံလူဟာအျခားမသန္မစြမ္းအသင္းအမ်ားစုကဲ့သို႔စရိတ္အလုံအေလာက္မရွိမႈႀကဳံေနရတဲ့နယ္သာလန္အသင္းကိုအကူအညီေပးမႈျပဳလုပ္လာတာလည္းျဖစ္ပါတယ္။

ဘရာဇီးတြင္က်င္းပမယ့္ယင္းၿပိဳင္ပြဲကို အသင္းတစ္သင္းဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ခရီးစရိတ္အပါအဝင္အနည္းဆုံးေပါင္၇၅၀၀၀ကုန္က်ပါတယ္။

ယေန႔မွာဒတ္ခ်္သတင္းစာ De Telegraaf ရဲ႕ေဖာ္ျပမႈအရအသက္၃၀ႏွစ္ရွိဗန္ဒိုက္ဟာ နယ္သာလန္မသန္မစြမ္းအသင္းႀကဳံေတြ႕ေနရတဲ့ေငြေၾကးျပႆနာရဲ႕အမ်ားစုကိုလႉဒါန္းကာအကူအညီေပးလာၿပီျဖစ္ပါတယ္။

ဗန္ဒိုက္ဟာနယ္သာလန္မသန္မစြမ္းအသင္းအတြက္ရန္ပုံေငြျမင့္မားစြာရရွိေရးအတြက္ တနဂၤေႏြေန႔တုန္းကခါရာေဘာင္ဖလားဗိုလ္လုပြဲတြင္ဝတ္ဆင္ခဲ့တဲ့အက်ႌကိုေလလံတင္ေရာင္းခ်မႈျပဳလုပ္ခဲ့ပါတယ္။ဒါ့အျပင္ဗန္ဒိုက္ရဲ႕လႈံ႕ေဆာ္မႈေၾကာင့္အလႉေငြလည္းျမင့္စြာရရွိလာၿပီး လိုအပ္ပမာဏရဲ႕တဝက္ခန႔္ရရွိလာတယ္လို႔ယုံၾကည္ရပါတယ္။

ဗန္ဒိုက္ဟာတနဂၤေႏြေန႔တုန္းကခ်ဲလ္ဆီးကိုပင္နယ္တီအဆုံးအျဖတ္မွာ၁၁-၁၀ျဖင့္အႏိုင္ရရွိတဲ့ခါရာေဘာင္ဖလားဗိုလ္လုပြဲမွာအေကာင္းဆုံးကစားသမားဆု Alan Hardaker Trophy ကိုလည္းဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။