
ကီရန်ထရစ်ပီယာဟာခါရာဘောင်ဖလားဗိုလ်လုပွဲတွင်ထိပ်တိုက်ရင်ဆိုင်ကစားရမဲ့မန်ချက်စတာယူနိုက်တက်အသင်းမှအန္တရာယ်အရှိဆုံးကစားသမား၄ဦးကိုရွေးချယ်လာပါတယ်။
နယူးကာဆယ်ဟာ၁၉၅၅ခုနှစ်နောက်ပိုင်းပထမဆုံးပြည်တွင်းရှုံးထွက်ဖလားဆွတ်ခူးနိုင်ရေးအတွက်တနင်္ဂနွေနေ့တွင်ဝင်ဘာလေကွင်းမှာယူနိုက်တက်နှင့်ရင်ဆိုင်ရပါမယ်။
နယူးကာဆယ်ဟာယခုရာသီတွင်ပရီးမီးယားလိဂ်တွင်ရလဒ်ကောင်းရယူထားနိုင်ပေမဲ့လည်းအကောင်းဆုံးပုံစံရရှိနေတဲ့ယူနိုက်တက်ကိုတော့ခက်ခက်ခဲခဲရင်ဆိုင်ရဖို့ရှိပါတယ်။
ထရစ်ပီယာကယူနိုက်တက်ရဲ့မားကပ်စ်ရက်ဖို့ဒ်၊ဘရူနိုဖာနန်ဒက်စ်၊ကက်စ်မီရိုနှင့်လုခ်ရှောတို့မှာအန္တရာယ်ရှိတဲ့ကစားသမားများဖြစ်ကြောင်းရွေးချယ်လာပါတယ်။
၎င်းက “မားကပ်စ်အကြောင်းကောင်းကောင်းသိတယ်။သူကမယုံကြည်နိုင်လောက်အောင်ကောင်းတယ်ဆိုတာသိတဲ့အတွက်သူ့အခုလိုမျိုးခြေစွမ်းပြနေမှုအပေါ်ဝမ်းသာပါတယ်။ဒါပေမဲ့တစ်ဦးတည်းနဲ့မဆိုင်ပါဘူး။ဘရူနိုဖာနန်ဒက်စ်၊ကက်စ်မီရို၊လုခ်ရှောတို့ကလည်းမယုံကြည်နိုင်စရာကောင်းအောင်ဒီရာသီမှာကောင်းနေတယ်”လို့ပြောကြားသွားပါတယ်။
ဒါ့ပေမဲ့ထရစ်ပီယာက “ကျွန်တော်တို့အနေနဲ့ဒီလေးယောက်ကိုပဲအာရုံစိုက်လို့မရပါဘူး။သူတို့ကိုစောင့်ကြည်ရမှာတော့အမှန်ပါ။ပြီးတော့သူတို့ကိုဘယ်လိုနာကျင်အောင်လုပ်ရမလဲဆိုတာကိုလည်းအာရုံစိုက်ရပါမယ်။ဗိုလ်လုပွဲကိုအနိုင်ရဖို့ပဲသွားကစားချင်တယ်။ဒါကကျွန်တော်တို့ရဲ့အဓိကရည်မှန်းချက်ပါ”လို့ပြောကြားသွားပါတယ်။
ZawGyi
ခါရာေဘာင္ဖလားဗိုလ္လုပြဲတြင္ ထိပ္တိုက္ေတြ႕မဲ့ ယူႏိုက္တက္ရဲ႕အႏၲရာယ္အရွိဆုံးကစားသမား ၄ ဦးကို ထရစ္ပီယာေ႐ြးခ်ယ္လာ
ကီရန္ထရစ္ပီယာဟာခါရာေဘာင္ဖလားဗိုလ္လုပြဲတြင္ထိပ္တိုက္ရင္ဆိုင္ကစားရမဲ့မန္ခ်က္စတာယူႏိုက္တက္အသင္းမွအႏၲရာယ္အရွိဆုံးကစားသမား၄ဦးကိုေ႐ြးခ်ယ္လာပါတယ္။
နယူးကာဆယ္ဟာ၁၉၅၅ခုႏွစ္ေနာက္ပိုင္းပထမဆုံးျပည္တြင္းရႈံးထြက္ဖလားဆြတ္ခူးႏိုင္ေရးအတြက္တနဂၤေႏြေန႔တြင္ဝင္ဘာေလကြင္းမွာယူႏိုက္တက္ႏွင့္ရင္ဆိုင္ရပါမယ္။
နယူးကာဆယ္ဟာယခုရာသီတြင္ပရီးမီးယားလိဂ္တြင္ရလဒ္ေကာင္းရယူထားႏိုင္ေပမဲ့လည္းအေကာင္းဆုံးပုံစံရရွိေနတဲ့ယူႏိုက္တက္ကိုေတာ့ခက္ခက္ခဲခဲရင္ဆိုင္ရဖို႔ရွိပါတယ္။
ထရစ္ပီယာကယူႏိုက္တက္ရဲ႕မားကပ္စ္ရက္ဖို႔ဒ္၊ဘ႐ူႏိုဖာနန္ဒက္စ္၊ကက္စ္မီ႐ိုႏွင့္လုခ္ေရွာတို႔မွာအႏၲရာယ္ရွိတဲ့ကစားသမားမ်ားျဖစ္ေၾကာင္းေ႐ြးခ်ယ္လာပါတယ္။
၎က “မားကပ္စ္အေၾကာင္းေကာင္းေကာင္းသိတယ္။သူကမယုံၾကည္ႏိုင္ေလာက္ေအာင္ေကာင္းတယ္ဆိုတာသိတဲ့အတြက္သူ႔အခုလိုမ်ိဳးေျခစြမ္းျပေနမႈအေပၚဝမ္းသာပါတယ္။ဒါေပမဲ့တစ္ဦးတည္းနဲ႔မဆိုင္ပါဘူး။ဘ႐ူႏိုဖာနန္ဒက္စ္၊ကက္စ္မီ႐ို၊လုခ္ေရွာတို႔ကလည္းမယုံၾကည္ႏိုင္စရာေကာင္းေအာင္ဒီရာသီမွာေကာင္းေနတယ္”လို႔ေျပာၾကားသြားပါတယ္။
ဒါ့ေပမဲ့ထရစ္ပီယာက “ကြၽန္ေတာ္တို႔အေနနဲ႔ဒီေလးေယာက္ကိုပဲအာ႐ုံစိုက္လို႔မရပါဘူး။သူတို႔ကိုေစာင့္ၾကည္ရမွာေတာ့အမွန္ပါ။ၿပီးေတာ့သူတို႔ကိုဘယ္လိုနာက်င္ေအာင္လုပ္ရမလဲဆိုတာကိုလည္းအာ႐ုံစိုက္ရပါမယ္။ဗိုလ္လုပြဲကိုအႏိုင္ရဖို႔ပဲသြားကစားခ်င္တယ္။ဒါကကြၽန္ေတာ္တို႔ရဲ႕အဓိကရည္မွန္းခ်က္ပါ”လို႔ေျပာၾကားသြားပါတယ္။