ခါရာဘောင်ဖလား ချန်ပီယံဖြစ်ပြီးနောက် ဘရူနိုဖာနန်ဒက်စ်နှင့် ပြဿနာတက်ကာ စိတ်ဓာတ်ကို ပြသခဲ့တဲ့ ကက်စ်မီရို

ကက်စ်မီရိုဟာခါရာဘောင်ဖလားဗိုလ်လုပွဲတွင်အနိုင်ရရှိပြီးနောက်ယူနိုက်တက်ကစားဖော်ဘရူနိုဖာနန်ဒက်စ်နှင့်ပြဿနာတက်ကာသူ့ရဲ့အောင်စိတ်ကိုပြသခဲ့ပါတယ်။

အဲရစ်တန်ဟက်ဟာပြီးခဲ့တဲ့ရာသီတုန်းကမမြင်တွေ့ခဲ့ရတဲ့ ယူနိုက်တက်ရဲ့စိတ်ဓာတ်၊ခြေစွမ်းနှင့်အရည်အသွေးတို့ကိုဖော်ထုတ်ပြီး ယူနိုက်တက်ကိုအကြီးအကျယ်ပြောင်းလဲအောင်လုပ်ဆောင်ထားပါတယ်။

အထူးသဖြင့်ယူနိုက်တက်ဟာနွေရာသီတုန်းကရီးရဲလ်မက်ဒရစ်မှပြောင်းရွှေ့ကြေးအမြောက်အမြား၊လုပ်ခအများအပြားဖြင့်ခေါ်ယူထားတဲ့ ကက်စ်မီရိုရဲ့အကူအညီများစွာဖြင့် ပြောင်းလဲလာခဲ့တာလည်းဖြစ်ပါတယ်။

ကက်စ်မီရိုဟာမနေ့ညတုန်းကနယူးကာဆယ်ကို၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်လည်းယူနိုက်တက်အတွက်အဖွင့်အနိုင်ဂိုးကိုသွင်းခဲ့ပါတယ်။သူဟာကြားရက်တုန်းကဘာစီလိုနာကို၂-၁ဖြင့်အနိုင်ရတဲ့ပွဲတွင်လည်းအရေးပါတဲ့ပိတ်ဆို့မှုနှစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။

ကက်စ်မီရိုဟာမနေ့ညတုန်းကဝင်ဘာလေကွင်းတွင်နယူးကာဆယ်ကိုအနိုင်ရရှိပြီးနောက်၆နှစ်ကြာဖလားလက်မဲ့ဖြစ်မှုကိုအဆုံးသတ်နိုင်ခဲ့ပေမဲ့ကျေနပ်နေခဲ့ခြင်းမရှိပါဘူး။

ပွဲအပြီးတွင်ကက်စ်မီရိုဟာဘရူနိုဖာနန်ဒက်စ်ထံသို့သွားရောက်ပြီးသူဂိုးကန်သွင်းဖို့အခွင့်အရေးရရှိနေချိန်တွင်ဘောလုံပေးပို့ခြင်းမရှိမှုအတွက်သွားရောက်ကာပြောကြားခဲ့ပါတယ်။ဘရူနိုဖာနန်ဒက်စ်ကယင်းနှင့်ပတ်သက်ပြီးအကြောင်းပြချက်ပေးခဲ့ပြီးကစားဖော်စကော့မက်တိုမီနေး ဝင်ရောက်လာကာဖြေဖျန်မှုပြုလုပ်ခဲ့ရပါတယ်။

ယင်းသို့လုပ်ဆောင်မှုကြောင့်ယူနိုက်တက်ပရိသတ်များဟာကက်စ်မီရိုကိုချီးကျူးနေကြပါတယ်။

ပရိသတ်တစ်ဦးက “ဒါကြောင့်လည်းသူကအောင်နိုင်သူဖြစ်နေတာပေါ့”လို့ဆိုသွားပါတယ်။ အခြားတစ်ဦးကလည်း “ဒီကောင့်စိတ်ဓာတ်ကိုကြိုက်တယ်။သူ့အမိုက်စားကြီး၊ငွေလည်းအများကြီးပေးရတယ်၊အပြုအမူကောင်းတယ်၊ပြီးတော့တန်ဖိုးကိုထိန်းထားတယ်။ရီးရဲလ်မက်ဒရစ်တို့သူနဲ့အတူအများကြီးအောင်မြင်ခဲ့တာအံ့ဩစရာမဟုတ်ဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

ခါရာေဘာင္ဖလား ခ်န္ပီယံျဖစ္ၿပီးေနာက္ ဘ႐ူႏိုဖာနန္ဒက္စ္ႏွင့္ ျပႆနာတက္ကာ စိတ္ဓာတ္ကို ျပသခဲ့တဲ့ ကက္စ္မီ႐ို

ကက္စ္မီ႐ိုဟာခါရာေဘာင္ဖလားဗိုလ္လုပြဲတြင္အႏိုင္ရရွိၿပီးေနာက္ယူႏိုက္တက္ကစားေဖာ္ဘ႐ူႏိုဖာနန္ဒက္စ္ႏွင့္ျပႆနာတက္ကာသူ႔ရဲ႕ေအာင္စိတ္ကိုျပသခဲ့ပါတယ္။

အဲရစ္တန္ဟက္ဟာၿပီးခဲ့တဲ့ရာသီတုန္းကမျမင္ေတြ႕ခဲ့ရတဲ့ ယူႏိုက္တက္ရဲ႕စိတ္ဓာတ္၊ေျခစြမ္းႏွင့္အရည္အေသြးတို႔ကိုေဖာ္ထုတ္ၿပီး ယူႏိုက္တက္ကိုအႀကီးအက်ယ္ေျပာင္းလဲေအာင္လုပ္ေဆာင္ထားပါတယ္။

အထူးသျဖင့္ယူႏိုက္တက္ဟာေႏြရာသီတုန္းကရီးရဲလ္မက္ဒရစ္မွေျပာင္းေ႐ႊ႕ေၾကးအေျမာက္အျမား၊လုပ္ခအမ်ားအျပားျဖင့္ေခၚယူထားတဲ့ ကက္စ္မီ႐ိုရဲ႕အကူအညီမ်ားစြာျဖင့္ ေျပာင္းလဲလာခဲ့တာလည္းျဖစ္ပါတယ္။

ကက္စ္မီ႐ိုဟာမေန႔ညတုန္းကနယူးကာဆယ္ကို၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္လည္းယူႏိုက္တက္အတြက္အဖြင့္အႏိုင္ဂိုးကိုသြင္းခဲ့ပါတယ္။သူဟာၾကားရက္တုန္းကဘာစီလိုနာကို၂-၁ျဖင့္အႏိုင္ရတဲ့ပြဲတြင္လည္းအေရးပါတဲ့ပိတ္ဆို႔မႈႏွစ္ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။

ကက္စ္မီ႐ိုဟာမေန႔ညတုန္းကဝင္ဘာေလကြင္းတြင္နယူးကာဆယ္ကိုအႏိုင္ရရွိၿပီးေနာက္၆ႏွစ္ၾကာဖလားလက္မဲ့ျဖစ္မႈကိုအဆုံးသတ္ႏိုင္ခဲ့ေပမဲ့ေက်နပ္ေနခဲ့ျခင္းမရွိပါဘူး။

ပြဲအၿပီးတြင္ကက္စ္မီ႐ိုဟာဘ႐ူႏိုဖာနန္ဒက္စ္ထံသို႔သြားေရာက္ၿပီးသူဂိုးကန္သြင္းဖို႔အခြင့္အေရးရရွိေနခ်ိန္တြင္ေဘာလုံေပးပို႔ျခင္းမရွိမႈအတြက္သြားေရာက္ကာေျပာၾကားခဲ့ပါတယ္။ဘ႐ူႏိုဖာနန္ဒက္စ္ကယင္းႏွင့္ပတ္သက္ၿပီးအေၾကာင္းျပခ်က္ေပးခဲ့ၿပီးကစားေဖာ္စေကာ့မက္တိုမီေနး ဝင္ေရာက္လာကာေျဖဖ်န္မႈျပဳလုပ္ခဲ့ရပါတယ္။

ယင္းသို႔လုပ္ေဆာင္မႈေၾကာင့္ယူႏိုက္တက္ပရိသတ္မ်ားဟာကက္စ္မီ႐ိုကိုခ်ီးက်ဴးေနၾကပါတယ္။

ပရိသတ္တစ္ဦးက “ဒါေၾကာင့္လည္းသူကေအာင္ႏိုင္သူျဖစ္ေနတာေပါ့”လို႔ဆိုသြားပါတယ္။ အျခားတစ္ဦးကလည္း “ဒီေကာင့္စိတ္ဓာတ္ကိုႀကိဳက္တယ္။သူ႔အမိုက္စားႀကီး၊ေငြလည္းအမ်ားႀကီးေပးရတယ္၊အျပဳအမူေကာင္းတယ္၊ၿပီးေတာ့တန္ဖိုးကိုထိန္းထားတယ္။ရီးရဲလ္မက္ဒရစ္တို႔သူနဲ႔အတူအမ်ားႀကီးေအာင္ျမင္ခဲ့တာအံ့ဩစရာမဟုတ္ဘူး”လို႔ေျပာၾကားသြားပါတယ္။