ခါရာဘောင်ဖလား စတုတ္ထအဆင့်တွင် မန်စီးတီးနှင့်ရင်ဆိုင်ရမယ့် မန်ယူကိုအနိုင်ရခဲ့တဲ့ ဝက်စ်ဟမ်း
မနေ့ညတုန်းကမန်ယူကိုအနိုင်ယူခဲ့တဲ့ဝက်စ်ဟမ်းဟာခါရာဘောင်ဖလားစတုတ္ထအဆင့်တွင်ချန်ပီယံမန်စီးတီးနှင့်ရင်ဆိုင်ကစားရပါမယ်။
ဝက်စ်ဟမ်းဟာမနေ့ညတုန်းကမန်ယူအား၁-၀ဂိုးဖြင့်အနိုင်ယူကာစတုတ္ထအဆင့်သို့တက်လှမ်းလာခဲ့တာဖြစ်ပါတယ်။ဒေးဗစ်မိုယက်စ်ရဲ့ဝက်စ်ဟမ်းဟာလန်ဒန်ကွင်းမှာမန်စီးတီးအသင်းကိုဧည့်ခံကစားရမှာလည်းဖြစ်ပါတယ်။
ပင်နယ်တီအဆုံးအဖြတ်ဖြင့်နောက်တစ်ဆင့်သို့တက်လှမ်းလာခဲ့ကြတဲ့ချဲလ်ဆီးနှင့်ဆောက်သမ်တန်တို့ထိပ်တိုက်တွေ့နေသလိုဝင်ဘယ်ဒန်ကိုအနိုင်ရရှိခဲ့တဲ့အာဆင်နယ်မှာလိဒ်နှင့်ရင်ဆိုင်ရပါမယ်။စပါးစ်အသင်းမှာဘန်လေနှင့်ရင်ဆိုင်ရမှာဖြစ်ပြီးဘရိုက်တန်မှာလက်စတာကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရပါမယ်။
တစ်ဖက်တွင်ကျူပီအာနှင့်ဆန်းဒါးလန်းတို့တွေ့ဆုံနေပြီးလီဗာပူးမှာပရက်စတန်ကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရပါမယ်။ခါရာဘောင်ဖလားစတုတ္တအဆင့်ပွဲစဉ်များကိုအောက်တိုဘာလ၂၆ရက်နှင့်၂၇ရက်နေ့တို့တွင်ကစားသွားပါမယ်။၊
ZawGyi