ခါးသီးလှတဲ့ပြိုင်ဘက် မန်စီးတီးနှင့်ပွဲတွင် ဆိုးရွားတဲ့ ၄၅ မိနစ်ကြုံရပြီးနောက် မန်ယူအရှုံးသမားများအား ပရိသတ်များလှောင်ပြောင်

မန်ချက်စတာယူနိုက်တက်ကစားသမားများဟာအိုးထရက်ဖို့ဒ်တွင်မန်စီးတီးနှင့်ကစားတဲ့ပွဲစဉ်မှာဆိုးရွားလှတဲ့၄၅မိနစ်နှင့်ကြုံရပြီးနောက်ပရိသတ်များရဲ့လှောင်ပြောင်မှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

မန်ယူဟာပထမပိုင်းမှာအဲရစ်ဘိုင်လီရဲ့ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ဂိုး၊ဘာနာဒိုဆေးလ်ဗားရဲ့ပထမပိုင်းပြီးခါနီးသွင်းဂိုးတို့ဖြင့်၂-၀ဂိုးဖြင့်မန်စီးတီးကိုရှုံးနိမ့်နေခဲ့ပါတယ်။မန်စီးတီးဟာမြို့ခံပြိုင်ဘက်မန်ယူကိုအဝေးကွင်းမှာသက်တောင့်သက်သာဖြင့်ကစားသွားပြီးပထမပိုင်းကိုဦးဆောင်နေခဲ့တာလည်းဖြစ်ပါတယ်။

မန်ယူဟာအိမ်ရှင်အသင်းဖြစ်ပေမယ့်လည်းပထမပိုင်းမှာဘောလုံးပိုင်ဆိုင်မှု၃၁ရာခိုင်နှုန်းသာရရှိခဲ့ပြီးခရစ္စတီယာနိုရော်နယ်ဒိုရဲ့ကန်ချက်ကိုမန်စီးတီးဂိုးသမားအီဒါဆင်ကပုတ်ထုတ်ခဲ့တဲ့ဂိုးပေါက်တည့်ကန်ချက်တစ်ကြိမ်တည်းသာပြုလုပ်နိုင်ခဲ့ပါတယ်။

မန်စီးတီးဟာဂိုးပေါက်ကန်ချက်၁၀ကြိမ်ပြုလုပ်ရာမှာ၅ကြိမ်ဂိုးပေါက်တည့်ခဲ့ပြီးပထမပိုင်းမှာ၂ဂိုးထက်ပိုပြီးဂိုးရနိုင်ခဲ့သင့်ပါတယ်။

မန်စီးတီးဟာပွဲအစ၇မိနစ်မှာကန်စီလိုရဲ့ဖြတ်တင်ဘောကိုအဲရစ်ဘိုင်လီကကိုယ့်ဂိုးကိုယ်သွင်းမှုနဲ့အတူဦးဆောင်ဂိုးရရှိခဲ့ပြီးပထမပိုင်းပြီးခါနီးမှာကန်စီလိုရဲ့ဖြတ်တင်ဘောကနေဆေးလ်ဗားရဲ့ပိတ်သွင်းမှုဖြင့်ဒုတိယဂိုးရရှိခဲ့ပါတယ်။

ဒါကြောင့်လည်းမန်ယူပရိသတ်များဟာကစားသမားများအပေါ်တွင်အကြီးအကျယ်စိတ်ပျက်ကာလှောင်ပြောင်အော်ဟစ်ခြင်း၊ဝီစီမှုတ်ခြင်းတို့ပြုလုပ်ခဲ့ကြပါတယ်။

ZawGyi

ခါးသီးလွတဲ့ၿပိဳင္ဘက္ မန္စီးတီးႏွင့္ပြဲတြင္ ဆိုး႐ြားတဲ့ ၄၅ မိနစ္ႀကဳံရၿပီးေနာက္ မန္ယူအရႈံးသမားမ်ားအား ပရိသတ္မ်ားေလွာင္ေျပာင္

မန္ခ်က္စတာယူႏိုက္တက္ကစားသမားမ်ားဟာအိုးထရက္ဖို႔ဒ္တြင္မန္စီးတီးႏွင့္ကစားတဲ့ပြဲစဥ္မွာဆိုး႐ြားလွတဲ့၄၅မိနစ္ႏွင့္ႀကဳံရၿပီးေနာက္ပရိသတ္မ်ားရဲ႕ေလွာင္ေျပာင္မႈနဲ႔ရင္ဆိုင္ခဲ့ရပါတယ္။

မန္ယူဟာပထမပိုင္းမွာအဲရစ္ဘိုင္လီရဲ႕ကိုယ့္ဂိုးကိုယ္သြင္းမိတဲ့ဂိုး၊ဘာနာဒိုေဆးလ္ဗားရဲ႕ပထမပိုင္းၿပီးခါနီးသြင္းဂိုးတို႔ျဖင့္၂-၀ဂိုးျဖင့္မန္စီးတီးကိုရႈံးနိမ့္ေနခဲ့ပါတယ္။မန္စီးတီးဟာၿမိဳ႕ခံၿပိဳင္ဘက္မန္ယူကိုအေဝးကြင္းမွာသက္ေတာင့္သက္သာျဖင့္ကစားသြားၿပီးပထမပိုင္းကိုဦးေဆာင္ေနခဲ့တာလည္းျဖစ္ပါတယ္။

မန္ယူဟာအိမ္ရွင္အသင္းျဖစ္ေပမယ့္လည္းပထမပိုင္းမွာေဘာလုံးပိုင္ဆိုင္မႈ၃၁ရာခိုင္ႏႈန္းသာရရွိခဲ့ၿပီးခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ကန္ခ်က္ကိုမန္စီးတီးဂိုးသမားအီဒါဆင္ကပုတ္ထုတ္ခဲ့တဲ့ဂိုးေပါက္တည့္ကန္ခ်က္တစ္ႀကိမ္တည္းသာျပဳလုပ္ႏိုင္ခဲ့ပါတယ္။

မန္စီးတီးဟာဂိုးေပါက္ကန္ခ်က္၁၀ႀကိမ္ျပဳလုပ္ရာမွာ၅ႀကိမ္ဂိုးေပါက္တည့္ခဲ့ၿပီးပထမပိုင္းမွာ၂ဂိုးထက္ပိုၿပီးဂိုးရႏိုင္ခဲ့သင့္ပါတယ္။

မန္စီးတီးဟာပြဲအစ၇မိနစ္မွာကန္စီလိုရဲ႕ျဖတ္တင္ေဘာကိုအဲရစ္ဘိုင္လီကကိုယ့္ဂိုးကိုယ္သြင္းမႈနဲ႔အတူဦးေဆာင္ဂိုးရရွိခဲ့ၿပီးပထမပိုင္းၿပီးခါနီးမွာကန္စီလိုရဲ႕ျဖတ္တင္ေဘာကေနေဆးလ္ဗားရဲ႕ပိတ္သြင္းမႈျဖင့္ဒုတိယဂိုးရရွိခဲ့ပါတယ္။

ဒါေၾကာင့္လည္းမန္ယူပရိသတ္မ်ားဟာကစားသမားမ်ားအေပၚတြင္အႀကီးအက်ယ္စိတ္ပ်က္ကာေလွာင္ေျပာင္ေအာ္ဟစ္ျခင္း၊ဝီစီမႈတ္ျခင္းတို႔ျပဳလုပ္ခဲ့ၾကပါတယ္။