ခုန်ပျံနောက်ပေါက်ဖန်တီးမှုပြုလုပ်ခဲ့တဲ့အပြင် ဂိုးပါ သွင်းခဲ့တဲ့ ချဲလ်ဆီးရဲ့ ဂိုးသွင်းစက်ပျက်ကြီးဝါနာ

တီမိုဝါနာဟာချဲလ်ဆီးမှာဂိုးသွင်းနိုင်ဖို့ရုန်းကန်နေရပေမယ့်လည်းဂျာမနီအသင်းမှာလှပတဲ့ဖန်တီးမှုပြုလုပ်နိုင်ခဲ့အပြင်ဂိုးပါသွင်းနိုင်မှုနဲ့အတူ ယုံကြည်မှုပြန်လည်မြင့်တက်လာမယ်လို့ယူဆရပါတယ်။

ချဲလ်ဆီးတိုက်စစ်မှူးဟာအာမေးနီးယားအား၆-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

ဝါနာဟာချဲလ်ဆီးမှာဂိုးပေါက်ပျောက်မှုနဲ့ကြုံနေရသူဖြစ်ပါတယ်။ဒါကြောင့်လည်းချဲလ်ဆီးဟာလူကာကူကိုခေါ်ယူကာသူ့နေရာမှာအစားထိုးဖို့ကြိုးစားလာပါတယ်။

ကြာသပတေးနေ့တုန်းကလက်ချင်စတိန်းအားအနိုင်ရတဲ့ပွဲမှာလည်းဂိုးသွင်းနိုင်ခဲ့တဲ့ဝါနာဟာဆာဂျီဂနာဘရီရဲ့ဖြတ်တင်ဘောကိုခုန်ပျံကာဖနောင့်နဲ့ပေါက်ကျပေးပြီးမာကိုရူးစ်ဂိုးသွင်းနိုင်အောင်ဖန်တီးခဲ့ပါတယ်။

ဒါ့အပြင်သူဟာပထမပိုင်းမပြီးခင်မှာလည်းကိုယ်တိုင်ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဂျာမနီဟာအာမေးနီးယားနိုင်ပွဲကြောင့်ငါးပွဲကစားပြီးချိန်မှာရမှတ်၁၂မှတ်ဖြင့်အုပ်စု(J)ထိပ်ဆုံးမှာရပ်တည်နေပါတယ်။၎င်းတို့ဟာဗုဒ္ဓဟူးနေ့မှာအိုက်စလန်ကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရပါမယ်။

ZawGyi

ခုန္ပ်ံေနာက္ေပါက္ဖန္တီးမႈျပဳလုပ္ခဲ့တဲ့အျပင္ ဂိုးပါ သြင္းခဲ့တဲ့ ခ်ဲလ္ဆီးရဲ႕ ဂိုးသြင္းစက္ပ်က္ႀကီးဝါနာ

တီမိုဝါနာဟာခ်ဲလ္ဆီးမွာဂိုးသြင္းႏိုင္ဖို႔႐ုန္းကန္ေနရေပမယ့္လည္းဂ်ာမနီအသင္းမွာလွပတဲ့ဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့အျပင္ဂိုးပါသြင္းႏိုင္မႈနဲ႔အတူ ယုံၾကည္မႈျပန္လည္ျမင့္တက္လာမယ္လို႔ယူဆရပါတယ္။

ခ်ဲလ္ဆီးတိုက္စစ္မႉးဟာအာေမးနီးယားအား၆-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မွာေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။

ဝါနာဟာခ်ဲလ္ဆီးမွာဂိုးေပါက္ေပ်ာက္မႈနဲ႔ႀကဳံေနရသူျဖစ္ပါတယ္။ဒါေၾကာင့္လည္းခ်ဲလ္ဆီးဟာလူကာကူကိုေခၚယူကာသူ႔ေနရာမွာအစားထိုးဖို႔ႀကိဳးစားလာပါတယ္။

ၾကာသပေတးေန႔တုန္းကလက္ခ်င္စတိန္းအားအႏိုင္ရတဲ့ပြဲမွာလည္းဂိုးသြင္းႏိုင္ခဲ့တဲ့ဝါနာဟာဆာဂ်ီဂနာဘရီရဲ႕ျဖတ္တင္ေဘာကိုခုန္ပ်ံကာဖေနာင့္နဲ႔ေပါက္က်ေပးၿပီးမာကို႐ူးစ္ဂိုးသြင္းႏိုင္ေအာင္ဖန္တီးခဲ့ပါတယ္။

ဒါ့အျပင္သူဟာပထမပိုင္းမၿပီးခင္မွာလည္းကိုယ္တိုင္ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

ဂ်ာမနီဟာအာေမးနီးယားႏိုင္ပြဲေၾကာင့္ငါးပြဲကစားၿပီးခ်ိန္မွာရမွတ္၁၂မွတ္ျဖင့္အုပ္စု(J)ထိပ္ဆုံးမွာရပ္တည္ေနပါတယ္။၎တို႔ဟာဗုဒၶဟူးေန႔မွာအိုက္စလန္ကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရပါမယ္။