ခေတ်နှင့်အညီ ကလပ်လိုဂိုနှင့်အမည်ကို ပြောင်းလဲရန် အင်တာမီလန် အငြင်းပွားဖွယ်စီစဉ်နေ

စီးရီးအေထိပ်သီးကလပ်အင်တာမီလန်ဟာကလပ်သက်တမ်း၁၁၃နှစ်ပြည့်အထိမ်းအမှတ်အဖြစ်ကလပ်ရဲ့အမည်နှင့်လိုဂိုအားအငြင်းပွားဖွယ်ရာပြောင်းလဲရန်စီစဉ်နေကြောင်းသိရပါတယ်။

အင်တာမီလန်ဟာ၂၀၁၇ခုနှစ်တုန်းကခေတ်နှင့်အမီကလပ်လိုဂိုပြောင်းလဲပြီးနောက်ကွင်းပြင်ပတွင်အောင်မြင်မှုများရယူလာတဲ့ဂျူဗင်တပ်ကိုစံနမူနာပြုကာကလပ်လိုဂိုနှင့်အမည်ကိုပြောင်းလဲရန်စီစဉ်နေတာလည်းဖြစ်ပါတယ်။

အင်တာမီလန်ဟာ ကလပ်သက်တမ်း ၁၁၃ နှစ်ပြည့်မယ့် ၂၀၂၁ ခုနှစ်၊မတ်လမှာ ကလပ်အမည်ရင်း Football Club Internazionale Milano အမည်မှ Inter Milano အမည်သို့ ပြောင်းလဲသွားမယ့်အပြင်လိုဂိုကိုလည်းပြောင်းလဲသွား မှာဖြစ်ပါတယ်။

အင်တာမီလန်ဟာအမည်သစ်၊လိုဂိုသစ်ပြောင်းလဲလိုက်မှုကြောင့်ယခင်ထက်လူစိတ်ဝင်စားမှုပိုမိုရရှိလာမယ်လို့ယုံကြည်နေပါတယ်။ အင်တာမီလန်ဟာကလပ်အမည်ရင်း Internazionale ဆိုသော်လည်း တစ်ကမ္ဘာလုံးမှဘောလုံး ကလပ်များကအင်တာမီလန်(သို့မဟုတ်)အင်တာဟုသာခေါ်ဝေါ်ကြပါတယ်။

ဂျူဗင်တပ်ဟာ၂၀၁၇ခုနှစ်တုန်းကကလပ်လိုဂိုပြောင်းလဲလိုက်ပြီးနောက်တစ်ကမ္ဘာလုံးမှဈေးကွက်များရဲ့စိတ်ဝင်စားမှုပိုမိုခံလာခဲ့ရပြီးကြော်ငြာများစွာရရှိကာကွင်းပြင်ပမှဝင်ငွေမြင့်မားလာပါတယ်။

အခြားတစ်ဖက်မှာအင်တာမီလန်ဟာဒေးဗစ်ဘက်ဟမ်းပိုင်အင်တာမီယာမီနှင့်အမည်မူပိုင်ခွင့်နှင့်ပတ်သက်ပြီးအမှုလည်းဖြစ်နေပါတယ်။အင်တာမီလန်ကလက်ရှိအချိန်မှာအနိုင်ရထားပြီးအင်တာမီယာမီကအယူခံဝင်ထားပါတယ်။

တကယ်တော့အင်တာမီလန်ဟာခေတ်အဆက်ဆက်ကလပ်လိုဂိုပြောင်းလဲသုံးလာခဲ့တဲ့ကလပ်ဖြစ်ပြီးယခုအချိန်အထိလိုဂို၁၃ခုအသုံးပြုထားပြီးဖြစ်ပါတယ်။

ZawGyi

ေခတ္ႏွင့္အမီ ကလပ္လိုဂိုႏွင့္အမည္ကို ေျပာင္းလဲရန္ အင္တာမီလန္ အျငင္းပြားဖြယ္စီစဥ္ေန

စီးရီးေအထိပ္သီးကလပ္အင္တာမီလန္ဟာကလပ္သက္တမ္း၁၁၃ႏွစ္ျပည့္အထိမ္းအမွတ္အျဖစ္ကလပ္ရဲ႕အမည္ႏွင့္လိုဂိုအားအျငင္းပြားဖြယ္ရာေျပာင္းလဲရန္စီစဥ္ေနေၾကာင္းသိရပါတယ္။

အင္တာမီလန္ဟာ၂၀၁၇ခုႏွစ္တုန္းကေခတ္ႏွင့္အမီကလပ္လိုဂိုေျပာင္းလဲၿပီးေနာက္ကြင္းျပင္ပတြင္ေအာင္ျမင္မႈမ်ားရယူလာတဲ့ဂ်ဴဗင္တပ္ကိုစံနမူနာျပဳကာကလပ္လိုဂိုႏွင့္အမည္ကိုေျပာင္းလဲရန္စီစဥ္ေနတာလည္းျဖစ္ပါတယ္။

အင္တာမီလန္ဟာ ကလပ္သက္တမ္း ၁၁၃ ႏွစ္ျပည့္မယ့္ ၂၀၂၁ ခုႏွစ္၊မတ္လမွာ ကလပ္အမည္ရင္း Football Club Internazionale Milano အမည္မွ Inter Milano အမည္သို႔ ေျပာင္းလဲသြားမယ့္အျပင္လိုဂိုကိုလည္းေျပာင္းလဲသြား မွာျဖစ္ပါတယ္။

အင္တာမီလန္ဟာအမည္သစ္၊လိုဂိုသစ္ေျပာင္းလဲလိုက္မႈေၾကာင့္ယခင္ထက္လူစိတ္ဝင္စားမႈပိုမိုရရွိလာမယ္လို႔ယုံၾကည္ေနပါတယ္။ အင္တာမီလန္ဟာကလပ္အမည္ရင္း Internazionale ဆိုေသာ္လည္း တစ္ကမာၻလုံးမွေဘာလုံး ကလပ္မ်ားကအင္တာမီလန္(သို႔မဟုတ္)အင္တာဟုသာေခၚေဝၚၾကပါတယ္။

ဂ်ဴဗင္တပ္ဟာ၂၀၁၇ခုႏွစ္တုန္းကကလပ္လိုဂိုေျပာင္းလဲလိုက္ၿပီးေနာက္တစ္ကမာၻလုံးမွေဈးကြက္မ်ားရဲ႕စိတ္ဝင္စားမႈပိုမိုခံလာခဲ့ရၿပီးေၾကာ္ျငာမ်ားစြာရရွိကာကြင္းျပင္ပမွဝင္ေငြျမင့္မားလာပါတယ္။

အျခားတစ္ဖက္မွာအင္တာမီလန္ဟာေဒးဗစ္ဘက္ဟမ္းပိုင္အင္တာမီယာမီႏွင့္အမည္မူပိုင္ခြင့္ႏွင့္ပတ္သက္ၿပီးအမႈလည္းျဖစ္ေနပါတယ္။အင္တာမီလန္ကလက္ရွိအခ်ိန္မွာအႏိုင္ရထားၿပီးအင္တာမီယာမီကအယူခံဝင္ထားပါတယ္။

တကယ္ေတာ့အင္တာမီလန္ဟာေခတ္အဆက္ဆက္ကလပ္လိုဂိုေျပာင္းလဲသုံးလာခဲ့တဲ့ကလပ္ျဖစ္ၿပီးယခုအခ်ိန္အထိလိုဂို၁၃ခုအသုံးျပဳထားၿပီးျဖစ္ပါတယ္။