ခေတ်သစ်ဗီရွန်အဖြစ် သမုတ်ခံနေရတဲ့ ပေါလ်ပေါ့ဘာ

မီကာရစ်ချက်နှင့်အလန်ရှီးယားတို့ကပေါလ်ပေါ့ဘာကိုမန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်းဂျူအန်ဆီဘာစတီယန်ဗီရွန်နှင့်နှိုင်းယှဉ်လာပါတယ်။

ဘောလုံးဝေဖန်ရေးသမားနှစ်ဦးတို့ဟာ Match Of The Day အစီအစဉ်မှာ ပေါ့ဘာနှင့်ဗီရွန်တို့နှစ်ဦးလုံး အိုးထရက်ဖို့ဒ်တွင်ရုန်းကန်ရမှုကိုနှိုင်းယှဉ်ဆွေးနွေးမှုပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ဗီရွန်ဟာ၂၀၀၁ခုနှစ်တုန်းကလာဇီယိုမှမန်ယူသို့ထိုစဉ်ကအင်္ဂလိပ်ဘောလုံးသမိုင်းတွင်အမြင့်မားဆုံးပြောင်းရွှေ့ကြေးအဖြစ်ပေါင်၂၈သန်းဖြင့်ပြောင်းခဲ့ပါတယ်။

အာဂျင်တီးနားကွင်းလယ်ဖန်တီးရှင်ဟာမန်ယူတွင်အောင်မြင်မယ်လို့ယူဆခြင်းခံခဲ့ရပေမယ့်တကယ်တမ်းတွင်ရုန်းကန်ရကာလိဂ်ပွဲ၅၁ပွဲသာကစားခွင့်ရခဲ့ပြီး၂၀၀၃ခုနှစ်မှာချဲလ်ဆီးသို့ပြောင်းခဲ့ရပါတယ်။

ရစ်ချက်က “သူမန်ယူရောက်လာတော့အားလုံးကိုအမျှော်လင့်ကြီးမျှော်လင့်ထားခဲ့ကြတာ။သူ့ကိုဖျပ်ခနဲသတိရမိတယ်။သူလည်းပေါ့ဘာလိုပဲ။ပေါ့ဘာကပိုပြီးနေရတယ်။ဒါပေမယ့်ပေါ့ဘာကိုကြည့်လိုက်ရင်သူ့ကိုအမြဲတမ်းအကောင်းဆုံးလုပ်ပြစေချင်တယ်။ဗီရွန်လိုပဲပေါ့။သူ့ကိုကိုက်၄၀ဂိုး၊ကိုက်၆၀ဘောလုံးပေးပို့မှုတွေလုပ်စေချင်တယ်။သူ့အတွက်ပရီးမီးယားလိဂ်ကမြန်လွန်းနေတယ်။သူကအရှိန်ကိုလျှော့စေချင်တယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်နားမလည်ဘူး။လူတွေကလည်းမေးကြတယ်။သူ့မှာအရည်အသွေးရှိတယ်။အလုပ်လည်းကြိုးစားတယ်။ဒါပေမယ့်ဘာလို့ဒီလိုလုပ်ရလဲ။သူကတော်တော်ကြိုးစားတယ်။လူကောင်းတစ်ယောက်ပါ။အလုပ်မဖြစ်ခဲ့တာတစ်ခုပဲ”လို့ပြောကြားခဲ့ပါတယ်။

ပေါ့ဘာဟာမန်ယူအကယ်ဒမီတွင်သုံးနှစ်ကြာကစားပြီးနောက်၂၀၁၂ခုနှစ်မှာဂျူဗင်တပ်သို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းသွားခဲ့ပါတယ်။

သူဟာ၂၀၁၆ခုနှစ်မှာမန်ယူသို့ပေါင်၈၉သန်းဖြင့်ပြန်ရောက်လာခဲ့ပေမယ့် ထင်မှတ်ထားသလိုလုပ်ပြနိုင်ဖို့ရုန်းကန်ခဲ့ရပါတယ်။

ရှီးယားက “ပေါ့ဘာနဲ့နှိုင်းယှဉ်တာသဘောတူတယ်။ဗီရွန်ကိုကြည့်မိတဲ့လူတိုင်း ပေါင်၂၈သန်း ငွေတွေအများကြီးပေးထားတဲ့ရတဲ့သူလို့တွေးကြမှာပဲ။သူ့ဆီကနေအပတ်စဉ်အပတ်တိုင်းထိပ်တန်းခြေစွမ်းကိုမြင်ချင်ကြတယ်”လို့ပြောကြားခဲ့ပါတယ်။

ပေါ့ဘာဟာယခုရာသီအစလိဂ်ပွဲ၄ပွဲတွင်၇ကြိမ်ဖန်တီးပြီးအကောင်းဆုံးစတင်နိုင်ခဲ့ပေမယ့်ယင်းနောက်ပိုင်းတွင်ခြေစွမ်းကျဆင်းကာဖန်တီးမှုမရှိသလိုဂိုးလည်းမသွင်းနိုင်ပါဘူး။နောက်ပိုင်းတွင်သူဟာနေရာရရှိရန်ပါရုန်းကန်လာရပါတယ်။

မန်ယူမှာနောက်ဆုံး၁၂ပွဲတွင်၆ပွဲရှုံးနိမ့်ခဲ့ပြီးပေါ့ဘာမှာလီဗာပူးအား၅-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲမှာအနီကတ်ပြထုတ်ပယ်ခံရမှုပိုမိုပစ်မှတ်ဝေဖန်ခြင်းခံလာရပါတယ်။

အသက်၂၈နှစ်ရှိကမ္ဘာ့ဖလားဆုရှင်ဟာယခုရာသီအကုန်တွင်မန်ယူနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးအလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာမယ်လို့ယူဆရပါတယ်။

ZawGyi

ေခတ္သစ္ဗီ႐ြန္အျဖစ္ သမုတ္ခံေနရတဲ့ ေပါလ္ေပါ့ဘာ

မီကာရစ္ခ်က္ႏွင့္အလန္ရွီးယားတို႔ကေပါလ္ေပါ့ဘာကိုမန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ကစားသမားေဟာင္းဂ်ဴအန္ဆီဘာစတီယန္ဗီ႐ြန္ႏွင့္ႏႈိင္းယွဥ္လာပါတယ္။

ေဘာလုံးေဝဖန္ေရးသမားႏွစ္ဦးတို႔ဟာ Match Of The Day အစီအစဥ္မွာ ေပါ့ဘာႏွင့္ဗီ႐ြန္တို႔ႏွစ္ဦးလုံး အိုးထရက္ဖို႔ဒ္တြင္႐ုန္းကန္ရမႈကိုႏႈိင္းယွဥ္ေဆြးေႏြးမႈျပဳလုပ္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

ဗီ႐ြန္ဟာ၂၀၀၁ခုႏွစ္တုန္းကလာဇီယိုမွမန္ယူသို႔ထိုစဥ္ကအဂၤလိပ္ေဘာလုံးသမိုင္းတြင္အျမင့္မားဆုံးေျပာင္းေ႐ႊ႕ေၾကးအျဖစ္ေပါင္၂၈သန္းျဖင့္ေျပာင္းခဲ့ပါတယ္။

အာဂ်င္တီးနားကြင္းလယ္ဖန္တီးရွင္ဟာမန္ယူတြင္ေအာင္ျမင္မယ္လို႔ယူဆျခင္းခံခဲ့ရေပမယ့္တကယ္တမ္းတြင္႐ုန္းကန္ရကာလိဂ္ပြဲ၅၁ပြဲသာကစားခြင့္ရခဲ့ၿပီး၂၀၀၃ခုႏွစ္မွာခ်ဲလ္ဆီးသို႔ေျပာင္းခဲ့ရပါတယ္။

ရစ္ခ်က္က “သူမန္ယူေရာက္လာေတာ့အားလုံးကိုအေမွ်ာ္လင့္ႀကီးေမွ်ာ္လင့္ထားခဲ့ၾကတာ။သူ႔ကိုဖ်ပ္ခနဲသတိရမိတယ္။သူလည္းေပါ့ဘာလိုပဲ။ေပါ့ဘာကပိုၿပီးေနရတယ္။ဒါေပမယ့္ေပါ့ဘာကိုၾကည့္လိုက္ရင္သူ႔ကိုအၿမဲတမ္းအေကာင္းဆုံးလုပ္ျပေစခ်င္တယ္။ဗီ႐ြန္လိုပဲေပါ့။သူ႔ကိုကိုက္၄၀ဂိုး၊ကိုက္၆၀ေဘာလုံးေပးပို႔မႈေတြလုပ္ေစခ်င္တယ္။သူ႔အတြက္ပရီးမီးယားလိဂ္ကျမန္လြန္းေနတယ္။သူကအရွိန္ကိုေလွ်ာ့ေစခ်င္တယ္။ဒါနဲ႔ပတ္သက္ၿပီးကြၽန္ေတာ္နားမလည္ဘူး။လူေတြကလည္းေမးၾကတယ္။သူ႔မွာအရည္အေသြးရွိတယ္။အလုပ္လည္းႀကိဳးစားတယ္။ဒါေပမယ့္ဘာလို႔ဒီလိုလုပ္ရလဲ။သူကေတာ္ေတာ္ႀကိဳးစားတယ္။လူေကာင္းတစ္ေယာက္ပါ။အလုပ္မျဖစ္ခဲ့တာတစ္ခုပဲ”လို႔ေျပာၾကားခဲ့ပါတယ္။

ေပါ့ဘာဟာမန္ယူအကယ္ဒမီတြင္သုံးႏွစ္ၾကာကစားၿပီးေနာက္၂၀၁၂ခုႏွစ္မွာဂ်ဴဗင္တပ္သို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းသြားခဲ့ပါတယ္။

သူဟာ၂၀၁၆ခုႏွစ္မွာမန္ယူသို႔ေပါင္၈၉သန္းျဖင့္ျပန္ေရာက္လာခဲ့ေပမယ့္ ထင္မွတ္ထားသလိုလုပ္ျပႏိုင္ဖို႔႐ုန္းကန္ခဲ့ရပါတယ္။

ရွီးယားက “ေပါ့ဘာနဲ႔ႏႈိင္းယွဥ္တာသေဘာတူတယ္။ဗီ႐ြန္ကိုၾကည့္မိတဲ့လူတိုင္း ေပါင္၂၈သန္း ေငြေတြအမ်ားႀကီးေပးထားတဲ့ရတဲ့သူလို႔ေတြးၾကမွာပဲ။သူ႔ဆီကေနအပတ္စဥ္အပတ္တိုင္းထိပ္တန္းေျခစြမ္းကိုျမင္ခ်င္ၾကတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ေပါ့ဘာဟာယခုရာသီအစလိဂ္ပြဲ၄ပြဲတြင္၇ႀကိမ္ဖန္တီးၿပီးအေကာင္းဆုံးစတင္ႏိုင္ခဲ့ေပမယ့္ယင္းေနာက္ပိုင္းတြင္ေျခစြမ္းက်ဆင္းကာဖန္တီးမႈမရွိသလိုဂိုးလည္းမသြင္းႏိုင္ပါဘူး။ေနာက္ပိုင္းတြင္သူဟာေနရာရရွိရန္ပါ႐ုန္းကန္လာရပါတယ္။

မန္ယူမွာေနာက္ဆုံး၁၂ပြဲတြင္၆ပြဲရႈံးနိမ့္ခဲ့ၿပီးေပါ့ဘာမွာလီဗာပူးအား၅-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲမွာအနီကတ္ျပထုတ္ပယ္ခံရမႈပိုမိုပစ္မွတ္ေဝဖန္ျခင္းခံလာရပါတယ္။

အသက္၂၈ႏွစ္ရွိကမာၻ႔ဖလားဆုရွင္ဟာယခုရာသီအကုန္တြင္မန္ယူႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာမယ္လို႔ယူဆရပါတယ္။