ခေါင်းတွင် သွားစိုက်ဝင်ခြင်းခံခဲ့ရဖူးတဲ့ ဂျာမနီရဲ့ကမ္ဘာ့ဖလားသူရဲကောင်းနစ်ကလပ်ဖူးလ်ခု

ဂျာမနီရဲ့ကမ္ဘာ့ဖလားသူရဲကောင်းသစ်ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ သူကတော့ နစ်ကလပ်စ်ဖူးလ်ခုဖြစ်ပါတယ်။ သူဟာ ငယ်စဉ်တုန်းက လူငယ်ဘောလုံးပွဲတစ်ပွဲမှာကစားဖော်ရဲ့သွားခေါင်းမှာစိုက်ဝင်ခြင်းခံခဲ့ရဖူးပါတယ်။

ယင်းအံ့ဩသင့်စရာဒဏ်ရာကသူ့ကိုထိပ်တန်းကစားသမားတစ်ဦးကိုမဖြစ်လာအောင်တားဆီးနိုင်ခြင်းမရှိပါဘူး။သူဟာယနေ့မနက်အစောပိုင်းတုန်းမှာတော့ဂျာမနီမှာလူပြောအများဆုံးတိုက်စစ်မှူးဖြစ်နေပြီဖြစ်ပါတယ်။

ဖူးလ်ရုဟာမနေ့ညတုန်းကစပိန်နှင့်ပွဲစဉ်တွင်လူစားဝင်ရောက်လာပြီးတဲ့နောက်အဖိုးတန်ချေပဂိုးသွင်းယူကာဂျာမနီတို့၁ဂိုးစီသရေကျခဲ့ပါတယ်။စပိန်နှင့်သရေကျမှုကြောင့်ဂျာမနီအသင်းမှာ၁၆သင်းရှုံးထွက်အဆင့်အိပ်မက်ဆက်မက်ခွင့်ရရှိသွားခဲ့ပါတယ်။

အသက်၂၉နှစ်ရှိတိုက်စစ်မှူးဟာယခုလအစောပိုင်းတုန်းကအိုမန်နှင့်ခြေစမ်းပွဲမှာမှဂျာမနီအတွက်ပထမဆုံးပွဲကစားခဲ့သူလည်းဖြစ်ပါတယ်။ယင်းပွဲစဉ်မှာလည်းသူဟာနောက်ကျဂိုးတစ်ဂိုးသွင်းခဲ့ပါသေးတယ်။

ဖူးလ်ရုဟာအံ့ဩသင့်ပြီးထူးဆန်းတဲ့ကစားသမားဘဝကိုဖြတ်သန်းလာခဲ့ပြီးတဲ့နောက်မှာမှဂျာမနီရဲ့ကမ္ဘာ့ဖလားသူရဲကောင်းဖြစ်လာသူဖြစ်ပါတယ်။

သူ့ကစားသမားဘဝမှာကြုံတောင့်ကြုံခဲဖြစ်ရပ်ကြုံခဲ့ရတာကတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုတုန်းကဝါဒါဘရီမင်အတွက်လူငယ်ပွဲတစ်ပွဲကစားရင်းဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

သူ့ခေါင်းမှာကစားဖော်ရဲ့သွားစိုက်ဝင်သွားခဲ့ပြီးနှစ်ဦးလုံးဆေးရုံတက်ခဲ့ရတာပါ။

ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီးဖူးလ်ရုက “တကယ့်ကိုထူးဆန်းတယ်။ဒါပေမဲ့တော်တော်များများက ဒီကိစ္စကိုမယုံကြဘူး။ဘက်တီးရီးယားပိုးဝင်တာဖြစ်တာကြောင့်အရမ်းအန္တရာယ်များပါတယ်။ကျွန်တော်တို့နှစ်ဦးလုံးဆေးရုံသွားခဲ့ရတယ်”လို့ပြောကြားသွားပါတယ်။

ဂျာမနီလက်ရွေးစင်တိုက်စစ်မှူးရဲ့ကစားသမားဘဝမှာယင်းဖြစ်ရပ်ကပဲသွားနဲ့ပတ်သက်နေတာမဟုတ်ပါဘူး။

သူ့ကို ကစားဖော်တွေက Lucke လိုဂျာမန်လိုချစ်စနိုးခေါ်ကြပါတယ်။ မြန်မာလိုဆိုရင် သွားကျိုးပေါ့။သူ့ရဲ့ရှေ့သွားတစ်ချောင်းကျိုးနေလို့ဆိုပြီးကစားဖော်တွေကချစ်စနိုးခေါ်ကြတာဖြစ်ပါတယ်။

သူဟာကစားသမားဘဝမှာထူးထူးဆန်းဆန်းကြုံရပေမဲ့လည်းအထင်ကြီးစရာကောင်းတဲ့ကစားသမားဘဝပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

သူဟာဂျာမနီမှာအဆင့်နိမ့်လိဂ်တွေမှာကျင်လည်ပြီးတဲ့နောက်၂၀၀၉ခုနှစ်မှာဝါဒါဘရီမင်လူငယ်အသင်းသို့ရောက်ခဲ့ပါတယ်။ဒါပေမဲ့သူဟာဒဏ်ရာပြဿနာတွေကြုံရတာကြောင့်ကစားသမားဘဝတိုးတက်ရေးနှောင့်နှေးခဲ့ရပါတယ်။ဒါ့အပြင်ယင်းနှစ်မှာဘဲဝါဒါဘရီမင်လည်းတန်းဆင်းခဲ့ရပါတယ်။

သူဟာယခုရာသီမှာတော့အကောင်းဆုံးပုံစံရရှိနေပါတယ်။သူဟာဝါဒါဘရီမင်အတွက်ဘွန်ဒက်စ်လီဂါပွဲ၁၄ပွဲကစားထားရာမှာ၁၀ဂိုးအထိသွင်းထားနိုင်ပါတယ်။

ဒါကြောင့်လည်းသူဟာဂျာမနီအသင်းရဲ့ကမ္ဘာ့ဖလားလူစာရင်းမှာရွေးချယ်ခြင်းခံလာရတာဖြစ်ပါတယ်။

ဖူးလ်ရုတစ်ယောက် ဂျာမနီကို ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်သို့ ပို့ဆောင်ပေးနိုင်ဦးမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ZawGyi

ေခါင္းတြင္ သြားစိုက္ဝင္ျခင္းခံခဲ့ရဖူးတဲ့ ဂ်ာမနီရဲ႕ကမာၻ႔ဖလားသူရဲေကာင္းနစ္ကလပ္ဖူးလ္ခု

ဂ်ာမနီရဲ႕ကမာၻ႔ဖလားသူရဲေကာင္းသစ္ထြက္ေပၚလာခဲ့ၿပီျဖစ္ပါတယ္။ သူကေတာ့ နစ္ကလပ္စ္ဖူးလ္ခုျဖစ္ပါတယ္။ သူဟာ ငယ္စဥ္တုန္းက လူငယ္ေဘာလုံးပြဲတစ္ပြဲမွာကစားေဖာ္ရဲ႕သြားေခါင္းမွာစိုက္ဝင္ျခင္းခံခဲ့ရဖူးပါတယ္။

ယင္းအံ့ဩသင့္စရာဒဏ္ရာကသူ႔ကိုထိပ္တန္းကစားသမားတစ္ဦးကိုမျဖစ္လာေအာင္တားဆီးႏိုင္ျခင္းမရွိပါဘူး။သူဟာယေန႔မနက္အေစာပိုင္းတုန္းမွာေတာ့ဂ်ာမနီမွာလူေျပာအမ်ားဆုံးတိုက္စစ္မႉးျဖစ္ေနၿပီျဖစ္ပါတယ္။

ဖူးလ္႐ုဟာမေန႔ညတုန္းကစပိန္ႏွင့္ပြဲစဥ္တြင္လူစားဝင္ေရာက္လာၿပီးတဲ့ေနာက္အဖိုးတန္ေခ်ပဂိုးသြင္းယူကာဂ်ာမနီတို႔၁ဂိုးစီသေရက်ခဲ့ပါတယ္။စပိန္ႏွင့္သေရက်မႈေၾကာင့္ဂ်ာမနီအသင္းမွာ၁၆သင္းရႈံးထြက္အဆင့္အိပ္မက္ဆက္မက္ခြင့္ရရွိသြားခဲ့ပါတယ္။

အသက္၂၉ႏွစ္ရွိတိုက္စစ္မႉးဟာယခုလအေစာပိုင္းတုန္းကအိုမန္ႏွင့္ေျခစမ္းပြဲမွာမွဂ်ာမနီအတြက္ပထမဆုံးပြဲကစားခဲ့သူလည္းျဖစ္ပါတယ္။ယင္းပြဲစဥ္မွာလည္းသူဟာေနာက္က်ဂိုးတစ္ဂိုးသြင္းခဲ့ပါေသးတယ္။

ဖူးလ္႐ုဟာအံ့ဩသင့္ၿပီးထူးဆန္းတဲ့ကစားသမားဘဝကိုျဖတ္သန္းလာခဲ့ၿပီးတဲ့ေနာက္မွာမွဂ်ာမနီရဲ႕ကမာၻ႔ဖလားသူရဲေကာင္းျဖစ္လာသူျဖစ္ပါတယ္။

သူ႔ကစားသမားဘဝမွာႀကဳံေတာင့္ႀကဳံခဲျဖစ္ရပ္ႀကဳံခဲ့ရတာကေတာ့ လြန္ခဲ့တဲ့ဆယ္စုႏွစ္တစ္ခုတုန္းကဝါဒါဘရီမင္အတြက္လူငယ္ပြဲတစ္ပြဲကစားရင္းျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္။

သူ႔ေခါင္းမွာကစားေဖာ္ရဲ႕သြားစိုက္ဝင္သြားခဲ့ၿပီးႏွစ္ဦးလုံးေဆး႐ုံတက္ခဲ့ရတာပါ။

ယင္းျဖစ္ရပ္ႏွင့္ပတ္သက္ၿပီးဖူးလ္႐ုက “တကယ့္ကိုထူးဆန္းတယ္။ဒါေပမဲ့ေတာ္ေတာ္မ်ားမ်ားက ဒီကိစၥကိုမယုံၾကဘူး။ဘက္တီးရီးယားပိုးဝင္တာျဖစ္တာေၾကာင့္အရမ္းအႏၲရာယ္မ်ားပါတယ္။ကြၽန္ေတာ္တို႔ႏွစ္ဦးလုံးေဆး႐ုံသြားခဲ့ရတယ္”လို႔ေျပာၾကားသြားပါတယ္။

ဂ်ာမနီလက္ေ႐ြးစင္တိုက္စစ္မႉးရဲ႕ကစားသမားဘဝမွာယင္းျဖစ္ရပ္ကပဲသြားနဲ႔ပတ္သက္ေနတာမဟုတ္ပါဘူး။

သူ႔ကို ကစားေဖာ္ေတြက Lucke လိုဂ်ာမန္လိုခ်စ္စႏိုးေခၚၾကပါတယ္။ ျမန္မာလိုဆိုရင္ သြားက်ိဳးေပါ့။သူ႔ရဲ႕ေရွ႕သြားတစ္ေခ်ာင္းက်ိဳးေနလို႔ဆိုၿပီးကစားေဖာ္ေတြကခ်စ္စႏိုးေခၚၾကတာျဖစ္ပါတယ္။

သူဟာကစားသမားဘဝမွာထူးထူးဆန္းဆန္းႀကဳံရေပမဲ့လည္းအထင္ႀကီးစရာေကာင္းတဲ့ကစားသမားဘဝပိုင္ဆိုင္ထားသူလည္းျဖစ္ပါတယ္။

သူဟာဂ်ာမနီမွာအဆင့္နိမ့္လိဂ္ေတြမွာက်င္လည္ၿပီးတဲ့ေနာက္၂၀၀၉ခုႏွစ္မွာဝါဒါဘရီမင္လူငယ္အသင္းသို႔ေရာက္ခဲ့ပါတယ္။ဒါေပမဲ့သူဟာဒဏ္ရာျပႆနာေတြႀကဳံရတာေၾကာင့္ကစားသမားဘဝတိုးတက္ေရးေႏွာင့္ေႏွးခဲ့ရပါတယ္။ဒါ့အျပင္ယင္းႏွစ္မွာဘဲဝါဒါဘရီမင္လည္းတန္းဆင္းခဲ့ရပါတယ္။

သူဟာယခုရာသီမွာေတာ့အေကာင္းဆုံးပုံစံရရွိေနပါတယ္။သူဟာဝါဒါဘရီမင္အတြက္ဘြန္ဒက္စ္လီဂါပြဲ၁၄ပြဲကစားထားရာမွာ၁၀ဂိုးအထိသြင္းထားႏိုင္ပါတယ္။

ဒါေၾကာင့္လည္းသူဟာဂ်ာမနီအသင္းရဲ႕ကမာၻ႔ဖလားလူစာရင္းမွာေ႐ြးခ်ယ္ျခင္းခံလာရတာျဖစ္ပါတယ္။

ဖူးလ္႐ုတစ္ေယာက္ ဂ်ာမနီကို ကမာၻ႔ဖလား ၁၆ သင္းရႈံးထြက္အဆင့္သို႔ ပို႔ေဆာင္ေပးႏိုင္ဦးမလားဆိုတာကိုေတာ့ ဆက္လက္ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။