ခေါင်းဒဏ်ရာကို အချက် ၂၀ ချုပ်ခဲ့ရပေမဲ့ အထူးမျက်နှာဖုံးစွပ်ပြီး El Clasico ပွဲမှာ ကစားလာမယ့် ရူဒီဂါ

ရီးရဲလ်မက်ဒစ်ဗဟိုနောက်ခံလူအန်တိုနီယိုရူဒီဂါဟာကြားရက်တုန်းကရှက်တာဒိုးနက်စ်နှင့်ချန်ပီယံလိဂ်ပွဲစဉ်ရဲ့နာကျင်အချိန်ပိုတွင်ချေပဂိုးသွင်းစဉ်ရရှိခဲ့တဲ့ခေါင်းဒဏ်ရာကြောင့်အချက်၂၀အထိချုပ်ခဲ့ရပေမဲ့လည်းယနေ့ည El Clasico ပွဲတွင်ပါဝင်ကစားလာမှာဖြစ်ကြောင်းသိရပါတယ်။

ဂျာမနီလက်ရွေးစင်နောက်ခံလူဟာကြားရက်တုန်းကပိုလန်တွင်ရှက်တာဒိုးနက်စ်နှင့်သရေကျတဲ့ပွဲစဉ်ရဲ့နာကျင်အချိန်မှာခေါင်းတိုက်ကာချေပဂိုးသွင်းယူစဉ် ရှက်တာဒိုးနက်စ်ဂိုးသမားနှင့်မတော်တဆထိခိုက်မိခဲ့ပါတယ်။

ချဲလ်ဆီးနောက်ခံလူဟောင်းဟာယင်းခေါင်းဒဏ်ရာကိုအချက်၂၀ချုပ်ခဲ့ရပြီး ယနေ့ည El Clasico ပွဲတွင်ပါဝင်ကစားရန်မရေမရာဖြစ်နေခဲ့ပါတယ်။

ဒါပေမဲ့ကာလိုအန်ဆယ်လော့တီက ရူဒီဂါမှာ El Clasico ပွဲတွင် အထူးဖန်တီးထားတဲ့ မျက်နှာဖုံးစွပ်ကာပါဝင်ကစားလာမှာဖြစ်ကြောင်းအတည်ပြုမှုပြုလုပ်လာပါတယ်။

အီတလီလူမျိုးနည်းပြက “ရူဒီဂါကစစ်သည်တော်တစ်ဦးပါ။သူ့ကိုကြည့်လိုက်ရင်တနင်္ဂနွေပွဲအတွက်အရမ်းစိတ်လှုပ်ရှားနေတာတွေ့ရပါမယ်”လို့ပြောကြားသွားပါတယ်။

ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်ရဲ့အဓိကဂိုးသမားကော့တွိုက်စ်မှာကျောဒဏ်ရာကြောင့်အနားယူနေရာမှပြန်လည်ကောင်းမွန်လာပေမဲ့ အကောင်းဆုံးပုံစံမရရှိသေးမှုနှင့်အတူ El Clasico ပွဲတွင်ပါဝင်လာမှာမဟုတ်ပါဘူး။

ZawGyi

ေခါင္းဒဏ္ရာကို အခ်က္ ၂၀ ခ်ဳပ္ခဲ့ရေပမဲ့ အထူးမ်က္ႏွာဖုံးစြပ္ၿပီး El Clasico ပြဲမွာ ကစားလာမယ့္ ႐ူဒီဂါ

ရီးရဲလ္မက္ဒစ္ဗဟိုေနာက္ခံလူအန္တိုနီယို႐ူဒီဂါဟာၾကားရက္တုန္းကရွက္တာဒိုးနက္စ္ႏွင့္ခ်န္ပီယံလိဂ္ပြဲစဥ္ရဲ႕နာက်င္အခ်ိန္ပိုတြင္ေခ်ပဂိုးသြင္းစဥ္ရရွိခဲ့တဲ့ေခါင္းဒဏ္ရာေၾကာင့္အခ်က္၂၀အထိခ်ဳပ္ခဲ့ရေပမဲ့လည္းယေန႔ည El Clasico ပြဲတြင္ပါဝင္ကစားလာမွာျဖစ္ေၾကာင္းသိရပါတယ္။

ဂ်ာမနီလက္ေ႐ြးစင္ေနာက္ခံလူဟာၾကားရက္တုန္းကပိုလန္တြင္ရွက္တာဒိုးနက္စ္ႏွင့္သေရက်တဲ့ပြဲစဥ္ရဲ႕နာက်င္အခ်ိန္မွာေခါင္းတိုက္ကာေခ်ပဂိုးသြင္းယူစဥ္ ရွက္တာဒိုးနက္စ္ဂိုးသမားႏွင့္မေတာ္တဆထိခိုက္မိခဲ့ပါတယ္။

ခ်ဲလ္ဆီးေနာက္ခံလူေဟာင္းဟာယင္းေခါင္းဒဏ္ရာကိုအခ်က္၂၀ခ်ဳပ္ခဲ့ရၿပီး ယေန႔ည El Clasico ပြဲတြင္ပါဝင္ကစားရန္မေရမရာျဖစ္ေနခဲ့ပါတယ္။

ဒါေပမဲ့ကာလိုအန္ဆယ္ေလာ့တီက ႐ူဒီဂါမွာ El Clasico ပြဲတြင္ အထူးဖန္တီးထားတဲ့ မ်က္ႏွာဖုံးစြပ္ကာပါဝင္ကစားလာမွာျဖစ္ေၾကာင္းအတည္ျပဳမႈျပဳလုပ္လာပါတယ္။

အီတလီလူမ်ိဳးနည္းျပက “႐ူဒီဂါကစစ္သည္ေတာ္တစ္ဦးပါ။သူ႔ကိုၾကည့္လိုက္ရင္တနဂၤေႏြပြဲအတြက္အရမ္းစိတ္လႈပ္ရွားေနတာေတြ႕ရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါေပမဲ့ ရီးရဲလ္မက္ဒရစ္ရဲ႕အဓိကဂိုးသမားေကာ့တြိဳက္စ္မွာေက်ာဒဏ္ရာေၾကာင့္အနားယူေနရာမွျပန္လည္ေကာင္းမြန္လာေပမဲ့ အေကာင္းဆုံးပုံစံမရရွိေသးမႈႏွင့္အတူ El Clasico ပြဲတြင္ပါဝင္လာမွာမဟုတ္ပါဘူး။