
ချဲလ်ဆီးအသင်းခေါင်းဆောင်ဆီဇာအက်ဇ်ပီလီကူတာဟာစနေနေ့ညတုန်းကစတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင်ဆောက်သမ်တန်အားရှုံးနိမ့်တဲ့ပွဲစဉ်မှာခေါင်းဒဏ်ရာရရှိပြီးနောက်ဆေးရုံပို့ခဲ့ရပြီးဆေးရုံတွင်စကားပြောနိုင်လာကြောင်းသိရပါတယ်။
အက်ဇ်ပီလီကူတာဟာOverhead ကန်ချက်ကန်ရဲ့ကြိုးပမ်းတဲ့ဆောက်သမ်တန်ရဲ့ဆီကူးမာရာရဲ့ကန်ချက်ထိကာကွင်းအတွင်းလဲကျသွားခဲ့တာဖြစ်ပါတယ်။
မာရာဟာအကြီးအကျယ်တုန်လှုပ်နေခဲ့တာတွေ့ရပြီးနှစ်ဖက်ဆေးအဖွဲ့ဝင်များကွင်းအတွင်းပြေးဝင်လာကာအသက်၃၃နှစ်ရှိစပိန်နောက်ခံလူကိုကုသမှုပြုလုပ်ခဲ့ကြပါတယ်။
အက်ဇ်ပီလီကူတာဟာကွင်းအတွင်းတွင်အောက်ဆီဂျင်အကူအညီဖြင့်မိနစ်အနည်းငယ်ကြာအသက်ရှူခဲ့ရပြီးနောက်ကွင်းအတွင်းမှထွက်ခွာခဲ့ရပါတယ်။သူဟာကွင်းအတွင်းမှထွက်ခွာချိန်မှာခေါင်းမူးဝေနေတယ်လို့ယုံကြည်ရပါတယ်။
ဒါပေမဲ့လည်းအက်ဇ်ပီလီကူတာဟာဆေးရုံသို့ရောက်ချိန်တွင်စကားပြောနိုင်ပြီဖြစ်ကြောင်း ချဲလ်ဆီးနည်းပြဂရေဟမ်ပေါ်တာကအတည်ပြုလာပါတယ်။
ZawGyi
ခေါင်းဒဏ်ရာရရှိပြီးနောက် ဆေးရုံတွင် စကားပြောလာနိုင်တဲ့ ချဲလ်ဆီးအသင်းခေါင်းဆောင်အက်ဇ်ပီလီကူတာ
ချဲလ်ဆီးအသင်းခေါင်းဆောင်ဆီဇာအက်ဇ်ပီလီကူတာဟာစနေနေ့ညတုန်းကစတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းတွင်ဆောက်သမ်တန်အားရှုံးနိမ့်တဲ့ပွဲစဉ်မှာခေါင်းဒဏ်ရာရရှိပြီးနောက်ဆေးရုံပို့ခဲ့ရပြီးဆေးရုံတွင်စကားပြောနိုင်လာကြောင်းသိရပါတယ်။