ခေါင်းမူးဝေမှုပြဿနာကြုံနေရတဲ့လုခ်ရှော ဗီလာရီးရဲလ်ပွဲနှင့်ချဲလ်ဆီးပွဲတို့ကိုလွဲဖွယ်ရှိ

လုပ်ခ်ရှောဟာဝက်ဖို့ဒ်နှင့်ပွဲစဉ်တွင်ခေါင်းမူးဝေပြဿနာကြုံခဲ့ရမှုနဲ့အတူ ဗီလာရီးရဲလ်နှင့်ချန်ပီယံလိဂ်ပွဲစဉ်နှင့်ချဲလ်ဆီးနှင့်ပရီးမီးယားလိဂ်ပွဲစဉ်တို့အားလွဲချော်ဖွယ်ရှိနေပါတယ်။

အသက်၂၆နှစ်ရှိဘယ်နောက်ခံလူဟာ Vicarage Road တွင်ဝက်ဖို့ဒ်အား၄-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲမှာပွဲထွက်ကစားခဲ့ပါတယ်။

ဒါပေမယ့်လုပ်ခ်ရှောဟာပြိုင်ဘက်ကစားသမားတစ်ဦးနှင့်လဲကျပြီးနောက်ပွဲပြီးဆုံးတိုင်အောင်မကစားနိုင်ဘဲလူစားလဲခဲ့ရပါတယ်။

သူဟာကွင်းမြက်ခင်းတွင်မှောက်လျက်လဲနေခဲ့ပြီးမန်ယူဆေးအဖွဲ့အလျှင်အမြန်ရောက်လာကာစစ်ဆေးမှုပြုလုပ်ခဲ့ရပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားဟာလုခ်ရှောဟာခေါင်းမူးဝေမှုစည်းမျဉ်းကြောင့်လုခ်ရှောကိုလူစားလဲမှုပြုလုပ်ခဲ့ရပါတယ်။

လက်ရှိအချိန်မှာမန်ယူဘက်ကလုခ်ရှောရဲ့အခြေအနေနှင့်ပတ်သက်ပြီးတစ်စုံတစ်ရာကြေညာခြင်းမရှိသေးပါဘူး။

ဒါကြောင့်လုခ်ရှောဟာဗီလာရီးရဲလ်နှင့်ချန်ပီယံလိဂ်ပွဲစဉ်နှင့်လာမယ့်အပတ်အကုန်တွင်ကစားရမယ့်ချဲလ်ဆီးနှင့်ပွဲတွင်ပါဝင်ကစားဖို့မရေမရာဖြစ်နေပါတယ်။

လက်ရှိအချိန်တွင်မန်ယူဟာဒဏ်ရာပြဿနာကြောင့်ရာဖေးလ်ဗာရိန်းနှင့်ပေါလ်ပေါ့ဘာတို့ကိုဆုံးရှုံးထားရပါတယ်။ဒါ့အပြင်မေဆင်ဂရင်းဝုဒ်မှာလည်းကိုဗစ်ကူးစက်ခြင်းခံထားရမှုကြောင့်ချဲလ်ဆီးနှင့်ပွဲမှာပါဝင်ဖို့မရှိပါဘူး။

အသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားမှာလည်းဝက်ဖို့ဒ်နှင့်ပွဲစဉ်မှအနီကတ်ကြောင့်ချဲလ်ဆီးနှင့်ပွဲစဉ်ကိုလွဲချော်ပါမယ်။

ZawGyi

ေခါင္းမူးေဝမႈျပႆနာႀကဳံေနရတဲ့လုခ္ေရွာ ဗီလာရီးရဲလ္ပြဲႏွင့္ခ်ဲလ္ဆီးပြဲတို႔ကိုလြဲဖြယ္ရွိ

လုပ္ခ္ေရွာဟာဝက္ဖို႔ဒ္ႏွင့္ပြဲစဥ္တြင္ေခါင္းမူးေဝျပႆနာႀကဳံခဲ့ရမႈနဲ႔အတူ ဗီလာရီးရဲလ္ႏွင့္ခ်န္ပီယံလိဂ္ပြဲစဥ္ႏွင့္ခ်ဲလ္ဆီးႏွင့္ပရီးမီးယားလိဂ္ပြဲစဥ္တို႔အားလြဲေခ်ာ္ဖြယ္ရွိေနပါတယ္။

အသက္၂၆ႏွစ္ရွိဘယ္ေနာက္ခံလူဟာ Vicarage Road တြင္ဝက္ဖို႔ဒ္အား၄-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲမွာပြဲထြက္ကစားခဲ့ပါတယ္။

 

ဒါေပမယ့္လုပ္ခ္ေရွာဟာၿပိဳင္ဘက္ကစားသမားတစ္ဦးႏွင့္လဲက်ၿပီးေနာက္ပြဲၿပီးဆုံးတိုင္ေအာင္မကစားႏိုင္ဘဲလူစားလဲခဲ့ရပါတယ္။

သူဟာကြင္းျမက္ခင္းတြင္ေမွာက္လ်က္လဲေနခဲ့ၿပီးမန္ယူေဆးအဖြဲ႕အလွ်င္အျမန္ေရာက္လာကာစစ္ေဆးမႈျပဳလုပ္ခဲ့ရပါတယ္။

မန္ယူနည္းျပဆိုးလ္ရွားဟာလုခ္ေရွာဟာေခါင္းမူးေဝမႈစည္းမ်ဥ္းေၾကာင့္လုခ္ေရွာကိုလူစားလဲမႈျပဳလုပ္ခဲ့ရပါတယ္။

လက္ရွိအခ်ိန္မွာမန္ယူဘက္ကလုခ္ေရွာရဲ႕အေျခအေနႏွင့္ပတ္သက္ၿပီးတစ္စုံတစ္ရာေၾကညာျခင္းမရွိေသးပါဘူး။

ဒါေၾကာင့္လုခ္ေရွာဟာဗီလာရီးရဲလ္ႏွင့္ခ်န္ပီယံလိဂ္ပြဲစဥ္ႏွင့္လာမယ့္အပတ္အကုန္တြင္ကစားရမယ့္ခ်ဲလ္ဆီးႏွင့္ပြဲတြင္ပါဝင္ကစားဖို႔မေရမရာျဖစ္ေနပါတယ္။

လက္ရွိအခ်ိန္တြင္မန္ယူဟာဒဏ္ရာျပႆနာေၾကာင့္ရာေဖးလ္ဗာရိန္းႏွင့္ေပါလ္ေပါ့ဘာတို႔ကိုဆုံးရႈံးထားရပါတယ္။ဒါ့အျပင္ေမဆင္ဂရင္းဝုဒ္မွာလည္းကိုဗစ္ကူးစက္ျခင္းခံထားရမႈေၾကာင့္ခ်ဲလ္ဆီးႏွင့္ပြဲမွာပါဝင္ဖို႔မရွိပါဘူး။

အသင္းေခါင္းေဆာင္ဟယ္ရီမက္ဂြိဳင္းယားမွာလည္းဝက္ဖို႔ဒ္ႏွင့္ပြဲစဥ္မွအနီကတ္ေၾကာင့္ခ်ဲလ္ဆီးႏွင့္ပြဲစဥ္ကိုလြဲေခ်ာ္ပါမယ္။