ခေါင်းရှင်းနိုင်ရန်အတွက် မက်ဂွိုင်းယားကို အပန်းဖြေခရီးထွက်ခွင့်ပေးလိုက်တဲ့ အဲရစ်တန်ဟက်

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားဟာနည်းပြအဲရစ်တန်ဟက်ရဲ့အထူးခွင့်ပြုချက်ဖြင့်ခေါင်းရှင်းနိုင်ရန်အတွက်အားလပ်ရက်ခရီးထွက်ခွင့်ပေးလာကြောင်းသိရပါတယ်။

အသက်၂၉နှစ်ရှိဟယ်ရီမက်ဂွိုင်းယားဟာယခုရာသီတွင်အကောင်းဆုံးပုံစံရရှိနေသူဖြစ်ပြီး ပြီးခဲ့တဲ့လနှောင်းပိုင်းတုန်းကဂျာမနီနှင့်သုံးဂိုးစီသရေကျတဲ့အင်္ဂလန်ရဲ့နေးရှင်းလိဂ်ပွဲစဉ်တွင်တံကောက်ကြောဒဏ်ရာရရှိခဲ့ပါတယ်။

သူဟာဒဏ်ရာကြောင့်အနားယူနေရပြီးတနင်္ဂနွေနေ့တုန်းကအဲဗာတန်ကို၂-၁ဖြင့်အနိုင်ရတဲ့ပွဲကိုလည်းလွဲချော်ခဲ့ပါတယ်။

ဟယ်ရီမက်ဂွိုင်းယားဟာဒဏ်ရာကြောင့်အနားယူနေရတဲ့ကာလအတွင်းတွင်စိတ်ပေါ့ပါးသွားစေရန်အတွက်အထူးအခွင့်အရေးပေးကာအားလပ်ရက်ခရီးထွက်ခွင့်ရရှိလာပါတယ်။

ဟယ်ရီမက်ဂွိုင်းယားဟာပေါ်တူဂီရှိ Quinta do Lagofor ဂေါက်အပန်းဖြေစခန်းသို့သွားရောက်အနားယူနေခဲ့တာတွေ့ရပါတယ်။

အဲရစ်တန်ဟက်ကဟယ်ရီမက်ဂွိုင်းယားအနေဖြင့် မိသားစုဝင်များဖြင့်အပန်းဖြေကာစိတ်သစ်လူသစ်ဖြစ်လာစေရန်အတွက်အပန်းဖြေခရီးထွက်စေခဲ့တာလည်းဖြစ်ကြောင်းသိရပါတယ်။

မက်ဂွိုင်းယားဟာအသင်းခေါင်းဆောင်ဖြစ်ပေမဲ့လည်းယခုရာသီတွင်အဲရစ်တန်ဟက်ကဗာရန်းနှင့်မာတီနက်ဇ်အတွဲကိုသာသဘောကျမှုနှင့်အတူနေရာပျောက်နေပါတယ်။

ZawGyi

ေခါင္းရွင္းႏိုင္ရန္အတြက္ မက္ဂြိဳင္းယားကို အပန္းေျဖခရီးထြက္ခြင့္ေပးလိုက္တဲ့ အဲရစ္တန္ဟက္

မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ဟယ္ရီမက္ဂြိဳင္းယားဟာနည္းျပအဲရစ္တန္ဟက္ရဲ႕အထူးခြင့္ျပဳခ်က္ျဖင့္ေခါင္းရွင္းႏိုင္ရန္အတြက္အားလပ္ရက္ခရီးထြက္ခြင့္ေပးလာေၾကာင္းသိရပါတယ္။

အသက္၂၉ႏွစ္ရွိဟယ္ရီမက္ဂြိဳင္းယားဟာယခုရာသီတြင္အေကာင္းဆုံးပုံစံရရွိေနသူျဖစ္ၿပီး ၿပီးခဲ့တဲ့လေႏွာင္းပိုင္းတုန္းကဂ်ာမနီႏွင့္သုံးဂိုးစီသေရက်တဲ့အဂၤလန္ရဲ႕ေနးရွင္းလိဂ္ပြဲစဥ္တြင္တံေကာက္ေၾကာဒဏ္ရာရရွိခဲ့ပါတယ္။

သူဟာဒဏ္ရာေၾကာင့္အနားယူေနရၿပီးတနဂၤေႏြေန႔တုန္းကအဲဗာတန္ကို၂-၁ျဖင့္အႏိုင္ရတဲ့ပြဲကိုလည္းလြဲေခ်ာ္ခဲ့ပါတယ္။

ဟယ္ရီမက္ဂြိဳင္းယားဟာဒဏ္ရာေၾကာင့္အနားယူေနရတဲ့ကာလအတြင္းတြင္စိတ္ေပါ့ပါးသြားေစရန္အတြက္အထူးအခြင့္အေရးေပးကာအားလပ္ရက္ခရီးထြက္ခြင့္ရရွိလာပါတယ္။

ဟယ္ရီမက္ဂြိဳင္းယားဟာေပၚတူဂီရွိ Quinta do Lagofor ေဂါက္အပန္းေျဖစခန္းသို႔သြားေရာက္အနားယူေနခဲ့တာေတြ႕ရပါတယ္။

အဲရစ္တန္ဟက္ကဟယ္ရီမက္ဂြိဳင္းယားအေနျဖင့္ မိသားစုဝင္မ်ားျဖင့္အပန္းေျဖကာစိတ္သစ္လူသစ္ျဖစ္လာေစရန္အတြက္အပန္းေျဖခရီးထြက္ေစခဲ့တာလည္းျဖစ္ေၾကာင္းသိရပါတယ္။

မက္ဂြိဳင္းယားဟာအသင္းေခါင္းေဆာင္ျဖစ္ေပမဲ့လည္းယခုရာသီတြင္အဲရစ္တန္ဟက္ကဗာရန္းႏွင့္မာတီနက္ဇ္အတြဲကိုသာသေဘာက်မႈႏွင့္အတူေနရာေပ်ာက္ေနပါတယ္။