ခေါ်ယူလိုတဲ့ ထိပ်သီးကလပ်မရှိမှုကြောင့် ဇန်နဝါရီတွင်လည်း ယူနိုက်တက်မှာ ဆက်နေရဖို့ ရှိနေတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့ကိုခေါ်ယူလိုတဲ့ထိပ်သီးကလပ်မရှိမှုနှင့်အတူ ရာသီအကုန်အထိမန်ချက်စတာယူနိုက်တက်တွင်ပင်ဆက်ကစားသွားရဖို့ရှိနေပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင်ဟာနွေရာသီတုန်းကအသင်းပြောင်းရေးကြိုးပမ်းခဲ့သူဖြစ်ပြီးလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့တွင်လည်းအသင်းပြောင်းနိုင်ပါသေးတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ယူနိုက်တက်ကစားဖော်များကစူပါစတားမှာဇန်နဝါရီအပြောင်းအရွှေ့တွင်လည်းအသင်းပြောင်းရေးကြိုးပမ်းလာမယ်လို့ယုံကြည်နေပါတယ်။

ဒါပေမဲ့ ESPN ရဲ့ဖော်ပြလာမှုအရလက်ရှိအချိန်တွင်မည်သည့်ဥရောပထိပ်သီးကလပ်ကမျှခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူရေးစိတ်ဝင်စားခြင်းမရှိမှုနှင့်အတူ စာချုပ်သက်တမ်းကုန်ဆုံးမယ့်ရာသီအကုန်အထိအိုးထရက်ဖို့ဒ်မှာကစားသွားရတော့မှာဖြစ်ကြောင်းသိရပါတယ်။

တဖက်တွင်အဲရစ်တန်ဟက်မှာလည်းလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ကစားသမားခေါ်ယူအားဖြည့်ရေးထောက်ပံ့ငွေရရှိလာမှာ မဟုတ်တာကြောင့်ခရစ္စတီယာနိုရော်နယ်ဒိုကိုလက်လွှတ်လိုခြင်းမရှိပါဘူး။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယခုရာသီတွင်ယူနိုက်တက်အတွက်ပရီးမီးယားလိဂ်ပွဲတစ်ပွဲတည်းသာပွဲထွက်ကစားခွင့်ရရှိထားပြီး ပွဲထွက်ခွင့်ပိုမိုရရှိလိုနေပါတယ်။

မကြာသေးမီတုန်းကဂါလာတာစာရေးကခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူရေးအစွမ်းကုန်ကြိုးပမ်းမယ်လို့ပြောကြားခဲ့ပေမဲ့လည်းကာယကံရှင်ဘက်က တူရကီသို့ပြောင်းကစားရန်ဆန္ဒမရှိပါဘူး။

ZawGyi

ေခၚယူလိုတဲ့ ထိပ္သီးကလပ္မရွိမႈေၾကာင့္ ဇန္နဝါရီတြင္လည္း ယူႏိုက္တက္မွာ ဆက္ေနရဖို႔ ရွိေနတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔ကိုေခၚယူလိုတဲ့ထိပ္သီးကလပ္မရွိမႈႏွင့္အတူ ရာသီအကုန္အထိမန္ခ်က္စတာယူႏိုက္တက္တြင္ပင္ဆက္ကစားသြားရဖို႔ရွိေနပါတယ္။

ေပၚတူဂီအသင္းေခါင္းေဆာင္ဟာေႏြရာသီတုန္းကအသင္းေျပာင္းေရးႀကိဳးပမ္းခဲ့သူျဖစ္ၿပီးလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္လည္းအသင္းေျပာင္းႏိုင္ပါေသးတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ယူႏိုက္တက္ကစားေဖာ္မ်ားကစူပါစတားမွာဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္လည္းအသင္းေျပာင္းေရးႀကိဳးပမ္းလာမယ္လို႔ယုံၾကည္ေနပါတယ္။

ဒါေပမဲ့ ESPN ရဲ႕ေဖာ္ျပလာမႈအရလက္ရွိအခ်ိန္တြင္မည္သည့္ဥေရာပထိပ္သီးကလပ္ကမွ်ခရစၥတီယာႏိုေရာ္နယ္ဒိုကိုေခၚယူေရးစိတ္ဝင္စားျခင္းမရွိမႈႏွင့္အတူ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ရာသီအကုန္အထိအိုးထရက္ဖို႔ဒ္မွာကစားသြားရေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

တဖက္တြင္အဲရစ္တန္ဟက္မွာလည္းလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ကစားသမားေခၚယူအားျဖည့္ေရးေထာက္ပံ့ေငြရရွိလာမွာ မဟုတ္တာေၾကာင့္ခရစၥတီယာႏိုေရာ္နယ္ဒိုကိုလက္လႊတ္လိုျခင္းမရွိပါဘူး။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယခုရာသီတြင္ယူႏိုက္တက္အတြက္ပရီးမီးယားလိဂ္ပြဲတစ္ပြဲတည္းသာပြဲထြက္ကစားခြင့္ရရွိထားၿပီး ပြဲထြက္ခြင့္ပိုမိုရရွိလိုေနပါတယ္။

မၾကာေသးမီတုန္းကဂါလာတာစာေရးကခရစၥတီယာႏိုေရာ္နယ္ဒိုကိုေခၚယူေရးအစြမ္းကုန္ႀကိဳးပမ္းမယ္လို႔ေျပာၾကားခဲ့ေပမဲ့လည္းကာယကံရွင္ဘက္က တူရကီသို႔ေျပာင္းကစားရန္ဆႏၵမရွိပါဘူး။