ခံစစ်မှူးဂျူးစ်ခွန်ဒီကို ပေါချောင်ကောင်းနှိုက်လို့ ရမည်မဟုတ်ဟု ချဲလ်ဆီးကို ဆီဗီလာသတိပေး

ဆီဗီလာအသင်းက၎င်းတို့ရဲ့စတားနောက်ခံလူဂျူးစ်ခွန်ဒီကိုဈေးနှုန်းပေါပေါပဲပဲဖြင့်ဝယ်ယူနိုင်လိမ့်မည်မဟုတ်ကြောင်းချဲလ်ဆီးအသင်းကိုသတိပေးလိုက်ပါတယ်။

ဆီဗီလာဥက္ကဌဟိုဆေးကက်စထရိုက၎င်းတို့အသင်းမှာဘဏ္ဍာရေးပြဿနာနှင့်ရင်ဆိုင်နေတယ်လို့မီဒီယာများရဲ့ဖော်ပြမှုကိုငြင်းဆိုလိုက်ပြီးပြင်သစ်နောက်ခံလူအားရောင်းချရန်အတွက်ဖိအားတစ်စုံတစ်ရာမရှိကြောင်းလည်းပြောကြားသွားပါတယ်။

ကက်စထရိုက “ကလပ်ကတစစီပြိုနေပြီဆိုတာလုံးဝအခြေအမြစ်မရှိတဲ့ပြောဆိုမှုတွေပါ။ပြီးခဲ့တဲ့ရာသီတုန်းကတော့အခက်ကြုံခဲ့တယ်။လက်မှတ်မရောင်းရဘဲကစားခဲ့ရတယ်။ဒီပြဿနာကိုခွန်ဒီကိုရောင်းချပြီးဖြေရှင်းလို့ရခဲ့တယ်။ကျွန်တော်တို့ဟာသူ့ကိုမရောင်းဘဲဘဏ္ဍာအင်အားတောင့်ကြောင်းပြသခဲ့တယ်။ယူရိုသန်း၅၀နဲ့ကမ်းလှမ်းမှုကိုလက်ခံမှာမဟုတ်ပါဘူး။ဆီဗီလာကိုကျိုးပျက်နေပြီလို့ပြောနေလို့ကလပ်ကိုဘာမှထိခိုက်လာမှာမဟုတ်ပါဘူး”လို့ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကပြင်သစ်လက်ရွေးစင်နောက်ခံလူအားပေါင်၄၃သန်းဖြင့်ကမ်းလှမ်းခဲ့ပေမယ့်ပယ်ချခြင်းခံခဲ့ရပါတယ်။

ဆီဗီလာဟာခွန်ဒီရဲ့စာချုပ်အတွင်းတွင်သူ့ကိုခေါ်ယူလိုပါကပေါင်၆၈.၅သန်းပေးရမယ်ဆိုတဲ့အချက်ကိုချုပ်ဆိုထားပြီးထိုမျှပမာဏမရရှိပါကလက်လွှတ်မယ့်အခြေအနေမှာမရှိပါဘူး။

လက်ရှိအချိန်တွင်ရီးရဲလ်မက်ဒရစ်ကလည်းခွန်ဒီကိုခေါ်ယူရေးစိတ်ဝင်စားကြောင်းပြသလာရာချဲလ်ဆီးအနေဖြင့်လာမယ့်ဇန်နဝါရီနှင့်နွေရာသီအပြောင်းအရွှေ့တွင်၎င်းကိုခေါ်ယူရေးအပြိုင်ကြိုးပမ်းရဖို့ရှိနေပါတယ်။

ZawGyi

ခံစစ္မႉးဂ်ဴးစ္ခြန္ဒီကို ေပါေခ်ာင္ေကာင္းႏႈိက္လို႔ ရမည္မဟုတ္ဟု ခ်ဲလ္ဆီးကို ဆီဗီလာသတိေပး

ဆီဗီလာအသင္းက၎တို႔ရဲ႕စတားေနာက္ခံလူဂ်ဴးစ္ခြန္ဒီကိုေဈးႏႈန္းေပါေပါပဲပဲျဖင့္ဝယ္ယူႏိုင္လိမ့္မည္မဟုတ္ေၾကာင္းခ်ဲလ္ဆီးအသင္းကိုသတိေပးလိုက္ပါတယ္။

ဆီဗီလာဥကၠဌဟိုေဆးကက္စထ႐ိုက၎တို႔အသင္းမွာဘ႑ာေရးျပႆနာႏွင့္ရင္ဆိုင္ေနတယ္လို႔မီဒီယာမ်ားရဲ႕ေဖာ္ျပမႈကိုျငင္းဆိုလိုက္ၿပီးျပင္သစ္ေနာက္ခံလူအားေရာင္းခ်ရန္အတြက္ဖိအားတစ္စုံတစ္ရာမရွိေၾကာင္းလည္းေျပာၾကားသြားပါတယ္။

ကက္စထ႐ိုက “ကလပ္ကတစစီၿပိဳေနၿပီဆိုတာလုံးဝအေျခအျမစ္မရွိတဲ့ေျပာဆိုမႈေတြပါ။ၿပီးခဲ့တဲ့ရာသီတုန္းကေတာ့အခက္ႀကဳံခဲ့တယ္။လက္မွတ္မေရာင္းရဘဲကစားခဲ့ရတယ္။ဒီျပႆနာကိုခြန္ဒီကိုေရာင္းခ်ၿပီးေျဖရွင္းလို႔ရခဲ့တယ္။ကြၽန္ေတာ္တို႔ဟာသူ႔ကိုမေရာင္းဘဲဘ႑ာအင္အားေတာင့္ေၾကာင္းျပသခဲ့တယ္။ယူ႐ိုသန္း၅၀နဲ႔ကမ္းလွမ္းမႈကိုလက္ခံမွာမဟုတ္ပါဘူး။ဆီဗီလာကိုက်ိဳးပ်က္ေနၿပီလို႔ေျပာေနလို႔ကလပ္ကိုဘာမွထိခိုက္လာမွာမဟုတ္ပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကျပင္သစ္လက္ေ႐ြးစင္ေနာက္ခံလူအားေပါင္၄၃သန္းျဖင့္ကမ္းလွမ္းခဲ့ေပမယ့္ပယ္ခ်ျခင္းခံခဲ့ရပါတယ္။

ဆီဗီလာဟာခြန္ဒီရဲ႕စာခ်ဳပ္အတြင္းတြင္သူ႔ကိုေခၚယူလိုပါကေပါင္၆၈.၅သန္းေပးရမယ္ဆိုတဲ့အခ်က္ကိုခ်ဳပ္ဆိုထားၿပီးထိုမွ်ပမာဏမရရွိပါကလက္လႊတ္မယ့္အေျခအေနမွာမရွိပါဘူး။

လက္ရွိအခ်ိန္တြင္ရီးရဲလ္မက္ဒရစ္ကလည္းခြန္ဒီကိုေခၚယူေရးစိတ္ဝင္စားေၾကာင္းျပသလာရာခ်ဲလ္ဆီးအေနျဖင့္လာမယ့္ဇန္နဝါရီႏွင့္ေႏြရာသီအေျပာင္းအေ႐ႊ႕တြင္၎ကိုေခၚယူေရးအၿပိဳင္ႀကိဳးပမ္းရဖို႔ရွိေနပါတယ္။