ခံစစ်မှူးတစ်ဦးခေါ်ယူရန် မသေချာကြောင်း ဂျာဂင်ကလော့ပ်ဖွင့်ဟ

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ကခံစစ်ကစားသမားများ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရသော်လည်း ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ ခံစစ်မှူးတစ်ဦး ခေါ်ယူရန် မသေချာကြောင်း ဝန်ခံပြောကြားလိုက်ပါ တယ်။

လီဗာပူးရဲ့ဦးစားပေးဗဟိုနောက်ခံလူများဖြစ်ကြတဲ့ဗန်ဒိုက်နှင့်ဂျိုးဂိုမက်ဇ်တို့မှာဒူးဒဏ်ရာကြောင့်ရာသီအကုန်အထိ အနားယူရမည်ဖြစ်ပြီးဂျိုယေးမာတစ်မှာလည်းပေါင်ကြွက်သားဒဏ်ရာကြောင့်အနားယူနေရပါတယ်။

လီဗာပူးဟာကွင်းလယ်ကစားသမားဖာဘင်ဟိုအားခံစစ်တွင်အသုံးပြုနေရသလိုခံစစ်သမားရေးဝီလီယမ်၊နသန်နီရယ်ဖီးလစ်တို့ကိုအားကိုးနေရပါတယ်။

လက်ရှိအချိန်မှာယင်းကစားသမားသုံးဦးလုံးတို့မှာအဓိကခံစစ်ကစားသမားများဒဏ်ရာကြောင့်အနားယူနေစဉ်အ တွင်းအကောင်းဆုံးကစားနေကြပါတယ်။ဒါကြောင့်လည်းလီဗာပူးဟာခံစစ်မှူးတစ်ဦးထပ်မံခေါ်ယူပါကလည်း အဓိကနောက်ခံလူများကောင်းမွန်လာချိန်တွင်ကစားသမားများစွာဖြစ်နေကာလူငယ်ခံစစ်ကစားသမားများအတွက်အခွင့်အရေးနည်းပါးလာမည်ကိုလည်းစိုးရိမ်နေပါတယ်။

ကလော့ပ်က “အသင်းမှာကအဖြေရှိပြီးသားပါ။ဒါပေမယ့်ဒဏ်ရာပြဿနာတွေနဲ့တော့ရုန်းကန်နေရပါတယ်။အဓိက ဖြစ်နေတာကတော့ဗဟိုခံစစ်မှာပါ။ရာသီစကတည်းကအခုအချိန်အထိမဆုံးသေးပါဘူး။ဒီအပြောင်းအရွှေ့မှာဘာဖြစ်မလဲမသိသေးပါဘူး။ခင်ဗျားတို့လည်းသိတဲ့အတိုင်းခက်ခဲတဲ့အပြောင်းအရွှေ့ပါ။ကလပ်တွေမှာငွေမရှိကြပါဘူး။ ကျွန်တော်တို့အနေနဲ့မှန်မှန်ကန်ကန်လုပ်ရပါမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ခံစစ္မႉးတစ္ဦးေခၚယူရန္ မေသခ်ာေၾကာင္း ဂ်ာဂင္ကေလာ့ပ္ဖြင့္ဟ

လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ကခံစစ္ကစားသမားမ်ား ဒဏ္ရာျပႆနာမ်ားႏွင့္ ရင္ဆိုင္ေနရေသာ္လည္း ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ခံစစ္မႉးတစ္ဦး ေခၚယူရန္ မေသခ်ာေၾကာင္း ဝန္ခံေျပာၾကားလိုက္ပါ တယ္။

လီဗာပူးရဲ႕ဦးစားေပးဗဟိုေနာက္ခံလူမ်ားျဖစ္ၾကတဲ့ဗန္ဒိုက္ႏွင့္ဂ်ိဳးဂိုမက္ဇ္တို႔မွာဒူးဒဏ္ရာေၾကာင့္ရာသီအကုန္အထိ အနားယူရမည္ျဖစ္ၿပီးဂ်ိဳေယးမာတစ္မွာလည္းေပါင္ႂကြက္သားဒဏ္ရာေၾကာင့္အနားယူေနရပါတယ္။

လီဗာပူးဟာကြင္းလယ္ကစားသမားဖာဘင္ဟိုအားခံစစ္တြင္အသုံးျပဳေနရသလိုခံစစ္သမားေရးဝီလီယမ္၊နသန္နီရယ္ဖီးလစ္တို႔ကိုအားကိုးေနရပါတယ္။

လက္ရွိအခ်ိန္မွာယင္းကစားသမားသုံးဦးလုံးတို႔မွာအဓိကခံစစ္ကစားသမားမ်ားဒဏ္ရာေၾကာင့္အနားယူေနစဥ္အ တြင္းအေကာင္းဆုံးကစားေနၾကပါတယ္။ဒါေၾကာင့္လည္းလီဗာပူးဟာခံစစ္မႉးတစ္ဦးထပ္မံေခၚယူပါကလည္း အဓိကေနာက္ခံလူမ်ားေကာင္းမြန္လာခ်ိန္တြင္ကစားသမားမ်ားစြာျဖစ္ေနကာလူငယ္ခံစစ္ကစားသမားမ်ားအတြက္အခြင့္အေရးနည္းပါးလာမည္ကိုလည္းစိုးရိမ္ေနပါတယ္။

ကေလာ့ပ္က “အသင္းမွာကအေျဖရွိၿပီးသားပါ။ဒါေပမယ့္ဒဏ္ရာျပႆနာေတြနဲ႔ေတာ့႐ုန္းကန္ေနရပါတယ္။အဓိက ျဖစ္ေနတာကေတာ့ဗဟိုခံစစ္မွာပါ။ရာသီစကတည္းကအခုအခ်ိန္အထိမဆုံးေသးပါဘူး။ဒီအေျပာင္းအေ႐ႊ႕မွာဘာျဖစ္မလဲမသိေသးပါဘူး။ခင္ဗ်ားတို႔လည္းသိတဲ့အတိုင္းခက္ခဲတဲ့အေျပာင္းအေ႐ႊ႕ပါ။ကလပ္ေတြမွာေငြမရွိၾကပါဘူး။ ကြၽန္ေတာ္တို႔အေနနဲ႔မွန္မွန္ကန္ကန္လုပ္ရပါမယ္”လို႔ေျပာၾကားသြားပါတယ္။