ချစ်တင်းနှောမှု၊ဆေးသုံးမှုနှင့်အငြင်းပွားစရာများပါဝင်နေတဲ့ မာရာဒိုနာဘဝဇာတ်ကြောင်းစီးရီး

ဒီယေဂိုမာရာဒိုနာရဲ့အနိမ့်အမြင့်အတက်အကျကိုရိုက်ကူးထားတဲ့စီးရီးထွက်လာပြီဖြစ်ပါတယ်။

Maradona:Blessed Dream ကို Amazon Prime တစ်ခုတည်းတွင်သာကြည့်ရှုနိုင်မှာဖြစ်ပြီးဖြစ်ရပ်မှန်များကိုအခြေခံရိုက်ကူးထားကာဒရမ်မာအတွက်ဖန်တီးမှုတစ်ချို့လည်းထည့်သွင်းထားပါတယ်။

မာရာဒိုနာဇတ်ကြောင်းကိုဟွန်ပါလိုမီနိုကရိုက်ကူးထားတာဖြစ်ပါတယ်။အပိုင်းဆယ်ပိုင်းပါဝင်တဲ့ Maradona:Blessed Dream တွင်ကလော်ဒီယာဗီလာဖိန်းနှင့်လက်ထပ်မှု၊ချစ်တင်းနှောခန်းများပါဝင်တဲ့အပြင်ဝမ်းနည်းကြေကွဲဖွယ်ရာများလည်းပါဝင်ပါတယ်။ဒါ့အပြင်မာရာဒိုနာရဲ့မူးယစ်ဆေးသုံးစွဲမှုနဲ့ဆေးဖြတ်ရန်ကြိုးပမ်းမှုတို့လည်းပါဝင်ပါတယ်။

ယင်းဇာတ်လမ်းတွဲကိုအသက်၄၀နှစ်ရှိမာရာဒိုနာရဲ့၂၀၀၀ခုနှစ်တုန်းကဆေးသုံးလွန်ပြီးလဲကျမှုဖြင့်စတင်ထားပါတယ်။ပထမစီးရီးတွင်အာဂျင်တီးနားပထမတန်းလိဂ်ရဲ့အသက်အငယ်ဆုံးကစားသမားဖြစ်လာပြီးနောက်အသက်၁၅နှစ်အရွယ်ရှိမာရာဒိုနာဟာမိသားစုနဲ့အတူအလယ်အလတ်တန်းအိမ်သို့ပြောင်းရွှေ့နေထိုင်မှုလည်းပါဝင်ပါတယ်။

Maradona:Blessed Dream ကို အာဂျင်တီးနားရှိ Canal 9 တွင်ပြသနေပါတယ်။

ယင်းစီးရီးကိုနိုင်ငံငါးနိုင်ငံမှနေရာပေါင်းတစ်ရာကျော်တို့တွင်၁၀လအတွင်း၁၅၄ရက်ကြာအချိန်ယူရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။

Prime တွင်ပြသလာပြီးနောက်နိုင်ငံပေါင်း၂၄၀နိုင်ငံတွင်ကြည့်ရှုလာနိုင်ပြီးအမြည်းဗီဒီယိုကိုကြည့်ရှုသူ၁၄သန်းရှိပါတယ်။

ZawGyi

ခ်စ္တင္းေႏွာမႈ၊ေဆးသုံးမႈႏွင့္အျငင္းပြားစရာမ်ားပါဝင္ေနတဲ့ မာရာဒိုနာဘဝဇာတ္ေၾကာင္းစီးရီး

ဒီေယဂိုမာရာဒိုနာရဲ႕အနိမ့္အျမင့္အတက္အက်ကို႐ိုက္ကူးထားတဲ့စီးရီးထြက္လာၿပီျဖစ္ပါတယ္။

Maradona:Blessed Dream ကို Amazon Prime တစ္ခုတည္းတြင္သာၾကည့္ရႈႏိုင္မွာျဖစ္ၿပီးျဖစ္ရပ္မွန္မ်ားကိုအေျခခံ႐ိုက္ကူးထားကာဒရမ္မာအတြက္ဖန္တီးမႈတစ္ခ်ိဳ႕လည္းထည့္သြင္းထားပါတယ္။

မာရာဒိုနာဇတ္ေၾကာင္းကိုဟြန္ပါလိုမီႏိုက႐ိုက္ကူးထားတာျဖစ္ပါတယ္။အပိုင္းဆယ္ပိုင္းပါဝင္တဲ့ Maradona:Blessed Dream တြင္ကေလာ္ဒီယာဗီလာဖိန္းႏွင့္လက္ထပ္မႈ၊ခ်စ္တင္းေႏွာခန္းမ်ားပါဝင္တဲ့အျပင္ဝမ္းနည္းေၾကကြဲဖြယ္ရာမ်ားလည္းပါဝင္ပါတယ္။ဒါ့အျပင္မာရာဒိုနာရဲ႕မူးယစ္ေဆးသုံးစြဲမႈနဲ႔ေဆးျဖတ္ရန္ႀကိဳးပမ္းမႈတို႔လည္းပါဝင္ပါတယ္။

ယင္းဇာတ္လမ္းတြဲကိုအသက္၄၀ႏွစ္ရွိမာရာဒိုနာရဲ႕၂၀၀၀ခုႏွစ္တုန္းကေဆးသုံးလြန္ၿပီးလဲက်မႈျဖင့္စတင္ထားပါတယ္။ပထမစီးရီးတြင္အာဂ်င္တီးနားပထမတန္းလိဂ္ရဲ႕အသက္အငယ္ဆုံးကစားသမားျဖစ္လာၿပီးေနာက္အသက္၁၅ႏွစ္အ႐ြယ္ရွိမာရာဒိုနာဟာမိသားစုနဲ႔အတူအလယ္အလတ္တန္းအိမ္သို႔ေျပာင္းေ႐ႊ႕ေနထိုင္မႈလည္းပါဝင္ပါတယ္။

Maradona:Blessed Dream ကို အာဂ်င္တီးနားရွိ Canal 9 တြင္ျပသေနပါတယ္။

ယင္းစီးရီးကိုႏိုင္ငံငါးႏိုင္ငံမွေနရာေပါင္းတစ္ရာေက်ာ္တို႔တြင္၁၀လအတြင္း၁၅၄ရက္ၾကာအခ်ိန္ယူ႐ိုက္ကူးထားခဲ့တာျဖစ္ပါတယ္။

Prime တြင္ျပသလာၿပီးေနာက္ႏိုင္ငံေပါင္း၂၄၀ႏိုင္ငံတြင္ၾကည့္ရႈလာႏိုင္ၿပီးအျမည္းဗီဒီယိုကိုၾကည့္ရႈသူ၁၄သန္းရွိပါတယ္။